မြဝတီ−ကော့ကရိတ်အာရှလမ်းပိုင်းခေတ္တခဏပိတ်ထားမည်

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ ယနေ့မှစပြီး ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့် ၃ရက်ပိတ်မှာ ဖြစ်တယ်လို့ လမ်းတံတားဌာနက သိရပါတယ်။ပြီးခဲ့တဲ့ မတ်လ၁၁ရက်နေ့က မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း




မိုင်တိုင်အမှတ် ၁၃၅ နဲ့ ၁၃၆ ကြား တောနော်ရေတံခွန်အနီးရှိ တံတားကြီး မိုင်းခွဲဖျက်စီးခံခဲ့ရတဲ့အတွက် တံတားတိုင်အချို့ပျက်စီးခဲ့တယ်လို့ သိရပါတယ်။အဆိုပါတံတားတိုင်တွေကို ပြုပြင်ဖို့အတွက်ကုန်တင်ကားကြီးတွေ ဖြတ်သန်းသွားလာခွင့်ကို
မတ်လ ၁၄ရက်မှ ၁၆ ရက်နေ့အထိခေတ္တပိတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအဆိုပါလမ်းပိုင်းမှာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့




နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အပြင် ခရီးသည်တင်မှန်လုံယာဉ်နဲ့ ကုန်တင်ယာဉ်တွေ မီးရှို့ခံခဲ့ရတဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
ျမဝတီ−ေကာ့ကရိတ္အာရွလမ္းပိုင္းေခတၱခဏပိတ္ထားမည္

ကရင္ျပည္နယ္ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းပိုင္းမွာ ယေန႔မွစၿပီး ကုန္တင္ယာဥ္ေတြကို ျဖတ္သန္းခြင့္ ၃ရက္ပိတ္မွာ ျဖစ္တယ္လို႔ လမ္းတံတားဌာနက သိရပါတယ္။ၿပီးခဲ့တဲ့ မတ္လ၁၁ရက္ေန႔က ျမဝတီ-ေကာ့ကရိတ္အာရွလမ္းပိုင္း
မိုင္တိုင္အမွတ္ ၁၃၅ နဲ႔ ၁၃၆ ၾကား ေတာေနာ္ေရတံခြန္အနီးရွိ တံတားႀကီး မိုင္းခြဲဖ်က္စီးခံခဲ့ရတဲ့အတြက္ တံတားတိုင္အခ်ိဳ႕ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။အဆိုပါတံတားတိုင္ေတြကို ျပဳျပင္ဖို႔အတြက္ကုန္တင္ကားႀကီးေတြ ျဖတ္သန္းသြားလာခြင့္ကို
မတ္လ ၁၄ရက္မွ ၁၆ ရက္ေန႔အထိေခတၱပိတ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကအဆိုပါလမ္းပိုင္းမွာစစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA)၊ ျပည္သူ႔ကာကြယ္ေရးတပ္ (PDF) ပူးေပါင္းတပ္တို႔
ႏွစ္ဖက္တိုက္ပြဲေတြ ျဖစ္ပြားခဲ့တဲ့အျပင္ ခရီးသည္တင္မွန္လုံယာဥ္နဲ႔ ကုန္တင္ယာဥ္ေတြ မီးရႈိ႕ခံခဲ့ရတဲ့ျဖစ္စဥ္ေတြလည္း ျဖစ္ပြားခဲ့ပါေသးတယ္။