စျေးကောင်းနေတဲ့ရွှေစျေးကြောင့် ရွှေများအလုအယက်ထုတ်ရောင်းနေ

ယနေ့မနက်တွင် အခေါက်ရွှေအဖွင့်ဈေး ၃၁၆၅၀ ဘတ် ရှိလာပြီးနောက် မြို့တော်ဗန်ကောက်ရှိ ရွှေဆိုင်များတွင် ထိုင်းပြည်သူများ အလုအယက်တန်းစီပြီး ရွှေထုတ်ရောင်းနေကြသည်ဟု PPTV သတင်းဌာနကဖော်ပြထားသည်။




ဒါအပြင်မြန်မာရွှေစျေးနှုန်းများမှာလည်းအချိန်နှင့်အမျှတဟုန်ထိုးတိုးတက်လာတာကိုတွေ့ရပါတယ်။ယနေ့ မတ်လ(၈)ရက်နေ့ မနက်၁၁နာရီ၄၀မိနစ်အချိန်မြန်မာ့အကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေးသည် တစ်ကျပ်သားကိုငွေကျပ်သိန်း နှစ်ဆယ်အတိဈေးရောက်ရှိသွားပြီဟုရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း၏ကြေညာချက်အရသိရသည်။




ကမ္ဘာ့ရွှေဈေး (World Gold Price)မှာ 1 Ounceလျှင် 1990 USDရှိနေသည်။မြန်မာ့ရွှေဈေးသည် ယခုရက်ပိုင်းအတွင်းတစ်ရိပ်ရိပ်တက်လာကာတစ်ကျပ်သားကိုသိန်း(၂၀)အထိရောက်ရှိလာခြင်းဖြစ်သည်။လက်ရှိတွင်အဝယ်ထက် အရောင်းက ပိုသွက်နေသည်ကိုတွေ့ရသည်။




ယနေ့ညနေ ၄နာရီ၁၇မိနစ်မှာတော့ အခေါက်ရွှေစျေးမှာ သိန်း(၂၀၁၅၀၀၀)နှင့် စျေးပိတ်သွားခဲ့တာပဲဖြစ်ပါတယ်။ရွှေအသင်းက ရွှေဈေးများ မတက်စေရန်ထိန်းနေသည်ဟု ပြောဆိုနေသော်လည်း ဈေးကွက်ထဲ ရွှေဈေးက ဆက်တိုက်ဆိုသလို တက်လာနေသည်။
ေစ်းေကာင္းေနတဲ့ေ႐ႊေစ်းေၾကာင့္ ေ႐ႊမ်ားအလုအယက္ထုတ္ေရာင္းေန(Zawgyi)

ယေန႔မနက္တြင္ အေခါက္ေ႐ႊအဖြင့္ေဈး ၃၁၆၅၀ ဘတ္ ရွိလာၿပီးေနာက္ ၿမိဳ႕ေတာ္ဗန္ေကာက္ရွိ ေ႐ႊဆိုင္မ်ားတြင္ ထိုင္းျပည္သူမ်ား အလုအယက္တန္းစီၿပီး ေ႐ႊထုတ္ေရာင္းေနၾကသည္ဟု PPTV သတင္းဌာနကေဖာ္ျပထားသည္။

ဒါအျပင္ျမန္မာေ႐ႊေစ်းႏႈန္းမ်ားမွာလည္းအခ်ိန္ႏွင့္အမွ်တဟုန္ထိုးတိုးတက္လာတာကိုေတြ႕ရပါတယ္။ယေန႔ မတ္လ(၈)ရက္ေန႔ မနက္၁၁နာရီ၄၀မိနစ္အခ်ိန္ျမန္မာ့အကယ္ဒမီ မီးလင္းေ႐ႊအဖြင့္ေဈးသည္ တစ္က်ပ္သားကိုေငြက်ပ္သိန္း ႏွစ္ဆယ္အတိေဈးေရာက္ရွိသြားၿပီဟုရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္အသင္း၏ေၾကညာခ်က္အရသိရသည္။

ကမာၻ႔ေ႐ႊေဈး (World Gold Price)မွာ 1 Ounceလွ်င္ 1990 USDရွိေနသည္။ျမန္မာ့ေ႐ႊေဈးသည္ ယခုရက္ပိုင္းအတြင္းတစ္ရိပ္ရိပ္တက္လာကာတစ္က်ပ္သားကိုသိန္း(၂၀)အထိေရာက္ရွိလာျခင္းျဖစ္သည္။လက္ရွိတြင္အဝယ္ထက္ အေရာင္းက ပိုသြက္ေနသည္ကိုေတြ႕ရသည္။

ယေန႔ညေန ၄နာရီ၁၇မိနစ္မွာေတာ့ အေခါက္ေ႐ႊေစ်းမွာ သိန္း(၂၀၁၅၀၀၀)ႏွင့္ ေစ်းပိတ္သြားခဲ့တာပဲျဖစ္ပါတယ္။ေ႐ႊအသင္းက ေ႐ႊေဈးမ်ား မတက္ေစရန္ထိန္းေနသည္ဟု ေျပာဆိုေနေသာ္လည္း ေဈးကြက္ထဲ ေ႐ႊေဈးက ဆက္တိုက္ဆိုသလို တက္လာေနသည္။