ငွေချေးပြီးပြန်မပေးချင်လို့တိုင်ချင်ရာတိုင်ပြောတဲ့သူကိုတရားစွဲလို့ရမရ

ငွေချေးပြီးပြန်မပေးချင်လို့တိုင်ချင်ရာတိုင်ပြောတဲ့သူကိုတရားစွဲလို့ရမရ

တိုင်ချင်ရာတိုင်လို့ ပြောနေတဲ့ ချေးငွေပြန်မပေးသူကိုတရားစွဲလို့ ရ၊မရသိချင်သူများအတွက်မျှဝေပေးလိုက်ပါတယ်။ဒါမျိုးကျတော့ငွေလိုချင်တဲ့သူက နည်းနည်းအကင်းပါးရတယ်။တန်းမစွဲရဘူး။ဒါမျိုးကျတော့ သူကကိုယ့်ဆီက ငွေချေးထားတယ်ပြန်မပေးဘူး။

တောင်းတော့လည်းတိုင်ချင်ရာတိုင်နောက်တရားစွဲရမှာလဲစာချုပ်မူရင်းကမရှိဘူးဆိုတော့။ဒါမျိုးကျတော့ ရှေနေ့ရှေရပ်နဲ့ ငှားရမ်းပြီးတော့ပထမဦးစွာသတိပေးစာ (Notice )ထုတ်လိုက်ရတယ်။စာချုပ်စာတမ်းနဲ့ အခိုင်အမာသက်သေတွေနဲ့ချုပ်ထားတယ်။

ဒါကြောင့် ဘယ်နေ့ဘယ်ရက်မှာ အပြီးပြန်ပေးပါ ဆိုပြီး Notice စာထုတ်လိုက်ဖို့ကောင်းပါတယ်။အဲ့လိုထုတ်လိုက်တဲ့အခါ သူဘာပြန်လာမလဲပေါ့။သူငြင်းမှာလားပေါ့။သူက ယူတာကိုဝန်ခံရင်လည်းခံမယ်။ မပေးနိုင်ဘူး လို့လည်းပြောချင်ပြောမယ်။တစ်ခုခုပေါ့။

သူဝန်ခံလာရင်သူယူထားတာကို ဝန်ခံထားတဲ့အတွက်ကိုယ်မှာခိုင်မာတဲ့သက်သေလုပ်လို့ရတာပေါ့။ ဒါကတစ်ချက်ပေါ့။အဲ့ဒီလိုမှမဟုတ်ရင် ဒီစာချုပ်ကလည်း မိတ္တူ ဖြစ်နေတယ်၊ ပြီးတော့ သူကလည်းဝန်ခံတာမရှိဘူး။ Reply မရှိ ဘူးဆိုရင်လုပ်လို့ရတာတစ်ခုကတော့ ချေးတုန်းက မြင်တဲ့သက်သေခေါ် လို့ရတယ်။

လူသက်သေရှိရင်လည်းတရားစွဲလို့ရပါတယ်။စာချုပ်စာတမ်းရှိမှ ရယ်လို့မဟုတ်ပါဘူး။ လူသက်သေအခိုင်အမာလိုက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ သူကလည်း ယုံကြည်ထိုက်တဲ့ပုဂ္ဂိုလ်ဆိုရင် အဲ့ဒီလူကို သက်သေပြခြင်း အားဖြင့်တရားစွဲလို့ရပါတယ်။

ချေးတဲ့ငွေ ပြန်ရလိုမူနဲ့လည်း တရားစွဲလို့ရပါတယ်။ သုံးနှစ်အတွင်း စွဲပါ။ အဲ့ဒီလိုပဲဖြေကြားပေးချင်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *