ယောကျာ်းမရှိဘဲတိတ်တိတ်ပုန်းကလေးမွေးတယ်ဆိုပြီးပြောတဲ့သူတွေကိုပြန်လည်ဖြေရှင်းလိုက်တဲ့သရုပ်ဆောင်အေဏီဇော်

ယောကျာ်းမရှိဘဲတိတ်တိတ်ပုန်းကလေးမွေးတယ်ဆိုပြီးပြောတဲ့သူတွေကိုပြန်လည်ဖြေရှင်းလိုက်တဲ့သရုပ်ဆောင်အေဏီဇော်

ဇာတ်ပို့သရုပ်ဆောင်အေဏီဇော်ဟာဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်းပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်းဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်အနုပညာလောကထဲမှရပ်တည်နေဆဲဖြစ်ပါတယ်နော်။

သရုပ်ဆောင်အေဏီဇော်ကတော့ယောကျာ်းမရှိပဲကလေးတစ်ယောက်တိတ်တိတ်ပုန်းမွေးခဲ့တယ်လို့ စွပ်စွဲကြသူတွေကိုအခုလိုပဲပြန်လည်ဖြေရှင်းလိုက်ပါတယ်။လင်မယားခြင်းအကြောင်းမတိုက်ဆိုင်လို့ ကလေးငယ်ငယ်ကတည်းကကွဲထားတာပါ။

ကလေးက ၁၃ နှစ်ရှိပါပြီ၊မိန်းကလေးပါ။အချို့တွေကကလေးရှိတာမသိဘူးလေ၊သမီးနဲ့လဲမျက်နှာချင်းသိပ်မတူဖူး ၊သမီးလေးကတရုတ်မျက်နှာပေါက်လေးပါ။၂၀၀၆ ခုနှစ်မှာလက်ထပ်ခဲ့ပြီးအချိန်ခဏလေးနဲ့ကွဲခဲ့တာ။ယူပြီးပြီးချင်းကွဲခဲ့တာလို့လဲပြောလို့ရပါတယ်။

၂၀၀၈ မှာကလေးမွေးခဲ့ပြီး မိဘတွေကပဲသူတို့သားအမိကိုစောက်ရှောက်ခဲ့တာပါ။ M3 မှာတရားဝင် မင်္ဂလာဆောင်ပြီးယူထားခဲ့တာပါ။ Single Mother ဖြစ်ပေမယ့်စိတ်မအားငယ်ပါဘူး။အချို့တွေက အတင်းပြောကြတယ်။တိတ်တိတ်ပုန်းယူထားကြတယ်ဆိုပြီး၊

အသိမိတ်ဆွေတွေကတော့ အကုန်လုံးဖြစ်ကြောင်းကုန်စင်ကို အားလုံးသိကြပါတယ်။လင်မယားချင်း အဆင်မပြေကြတာကိုအတင်းကြိတ်မှတ်မျိုသိပ်ပြီးရှေ့မဆက်ချင်တော့လို့၊ ပြီးတော့ကလေးကိုစိတ်ဒဏ်ရာမရစေချင်လို့လမ်းခွဲလိုက်တာပါ။

လက်ရှိဖြစ်တည်နေတဲ့ ဘဝကိုပဲပျော်တယ်၊အားမငယ်ပါဘူး။ကလေးကိုချုပ်ချယ်ထားတာတော့မရှိဖူး အနည်းငယ်တော့အလိုလိုက်ပေးပါတယ်။ ကလေးကမိန်းကလေးဖြစ်တဲ့အတွက်ပြီးတော့ကလေးရှေ့ရေးအတွက်နောက်အိမ်ထောင်ပြုဖို့ မရှိတော့ပါဘူး။

အခုထိအားပေးတဲ့ပရိသတ်ကြီးကိုလဲကျေးဇူးတင်ပါတယ်၊ ၂၀၂၂ မှာလဲ စိတ်၏ကျန်းမာခြင်းကိုယ်ရဲ့ကျန်းမာခြင်းတို့ ပြည့်စုံကြပါစေ။ကပ်ကြီးသုံးပါးမှကင်းဝေးကြပါစေလို့ ဆုတောင်းပေးထားပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *