တိုင်းနဲ့ပြည်နည်၆ခုတွင်မတ်လဒုတိယ၁၀ရက်ပတ်အတွင်းအမြင့်ဆုံးအပူချိန်ထိထပ်တိုးမည်

တိုင်းနဲ့ပြည်နည်၆ခုတွင်မတ်လဒုတိယ၁၀ရက်ပတ်အတွင်းအမြင့်ဆုံးအပူချိန်ထိထပ်တိုးမည်

ယခုမတ်လဒုတိယ(၁၀)ရက်ပတ်အတွင်း တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မတ်လအပူချိန်ထက်ပိုပူနိုင်ပြီး ရန်ကုန်မှာပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီစင်တီဂရိတ်အထိအပူချိန်ထပ်တိုးလာတယ်လို့ မိုး/ဇလက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၁၃ ရက်နေ့ကနေ့အပူချိန်များမှကချင်ပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူချိန်ထက်(၆)ဒီဂရီစင်တီဂရိတ်၊နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့တွင်

မတ်လ၏ပျမ်းမျှအပူချိန်တို့ထက်(၃)ဒီဂရီစင်တီဂရိတ်မှ(၄)ဒီဂရီစင်တီဂရိတ်အထိနှင့်ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် မတ်လ၏ပျမ်းမျှအပူချိန်တို့ထက်(၂)ဒီဂရီစင်တီဂရိတ်အထိအပူချိန်တိုးခဲ့တယ်လို့ဖော်ပြထားပါတယ်။

အဆိုပါမတ်လဒုတိယ(၁၀)ရက်ပတ်အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်မတ်လပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီ စင်တီဂရိတ်နှင့်အထက်ပိုပူနိုင်ပြီး၊

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လပျမ်းမျှအပူချိန်ခန့်ရှိနိုင်တယ်လို့ဆိုပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *