၆နာရီတောင်ပြည့်အောင်မရရှိတဲ့လျှပ်စစ်မီးကြောင့် ရန်ကုန်အပါ မြို့ကြီးများတွင် ဆိုလာများအသုံးများလာ

ရန်ကုန်အပါအဝင်မြို့ကြီးများတွင်တစ်ရက်လျှင် လျှပ်စစ်မီး ခြောက်နာရီမှရှစ်နာရီဝန်းကျင်ခန့်သာ ရရှိသဖြင့်ဆိုလာအသုံးပြုမှုတွင်ကျယ်လာကြောင်း လျှပ်စစ်ပစ္စည်းလက်ကားအရောင်းဆိုင်များမှသိရပါတယ်။
အရင်ကဆိုလာစျေးကွက်ကို နယ်ဘက် လျှပ်စစ်မီးမရရှိသောဒေသများတွင်သာ တပ်ဆင်ကြသော်လည်း လက်ရှိအချိန် မြို့ပြများတွင်ပါလျှပ်စစ်မီးလုံလောက်စွာမရရှိတော့သည့်အတွက်ဆိုလာ အဝယ်လိုက်လာကြောင်း သိရပါတယ်။




“လျှပ်စစ်မီးက လာချင်တဲ့အချိန်လာ ပြတ်ချင်တဲ့အချိန် ပြတ်နေတော့ ဘာအလုပ်မှလုပ်လို့မရဘူး၊ မီးစက်ဆိုရင်လည်းဆီစျေးနဲ့ သုံးဖို့အဆင်မပြေတော့ဆိုလာကိုပဲစိတ်ဝင်စားလာကြတယ်။အရင်ကအိမ်သုံးအနေအထားလောက်ဆိုရင်လေး ငါးသိန်းလောက်သုံးရင်အဆင်ပြေပေမယ့်




အခုကတော့ သူပါ(ဆိုလာ) စျေးလိုက်တက်တော့ ၁၅သိန်းလောက်သုံးမှအဆင်ပြေမှာ၊အခု အဟောင်းစျေးကွက် Second ရောင်းတဲ့စျေးကွက်မှာဆိုရင်ဆိုလာကအရောင်းအဝယ်အဖြစ်ဆုံးပဲ၊သူကစျေးထက်ဝက်လောက်သက်သာတော့အဲ့ကနေပဲ ၀ယ်ကြရောင်းကြအလုပ်ဖြစ်ကြတာ၊




လျှပ်စစ်မီးကတော့ အားကိုးနေလို့ကို မရတော့ဘူး” လို့ သန်လျင်မြို့နယ်နေပြည်သူတစ်ဦးမှပြောပါတယ်။လက်ရှိမြန်မာနိုင်ငံတွင် ရန်ကုန်အပါအဝင်မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်မှုများ ပိုမိုဖြစ်ပွားလာပြီး တစ်ရက်လျှင် ခြောက်နာရီဝန်းကျင်လောက်သာ လျှပ်စစ်မီးရရှိသည့်အတွက်




အိမ်တွင်းအသေးစား စီးပွားရေးလုပ်ငန်းတချို့ရပ်တည်လည်ပတ်ရန်ခက်ခဲလာသဖြင့်နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပစ္စည်းများကိုအသုံးပြုရန် ကြိုးပမ်းလာကြခြင်းဖြစ်ကြောင်းသိရပါတယ်။လျှပ်စစ်မီးမရရှိသောကြောင့်

ရန်ကုန်မြို့တွင်းတိုက်ခန်းတချို့မှာလည်း သုံးစွဲရေရရှိရန်အခက်အခဲများရှိလာသဖြင့် မီးစက်ဖြင့် တစ်နာရီကို သတ်မှတ်အခကြေးငွေပေးပြီး ရေလိုက်တင်ပေးသော စျေးကွက်တစ်ခုလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။