ရွှေဈေးကိုထိန်းနေတယ်လို့ ပြောပြီးရက်ပိုင်းအတွင်း ပြည်တွင်းရွှေစျေး သိန်း(၂၀)နီးပါးဖြစ်လာပြီး ပြင်ပစျေးကွက်မှာကန်ဒေါ်လာ၂၀၀၀ကျော်ထိဖြစ်လာ

ရွှေဈေးကိုထိန်းနေတယ်လို့ ပြောပြီးရက်ပိုင်းအတွင်း ပြည်တွင်းရွှေစျေး သိန်း(၂၀)နီးပါးဖြစ်လာပြီး ပြင်ပစျေးကွက်မှာကန်ဒေါ်လာ၂၀၀၀ကျော်ထိဖြစ်လာ

ဒီနေ့ မတ်လ ၇ ရက်နေ့မှာ ပြည်တွင်း မြန်မာ့ရွှေဈေးဟာသိန်းနှစ်ဆယ်ပြည့်ဖို့ နှစ်ထောင်သာလိုတဲ့အပြင် ပြင်ပငွေလဲဈေးကွက်မှာလည်း အမေရိကန် တစ်ဒေါ်လာကို ကျပ် ၂,၀၀၀ ကျော်အထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။

ကမ္ဘာ့ရွှေစျေးနှုန်း မြင့်တက်လာခဲ့သည့်အတွက် ပြည်တွင်းရွှေစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားကိုကျပ်သိန်း၂၀ နီးပါး မြင့်တက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှ သိရပါတယ်။

ရုရှားနှင့်ယူကရိန်အရေးကြောင့် ကမ္ဘာ့ရွှေစျေးအနေဖြင့် ယနေ့ မတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် တစ်အောင်စကို အမေရိကန်ဒေါ်လာ၁၉၉၅ ဒေါ်လာအထိမြင့်တက်ခဲ့သည့်အတွက် မြန်မာ့ရွှေဈေးဟာ ၁,၉၉၈,၀၀၀ အထိရှိလာပြီဖြစ်တယ်လို့အောင်သမာဓိရွှေဆိုင်ရဲ့ဒီနေ့ မတ်လ ၇ ရက်နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ကသိရှိရပြီး

ယနေ့စျေးပိတ်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၉၉၀၀၀၀ ကျပ်အထိရှိခဲ့ကြောင်းသိရပါတယ်။ကမ္ဘာ့ရွှေစျေးနှုန်းမှာ ယခင် ၂၀၂ဝပြည့်နှစ် သြဂုတ်လအတွင်းကတစ်အောင်စကို ဒေါ်လာ ၂၀၀၀ ကျော်မြင့်တက်ခဲ့ဖူးပြီ အဆိုပါကာလက ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၃ သိန်းခွဲဝန်းကျင်ရှိခဲ့ကာယခုကမ္ဘာ့ရွှေစျေးဒေါ်လာ ၂၀၀၀ နီးပါး ပြန်လည်မြင့်တက်ချိန်တွင်

ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် သိန်း ၂၀ နီးပါးအထိရောက်ရှိလာခြင်းဖြစ်ပါတယ်။လက်ရှိ ပြည်တွင်းရွှေစျေးကွက်အတွင်း တစ်ရက်လျှင်ရွှေ ပိဿာချိန် ၅၀ခန့်ရောင်းလိုအားရှိနေပြီး ရွှေအဝင်များနေကြောင်း YGEA မှသိရပါတယ်။

ကမ္ဘာ့ရွှေစျေးနှုန်းမြင့်တက်မှုနှင့်ဒေါ်လာစျေးမြင့်တက်မှုများကြောင့် ပြည်တွင်းရွှေစျေးနှုန်းမြင့်တက်ခြင်းဖြစ်ပြီး ယနေ့ နိုင်ငံခြားငွေကြေးလဲလှယ်သည့် စျေးကွက်တွင်အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် နှစ်ထောင်နီးပါး ပေါက်စျေးရှိကြောင်းသိရပါတယ်။

ပြည်တွင်းရွှေစျေးနှုန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ နောက်ဆုံးအပတ်က အခေါက်ရွှေ (၁၆) ပဲရည်တစ်ကျပ်သားစျေးနှုန်းမှာ ကျပ် ၂၂ သိန်းကျော်အထိစံချိန်တင်စျေးမြင့်တက်ခဲ့ဖူးခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်လာဈေးတွေလည်း မြင့်တက်လာနေပြီး လက်ရှိပြင်ပဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂,၀၀၀ ကျော် အထိရှိလာပြီဖြစ်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *