အဆမတန်မြင့်တက်နေတဲ့စက်သုံးဆီစျေးနှုန်းများကြောင့် အဝေးပြေးယာဥ်လိုင်းများရပ်နား

အဆမတန်မြင့်တက်နေတဲ့စက်သုံးဆီစျေးနှုန်းများကြောင့် အဝေးပြေးယာဥ်လိုင်းများရပ်နား

မြန်မာပြည်တွင်းမှာစက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် အဝေးပြေးယာဉ်လိုင်းတွေဟာယာဉ်လိုင်းပြေးဆွဲမှု ၈၀ ရာခိုင်နှုန်းထက်မနည်းရပ်နားလာကြတယ်လို့ယာဉ်လိုင်းပိုင်ရှင်တွေကပြောပါတယ်။

စက်သုံးဆီးဈေးနှုန်းဆက်တိုက်မြင့်တက်တာ၊ခရီးသည်ရရှိမှု နည်းပါးလာတဲ့အတွက်ကြောင့် နိုင်ငံတဝန်းမှာပြေးဆွဲနေတဲ့အဝေးပြေးယာဉ်လိုင်းတွေဟာဆက်လက်ရပ်တည်ဖို့ အခက်အခဲမျိုးစုံရင်ဆိုင်နေရတာပါ။

အဝေးပြေးယာဉ်းလိုင်းတွေဟာ အခုလအတွင်း စက်သုံးဆီးဈေးနှုန်းတစ်လီတာကိုကျပ် ၂၃၀၀ ကျော်ထိ ထပ်မံ မြင့်တက်လာတဲ့အတွက်ကြောင့်ယာဉ်းလိုင်းပြေးဆွဲမှုရပ်နားကြတာပါ။လက်ရှိမှာတော့အဝေးပြေးယာဉ်လိုင်းတွေမှာကား ၁၀ စီးရှိရင် ၂ စီးလောက်သာပြေးဆွဲတော့တယ်လို့ယာဉ်လိုင်းပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် အဝေးပြေးယာဉ်လိုင်းတွေဟာတစ်နှစ်ကျော်ကာလအတွင်းမှာခရီးသည်နဲ့ကုန်ပစ္စည်းရရှိမှုသိသိသာသာကျဆင်းလာတဲ့အတွက်ကြောင့်အရှုံးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။တဖက်မှာတော့ အဝေးပြေးယာဉ်လိုင်းတွေဟာစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေမှာအဆမတန်ငွေကြေးတောင်းယူတာတွေခံနေရပါတယ်။

ဒါကြောင့်ဒီအခြေအနေအတိုင်းသာဆက်လက်ရင်ဆိုင်နေရမယ်ဆိုရင်မကြာမီကာလအတွင်းယာဉ်လိုင်းအများစုအပြီးပိုင်ပိတ်သိမ်းရဖို့ရှိနေသလိုသယ်ယူပို့ဆောင်ရေး စနစ်ပြိုလဲနိုင်တယ်လို့ယာဉ်လိုင်းပိုင်ရှင်တွေကဆိုကြပါတယ်။

အဝေးပြေးယာဉ်လိုင်း အများစုပြေးဆွဲမှုရပ်နားလာတဲ့အတွက်ကြောင့်အဲဒီလုပ်ငန်းတွေအပေါ် မှီခိုလုပ်ကိုင်နေတဲ့အလုပ်သမားထောင်နဲ့ချီပြီးမိသားစုစားဝတ်နေရေးအခက်အခဲကိုအကြီးအကျယ်ရင်ဆိုင်နေရပါတယ်။

မြန်မာနိုင်ငံမှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးကို ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်း ရာနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *