လျှပ်စစ်မီးမလာလို့ပူအိုက်နေရင် မီးမရှိလည်းဖွင့်လို့ရမယ့် အဲယားကွန်းလုပ်နည်း

လျှပ်စစ်မီးကမလာ ရာသီဥတုကပူအိုက်လို့စိတ်ညစ်နေပြီလား? မီးမရှိလည်း ဖွင့်လို့ရမယ့် air con လုပ်နည်းလေးမျှဝေးပေးလိုက်ပါတယ်။သုံးစွဲပြီးသားပလပ်စတစ်ဘူးခွံတွေကို ဘာတွေလုပ်လို့ရလဲ?




ပန်းအိုး၊ရေသန့်ဘူး လေအေးပေးစက်၊ကမ္ဘာ့ရာသီဥတုကလည်း ပိုမိုပူနွေးလာတာနဲ့အမျှ လူသားတွေက လျှပ်စစ်စွမ်းအင်ကိုအသုံးပြုပြီး ပန်ကာတွေ၊ လေအေးပေးစက်တွေကိုသုံးစွဲလာလာကြပါတယ်။ဒါပေမဲ့ ဓာတ်အားမလိုပဲအဲကွန်းဖွင့်နိုင်မယ်ဆိုရင်ရော…




ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Ashis Paul က Eco-Cooler လို့ခေါ်တဲ့ ပလက်စတစ်ဘူးခွံမှာနဲ့ လေအေးပေးစက်ကို တီထွင်ခဲ့ပါတယ်။သူဟာ ဒီအကြံကို Physics ဆရာက သူ့သမီးကိုဓာတ်ငွေ့များလာတာနဲ့အေးတဲ့အကြောင်းကိုရှင်းပြနေတဲ့အချိန်မှာကြားပြီးရရှိခဲ့တာဖြစ်ပါတယ်။




Eco-Cooler ကိုဘယ်လိုလုပ်ရတာလဲပလက်စတစ်ဘူးခွံတစ်ဝက်ကိုဖြတ်ပြီး အပေါက်ဖောက်ထားတဲ့ ဘုတ်ပြားပေါ် မှာစွပ်ပြီးကပ်ထားရပါမယ်။ပြီးတော့ ဘုတ်ပြားကိုပြတင်းပေါက်မှာတပ်ထားရပါမယ်။အပေါက်သေးတဲ့ဘူးအဖုံးဘက်ခြမ်းကိုတော့အိမ်ထဲမှာထားရပါမယ်။




ကျယ်တဲ့ဘက်ခြမ်းကိုအပြင်မှာထားရပါမယ်။တကယ်ရောအေးရဲ့လားဘယ်လိုအလုပ်လုပ်တာလဲကျယ်တဲ့ဘက်ကလာတဲ့လေကအပေါက်သေးတဲ့ဘက်ကလေထွက်လာတဲ့အခါ ဖိအားပြောင်းလဲခြင်းကြောင့် အေးတဲ့လေကိုပြန်ထွက်ပါတယ်။
ဥပမာ – လက်ကို ပါးစပ်ဟပြီး လေမှုတ်ထုတ်လိုက်ရင် လေကနွေးနေပါတယ်။ဒါပေမဲ့ နှုတ်ခမ်းကိုအပေါက်သေးသေးလေးလုပ်ပြီး လေမှုတ်ထုတ်လိုက်တဲ့အခါမှတော့အေးတဲ့လေကိုရပါတယ်။ အဲ့ဒီသဘောမျိုးပါပဲ။Eco-Cooler က 5 degree Celsius လောက်ကိုလျော့ချပေးနိုင်ပါတယ်။




ဒီလိုမျိုး မီတာခလည်းပေးစရာမလို၊အလွယ်တကူလည်းရနိုင်တဲ့သုံးပြီးသားပလက်စတစ်ဘူးခွံတွေကို DIY Eco-Cooler လေးပြုလုပ်ပြီးပတ်ဝန်းကျင်ကိုကာကွယ်နိုင်ကြောင်း Ecoromance Team မှ အကြံပေးလိုက်ပါတယ်။
လွ်ပ္စစ္မီးမလာလို႔ပူအိုက္ေနရင္ မီးရွိလည္းဖြင့္လို႔ရမယ့္ အဲယားကြန္းလုပ္နည္း

လွ်ပ္စစ္မီးကမလာ ရာသီဥတုကပူအိုက္လို႔စိတ္ညစ္ေနၿပီလား? မီးမရွိလည္း ဖြင့္လို႔ရမယ့္ air con လုပ္နည္းေလးမွ်ေဝးေပးလိုက္ပါတယ္။သုံးစြဲၿပီးသားပလပ္စတစ္ဘူးခြံေတြကို ဘာေတြလုပ္လို႔ရလဲ?
ပန္းအိုး၊ေရသန႔္ဘူး ေလေအးေပးစက္၊ကမာၻ႔ရာသီဥတုကလည္း ပိုမိုပူေႏြးလာတာနဲ႔အမွ် လူသားေတြက လွ်ပ္စစ္စြမ္းအင္ကိုအသုံးျပဳၿပီး ပန္ကာေတြ၊ ေလေအးေပးစက္ေတြကိုသုံးစြဲလာလာၾကပါတယ္။ဒါေပမဲ့ ဓာတ္အားမလိုပဲအဲကြန္းဖြင့္ႏိုင္မယ္ဆိုရင္ေရာ…

ဘဂၤလားေဒ့ရွ္ႏိုင္ငံသား Ashis Paul က Eco-Cooler လို႔ေခၚတဲ့ ပလက္စတစ္ဘူးခြံမွာနဲ႔ ေလေအးေပးစက္ကို တီထြင္ခဲ့ပါတယ္။သူဟာ ဒီအႀကံကို Physics ဆရာက သူ႔သမီးကိုဓာတ္ေငြ႕မ်ားလာတာနဲ႔ေအးတဲ့အေၾကာင္းကိုရွင္းျပေနတဲ့အခ်ိန္မွာၾကားၿပီးရရွိခဲ့တာျဖစ္ပါတယ္။
Eco-Cooler ကိုဘယ္လိုလုပ္ရတာလဲပလက္စတစ္ဘူးခြံတစ္ဝက္ကိုျဖတ္ၿပီး အေပါက္ေဖာက္ထားတဲ့ ဘုတ္ျပားေပၚ မွာစြပ္ၿပီးကပ္ထားရပါမယ္။ၿပီးေတာ့ ဘုတ္ျပားကိုျပတင္းေပါက္မွာတပ္ထားရပါမယ္။အေပါက္ေသးတဲ့ဘူးအဖုံးဘက္ျခမ္းကိုေတာ့အိမ္ထဲမွာထားရပါမယ္။

က်ယ္တဲ့ဘက္ျခမ္းကိုအျပင္မွာထားရပါမယ္။တကယ္ေရာေအးရဲ႕လားဘယ္လိုအလုပ္လုပ္တာလဲက်ယ္တဲ့ဘက္ကလာတဲ့ေလကအေပါက္ေသးတဲ့ဘက္ကေလထြက္လာတဲ့အခါ ဖိအားေျပာင္းလဲျခင္းေၾကာင့္ ေအးတဲ့ေလကိုျပန္ထြက္ပါတယ္။
ဥပမာ – လက္ကို ပါးစပ္ဟၿပီး ေလမႈတ္ထုတ္လိုက္ရင္ ေလကေႏြးေနပါတယ္။ဒါေပမဲ့ ႏႈတ္ခမ္းကိုအေပါက္ေသးေသးေလးလုပ္ၿပီး ေလမႈတ္ထုတ္လိုက္တဲ့အခါမွေတာ့ေအးတဲ့ေလကိုရပါတယ္။ အဲ့ဒီသေဘာမ်ိဳးပါပဲ။Eco-Cooler က 5 degree Celsius ေလာက္ကိုေလ်ာ့ခ်ေပးႏိုင္ပါတယ္။

ဒီလိုမ်ိဳး မီတာခလည္းေပးစရာမလို၊အလြယ္တကူလည္းရႏိုင္တဲ့သုံးၿပီးသားပလက္စတစ္ဘူးခြံေတြကို DIY Eco-Cooler ေလးျပဳလုပ္ၿပီးပတ္ဝန္းက်င္ကိုကာကြယ္ႏိုင္ေၾကာင္း Ecoromance Team မွ အႀကံေပးလိုက္ပါတယ္။
ခရက္ဒစ္