လျှပ်စစ်မီးလာချိန်နည်းပြီးပြတ်တောက်ချိန်များနေ၍ သောက်သုံးရေများပြတ်လပ်မှုဖြစ်ပေါ်နေ

လျှပ်စစ်မီးလာချိန်နည်းပြီးပြတ်တောက်ချိန်များနေ၍ သောက်သုံးရေများပြတ်လပ်မှုဖြစ်ပေါ်နေ

လျှပ်စစ်မီးပြတ်တောက်ချိန်များနေ၍သောက်သုံးရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့်လူမှုကူညီရေးအသင်းများမှ သောက်သုံးရေများလိုက်လံဖြန့်ဝေပေးရလျက်ရှိသည်ဟုလူမှုကူညီရေးအသင်းများမှသိရသည်။

လျှပ်စစ်မီးပြတ်တောက်ချိန်များနေသဖြင့်လျှပ်စစ်မီးလာသည့်အချိန်အားစောင့်၍ ရေတင်ရခြင်းများပြုလုပ်ရသော်လည်းလျှပ်စစ်မီးအားလျော့နည်းမှုများလည်း ရှိနေသဖြင့်ထိုက်သင့်သည့်ရေရရှိမှုမရှိခြင်းများလည်းဖြစ်ပေါ်နေသည်ဟုသိရသည်။

“မီးလာတဲ့အချိန်ကိုစောင့်ပြီး ရေတင်ရတာပဲဒါပေမယ့် မီးလာတဲ့အချိန်ကိုကျွန်တော်တို့လိုပဲ မြို့နယ်အနှံ့မှာစောင့်နေကြတဲ့လူတွေရှိတော့မီးအားမပြည့်တာတွေရှိတယ်အဲဒီတော့ရေတင်တဲ့အခါ မီးအားနည်းတော့ရေရတာလည်းနည်းတာပေါ့နောက်ပြီး မီးကလည်းခနတဖြုတ်ပဲလာပြီးရင်အကြာကြီးပြန်ပျက်ဆိုတော့ ဘာမှလုပ်လို့မရတော့ဘူးပေါ့”ဟု

ကမာရွတ်မြို့နယ်နေ ကိုဝေလင်းဦးကပြောသည်။မြို့နယ်အများစု၌ လျှပ်စစ်မီးပြတ်တောက်ချိန်များနေသဖြင့် သောက်သုံးရေပြတ်လပ်မှုများရှိနေသည့် မြို့နယ်များအနက် လှိုင်သာယာမြို့နယ်ရှိ မိုးကုတ်ဝိပဿနာစာသင်တိုက်၊ဗိုလ်တထောင်မြို့နယ်ရှိ သံလျက်စွန်းဝန်းအိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်၊

ငမိုးရိပ် ၉ လမ်း၊ ၇ လမ်းနှင့်တောင်ဥက္ကလာပမြို့နယ်များသို့ ရှင်သန်ရေးကူညီမှုအသင်းမှ မတ် ၈ ရက်တွင် သောက်သုံးရေဂါလံ ၁၄၀၀၀ ကျော်အားလှူဒါန်းခဲ့ကြသည်။” ၉ ရက်နေ့မှာလည်းမြောက်ဒဂုံမြို့နယ်ထဲကမဟာမြိုင်အိမ်ယာကပြည်သူတွေအတွက်သောက်သုံးရေဂါလံ ၂၅၀၀၀ ကျော်ကိုသွားပြီးလှူဒါန်းပေးခဲ့ပါတယ်။

သူတို့တွေကစက်သုံးဆီဖိုးပြန်လှူကြတယ်”ဟုရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြောသည်။လျှပ်စစ်မီးပြတ်တောက်ချိန်များ၌ သောက်သုံး ရေပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့်အချို့မြို့ နယ်များ၌

အခကြေးငွေယူ၍မီးစက်များဖြင့်ရေတင်ပေးခြင်းလုပ်ငန်းလုပ်ကိုင်နေကြသူများလည်းလတ်တလော၌ရှိလာခဲ့သည်ဟု သိရသည်

လွ်ပ္စစ္မီးလာခ်ိန္နည္းၿပီးျပတ္ေတာက္ခ်ိန္မ်ားေန၍ ေသာက္သုံးေရမ်ားျပတ္လပ္မႈျဖစ္ေပၚေန(Zawgyi)

လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္မ်ားေန၍ေသာက္သုံးေရျပတ္လပ္မႈမ်ားျဖစ္ေပၚေနသျဖင့္လူမႈကူညီေရးအသင္းမ်ားမွ ေသာက္သုံးေရမ်ားလိုက္လံျဖန္႔ေဝေပးရလ်က္ရွိသည္ဟုလူမႈကူညီေရးအသင္းမ်ားမွသိရသည္။

လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္မ်ားေနသျဖင့္လွ်ပ္စစ္မီးလာသည့္အခ်ိန္အားေစာင့္၍ ေရတင္ရျခင္းမ်ားျပဳလုပ္ရေသာ္လည္းလွ်ပ္စစ္မီးအားေလ်ာ့နည္းမႈမ်ားလည္း ရွိေနသျဖင့္ထိုက္သင့္သည့္ေရရရွိမႈမရွိျခင္းမ်ားလည္းျဖစ္ေပၚေနသည္ဟုသိရသည္။

“မီးလာတဲ့အခ်ိန္ကိုေစာင့္ၿပီး ေရတင္ရတာပဲဒါေပမယ့္ မီးလာတဲ့အခ်ိန္ကိုကြၽန္ေတာ္တို႔လိုပဲ ၿမိဳ႕နယ္အႏွံ႔မွာေစာင့္ေနၾကတဲ့လူေတြရွိေတာ့မီးအားမျပည့္တာေတြရွိတယ္အဲဒီေတာ့ေရတင္တဲ့အခါ မီးအားနည္းေတာ့ေရရတာလည္းနည္းတာေပါ့ေနာက္ၿပီး မီးကလည္းခနတျဖဳတ္ပဲလာၿပီးရင္အၾကာႀကီးျပန္ပ်က္ဆိုေတာ့ ဘာမွလုပ္လို႔မရေတာ့ဘူးေပါ့”ဟု

ကမာ႐ြတ္ၿမိဳ႕နယ္ေန ကိုေဝလင္းဦးကေျပာသည္။ၿမိဳ႕နယ္အမ်ားစု၌ လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္မ်ားေနသျဖင့္ ေသာက္သုံးေရျပတ္လပ္မႈမ်ားရွိေနသည့္ ၿမိဳ႕နယ္မ်ားအနက္ လႈိင္သာယာၿမိဳ႕နယ္ရွိ မိုးကုတ္ဝိပႆနာစာသင္တိုက္၊ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ သံလ်က္စြန္းဝန္းအိမ္ရာ၊သဃၤန္းကြၽန္းၿမိဳ႕နယ္၊

ငမိုးရိပ္ ၉ လမ္း၊ ၇ လမ္းႏွင့္ေတာင္ဥကၠလာပၿမိဳ႕နယ္မ်ားသို႔ ရွင္သန္ေရးကူညီမႈအသင္းမွ မတ္ ၈ ရက္တြင္ ေသာက္သုံးေရဂါလံ ၁၄၀၀၀ ေက်ာ္အားလႉဒါန္းခဲ့ၾကသည္။” ၉ ရက္ေန႔မွာလည္းေျမာက္ဒဂုံၿမိဳ႕နယ္ထဲကမဟာၿမိဳင္အိမ္ယာကျပည္သူေတြအတြက္ေသာက္သုံးေရဂါလံ ၂၅၀၀၀ ေက်ာ္ကိုသြားၿပီးလႉဒါန္းေပးခဲ့ပါတယ္။

သူတို႔ေတြကစက္သုံးဆီဖိုးျပန္လႉၾကတယ္”ဟုရွင္သန္ေရးကူညီမႈအသင္း ဥကၠ႒ဦးထြန္းထြန္းဦးကေျပာသည္။လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္မ်ား၌ ေသာက္သုံး ေရျပတ္လပ္မႈမ်ားျဖစ္ေပၚေနသျဖင့္အခ်ိဳ႕ၿမိဳ႕ နယ္မ်ား၌

အခေၾကးေငြယူ၍မီးစက္မ်ားျဖင့္ေရတင္ေပးျခင္းလုပ္ငန္းလုပ္ကိုင္ေနၾကသူမ်ားလည္းလတ္တေလာ၌ရွိလာခဲ့သည္ဟု သိရသည္

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *