ရွှေစျေး၊စက်သုံးဆီစျေးနှုန်းနှင့် အပြိုင် သောက်ရေသန့်ဘူးများပါ စျေးနှုန်းနှစ်ဆမြင့်တက်သွား

ရန်ကုန်မြို့တွင် လျှပ်စစ်မီးလုံလောက်စွာ မရရှိသောကြောင့် ရေသန့်စက်ရုံများမှာ မီးစက်ဖြင့်လည်ပတ်နေရပြီးအဖက်ဖက်ကတိုးမြှင့်လာသောကုန်ကျစရိတ်များကြောင့် Alpine ၂၀ လီတာတစ်ဘူးကို ငွေကျပ် ၁၅၀၀တိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း




၂၀၂၂ခုနှစ် မတ်လ(၈)ရက်နေ့က Alpine ကထုတ်ပြန်ပါတယ်။ရေသန့်စက်ရုံများသည်လက်ရှိလျှပ်စစ်မီးလုံလောက်စွာမရရှိသဖြင့် မီးစက်ဖြင့်သာလည်ပတ်နေရသောကြောင့်ရေသန့်ထုတ်လုပ်ရာတွင် အကန့်အသတ်ဖြင့်ရှိနေပြီး ရေပြတ်လပ်သည့်အထိ ကြုံတွေ့နေရကြောင်းသိရပါတယ်။




နေအိမ်တိုက်ခန်းများတွင် ရေသန့်ဘူးကြီးများတစ်ဘူးလျှင်ငွေကျပ် ၈၀၀မှ ၁၀၀၀ခန့် ရေသန့် လဲလှယ်သောက်သုံးရာမှလက်ရှိ၁၅၀၀ အထိစျေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။”ရေက ကုမ္ပဏီရောင်းစျေးက၈၀၀ ၁၀၀၀လောက်သတ်မှတ်တယ်ဆိုရင်




တချို့မြို့နယ်ကကိုယ်စားလှယ်တွေက ၁၂၀၀ ၁၃၀၀ လောက်ထိတင်ရောင်းကြတော့။အခုကုမ္ပဏီကိုက ၁၅၀၀လောက်သတ်မှတ်ရင် ရေက ၂၀၀၀ နီးပါးပေးသောက်ရတော့မှာပဲ။တိုက်ခန်းအမြင့်တွေဆိုရင်တော့ ပိုပေးရမှာပေါ့။

မီးကမလာတော့ တချို့နေရာတွေဆို သောက်သုံးရေပြတ်လပ်တာတွေတောင်ရှိလို့လူမှုရေး အသင်းအဖွဲ့တွေတောင်ကူညီရတာတွေ့တယ်။ကုန်စျေးနှုန်းကအစရေအဆုံးအစစအရာရာခက်ခဲနေတာဘာမှအဆင်ပြေမနေတော့ဘူး”လို့ သင်္ဃန်းကျွန်းမြို့နယ်နေပြည်သူတစ်ဉီးကပြောပါတယ်။




လက်ရှိ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင်သောက်သုံးရေများပြတ်လပ်နေသဖြင့် လူမှုရေးအသင်းအဖွဲ့များက ရေရရှိရန်ကူညီပေးနေပြီး မတ်လ ၉ ရက်နေ့တွင်လည်း ရှင်သန်ရေးကူညီမှုအသင်းကဒဂုံမြို့သစ်(မြောက်ပိုင်း)မဟာမြိုင်အိမ်ရာတွင်သောက်သုံးရေများသွားရောက်လှူဒါန်းပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။