ရုရှားရဲ့ရေနံတင်ပို့မှုပိတ်စို့ခဲ့ပြီးနောက် ကမ္ဘာရေနံစျေးတစ်စည်ကိုမိနစ်အနည်းအတွင်း ဒေါ်လာ ၁၀မှ ဒေါ်လာ ၁၃၀ထိမြင့်တက်ခဲ့

ကမ္ဘာ့ရေနံဈေးကွက်မှာဘရန့်ရေနံစိမ်းတစည်ကို မတ် ၇ရက်ကဒေါ်လာ၁၃၀ အထိတက်ခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်းအမြင့်ဆုံးတက်တာပါ။အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကရုရှားရဲ့ရေနံတင်ပို့မှုကိုပိတ်ပင်ခဲ့တာနဲ့




အီရန်ရဲ့ရေနံစိမ်းကမ္ဘာ့ဈေးကွက်ထဲပြန်ဝင်လာမှုနှောင့်နှေးနေတာကြောင့်ရေနံဈေးကစိုးရိမ်စရာ မြင့်တက်နေပါ။တနင်္လာနေ့မှာမိနစ်အနည်းငယ်အတွင်းရေနံတစည်ကို ၁၀ ဒေါ်လာကနေ ၁၃၀ ဒေါ်လာနီးပါးအထိခုန်တက်ခဲ့ပါတယ်။




၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလမှာ တစည်ကို ၁၃၉ ဒေါ်လာအထိ ဖြစ်ခဲ့ပါတယ်။လာမယ့်ရက်တွေအတွင်း တစည် ၁၄၇ ဒေါ်လာအထက်ထိတက်နိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။ကိုဗစ်ကပ်ဘေးကြောင့်တကမ္ဘာလုံးစီးပွားရေးတိုးတက်မှုနှေးကွေးပြီး




ငွေကြေးဖောင်းပွမှုအဆမတန် မြင့်မားချိန် စစ်ပွဲဂယက်နဲ့ ရေနံဈေးထောင်တက်နေတာစိုးရိမ်စရာပါ။ရေနံဈေးနဲ့အတူတခြားကုန်ပစ္စည်းဈေးနှုန်းတွေအပြိုင်လိုက်နေတာပါ။Bank of America ရဲ့ခန့်မှန်းချက်အရ




ရုရှားရေနံတင်ပို့မှုကိုဖြတ်ချလိုက်ရင်တရက်ကို ရေနံစည် ၅ သန်းလျော့ကျသွားပြီးဈေးနှုန်းနှစ်ဆ ဒေါ်လာ ၁၀၀ ကနေဒေါ်လာ ၂၀၀ ထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။