မိုးဇလစုစုစံ၏ မုန်တိုင်းသတိပေးချက်

မိုးဇလစုစုစံ၏ မုန်တိုင်းသတိပေးချက်

လာမည့် မတ်လ၂၁ရက်နေ့မှ၂၅ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်ရခိုင်ကမ်းရိုးတန်းအနီးဖြစ်ပေါ်မယ့်91B (or) Asani cyclone ရခိုင်ပြည်နယ်ကိုဝင်ရောက်နိုင်ပြီးအဆိုပါမုန်းတိုင်းမှ မြန်မာနိုင်ငံအနှံအပြားမိုးရွာနိုင်ပါတယ်။

၂၀၂၂ ခုနှစ်ရာသီပထမဦးဆုံးမုန်တိုင်း အာစနီ(Asani cyclone) မြန်မာနိုင်ငံကိုဝင်ရောက်နိုင်ပြီး မတ်လ ၂၁ရက်နေ့မှ ၂၄ရက်နေ့အတွင်းရခိုင်ကမ်းရိုးတန်းတလျှောက်ကမ်းအနီးမှာဖြတ်သန်းမှာဖြစ်လို့ ဧရာဝတီတိုင်းအနောက်ပိုင်းနှင့်

ရခိုင်ပြည်နယ်အနီရောင်အဝန်းအတွင်းကျရောက်သောနေရာများမုန်တိုင်းအန္တရာယ်ရှိပါတယ်။မတ်လ ၂၁ရက်နေ့မှ ၂၄ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်းတလျှောက် လှေသင်္ဘောများမသွားကြပါနဲ့။ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်းမလုပ်ကြပါနဲ့။အလွန်အန္တရာယ်ရှိပါတယ်။

91B Tropical cyclone မတ်လ ၂၁ရက်နေ့တွင်ကိုကိုကျွန်းအနီး TC မုန်တိုင်းအဆင့်ဖြစ်လာနိုင်ပြီး ညာခြမ်းကပ္ပလီပင်လယ်ပြင် တနင်္သာရီတိုင်းမုတ္တမပင်လယ်ကွေ့ မွန်ပြည်နယ် နှင့်တနင်္သါရီကမ်းရိုးတန်းတလျှောက်မိုးကြီးနိုင်ပါတယ်ဆိုပြီး စုစုစံမှခန့်မှန်းပေးထားတာပဲဖြစ်ပါတယ်။

ယနေ့ညနေအထိခန့်မှန်းချက်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒဦးဌာနမှလည်းခန့်မှန်းပေးထားပါတယ်။

ဂျပန်ငလျင် နောက်ဆက်တွဲဆူနာမီ သတိ​ပေးချက်များထုတ်ပြန်(Zawgyi)

ဂျပန်နိုင်ငံမြောက်ပိုင်း ဖူကူရှီးမားကမ်းရိုးတန်းတွင် ရစ်ခ်ျတာစကေး ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု ဗုဒ္ဓဟူးနေ့ညနေပိုင်းကလှုပ်ခတ်ခဲ့သည်။ထိုဒေသသည်လွန်ခဲ့သည့် ၁၁ နှစ်ကလူအသေအပျောက် 9.0 ငလျင်နှင့်

ဆူနာမီကြောင့် ပျက်စီးခဲ့သည့် နျူကလီးယားစက်ရုံများ အရည်ပျော်ကျမှုလည်း ဖြစ်ပွားခဲ့​သေးသည်။ဂျပန်မိုးလေဝသအေဂျင်စီကည ၁၁ နာရီ ၃၆ မိနစ်တွင် ပင်လယ်အောက် ကီလိုမီတာ ၆၀ (၃၆ မိုင်) အနက်မှာလှုပ်ခတ်ခဲ့ကြောင်း ကြေငြာထားသည်။

မီယာဂီနှင့်ဖူကူရှီးမားနေရာများတွင်ပင်လယ်ရေလှိုင်းအမြင့် ၁ မီတာ(၃ ပေ) အထိလှိုင်းကြီးနိုင်ကြောင်း အေဂျင်စီကထုတ်ပြန်ခဲ့သည်။ဆူနာမီသည်အချို့နေရာများသို့ ရောက်ရှိနေပြီဟု NHK ရုပ်သံက ပြောသည်။

ဖူကူရှီးမားမြို့ တောင်ဘက်ပိုင်းရှိ ဟီယာကုရီခရိုင်ရှိဟေယာကုရီအခြေစိုက်စခန်းမှတိုက်လေယာဉ်များ စေလွှတ်ကာသတင်းအချက်အလက်စုဆောင်း​နေသည်။ငလျင်လှုပ်ခတ်မှုကြောင့် TEPCO မှ ဝန်ဆောင်မှုပေးနေသည့်တိုကျိုဒေသတွင်အိမ်ခြေ ၂ သန်းကျော်

လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း utility မှ ၎င်း၏၀က်ဘ်ဆိုဒ်တွင်ပြောကြားခဲ့သည်။ငလျင်သည်တိုကျိုအပါအဝင်ဂျပန်နိုင်ငံ အရှေ့ပိုင်း ​နေရာအ​တော်များများ လှုပ်ခါခဲ့ပြီး အဆောက်အဦများ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။

Ref:abc News

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *