မီးပျက်ချိန်များ၍ မီးပွိုင့်များအား ဆိုလာစနစ်နဲ့စတင်အသုံးပြု

မီးပျက်ချိန်များ၍ မီးပွိုင့်များအား ဆိုလာစနစ်နဲ့စတင်အသုံးပြု

ရန်ကုန်မြို့လမ်းမတော်မြို့နယ်ပြည်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ဘုန်းကြီးလမ်းစံပြမှတ်တိုင်အနီးယာဉ်ထိန်းရဲကင်းရုံးအနီးထားရှိသောမီးပွိုင့်များတွင် solar power backup system များဖြင့် စတင်အသုံးပြုနေပြီဖြစ်သည်။

အဆိုပါစနစ်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)ကတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။solar power backup system တွင် ဝပ်၂၁၀ဆိုလာ၂ချပ်၊ဝပ်၈၅၀ Hybrid UPS၊150 AH ဘက်ထရီအိုးအခြောက်များကိုအသုံးပြုထားပြီး

မီးလာသည့်အခါ အားသွင်းနေမည်ဖြစ်ကာ မီးပျက်သွားလျှင်ဆိုလာပြားမှတဆင့်အားဝင်ပြီးမီးပွိုင့်အလုပ်လုပ်နေမည်ဖြစ်၍ယာဉ်ကြောကျပ်တည်းမှုကိုကာကွယ်ပေးနိုင်မည်ဖြစ်သည်။ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကအဆိုပါ solar power backup systemများအား

အဓိကလမ်းမကြီးများဆုံရာမီးပွိုင့်များတွင်ဆက်လက်တပ်ဆင်ရန်ရှိနေသည်။ရန်ကုန်တွင် မီးပျက်ချိန်တိုင်းမီးပွိုင့်အများစု အလုပ်မလုပ်တော့၍ ယာဉ်ကြောကျပ်တည်းသွားမှုများဖြစ်ပေါ်ကြသည်။

မီးပျက်ချိန်များ၍ မီးပွိုင့်များအား ဆိုလာစနစ်နဲ့စတင်အသုံးပြု(Zawgyi)





Facebook Comments Box