မြင့်တက်လာတဲ့စက်သုံးဆီစျေးနှုန်းကြောင့် ပဲခူး−ရန်ကုန် ယာဥ်စီးခများပြောင်းလဲသတ်မှတ်

ပြည်တွင်းမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာကြောင့် ပဲခူး-ရန်ကုန် ခရီးစဉ်ယာဉ်စီးခတွေကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း Myanmar Tade Center ကုမ္ပဏီမှသိရပါတယ်။ယခင်က ပဲခူး-ရန်ကုန်ယာဉ်လိုင်းအနေနဲ့ ယာဉ်စီးခနှုန်းတွေကို ပဲခူးမှ ရန်ကုန် ၂၀၀၀ ကျပ်၊




လှည်းကူးမှရန်ကုန် ၁၀၀၀ကျပ်၊ရန်ကုန်မှပဲခူး ၂၀၀၀ကျပ်၊ လှည်းကူးမှ ပဲခူး ၁၀၀၀ကျပ်ပြေးဆွဲပေးလျက်ရှိပါတယ်။ယခုအခါမှာတော့ စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာကြောင့်အင်းတကော်မှရန်ကုန် ၂၀၀၀ ကျပ်၊ ပဲခူးမှလှည်းကူး ၂၀၀၀ကျပ်၊




ပဲခူးမှအင်းတကော် ၁၀၀၀ ကျပ်၊အင်းတကော်မှ လှည်းကူး ၁၀၀၀ ကျပ်၊ လှည်းကူးမှရန်ကုန် ၁၀၀၀ ကျပ်ဖြင့် ယာဉ်စီးခတွေကို ပြင်ဆင်သတ်မှတ်လိုက်တယ်လို့သိရပါတယ်။အဆိုပါယာဉ်လိုင်းအနေနဲ့ ပဲခူးမှ နံနက် ၆နာရီ၊




၆နာရီ ၂၀မိနစ်၊ ၆နာရီ ၄၀မိနစ်၊ ၇နာရီတို့အပြင် မွန်းလွဲ ၂နာရီ၊ ၂နာရီခွဲတို့မှာ လည်းကောင်း၊ ရန်ကုန်မှ နံနက် ၇နာရီခွဲ၊ ၈နာရီတို့အပြင် ညနေ ၄နာရီ၊ ၄နာရီခွဲ၊ ၅နာရီ၊ ၅နာရီခွဲတို့မှာ ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။




မြင့်တက်လာတဲ့စက်သုံးဆီဈေးနှုန်းကြောင့် ပဲခူး−ရန်ကုန် ယာဉ်စီးခများပြောင်းလဲသတ်မှတ်(Zawgyi)
