တစ်ကျပ်သားကိုသိန်း(၂၀)ထိမြင့်တက်လာတဲ့မြန်မာ့ရွှေစျေးဆက်လက်မြင့်တက်နိုင်ချေရှိ

တစ်ကျပ်သားကိုသိန်း(၂၀)ထိမြင့်တက်လာတဲ့မြန်မာ့ရွှေစျေးဆက်လက်မြင့်တက်နိုင်ချေရှိ

ကမ္ဘာ့ရွှေစျေးကွက်မှာမတ်လ ၇ ရက်မနက်ရွှေတစ်အောင်စဟာ ၁၉၈၇ ဒေါ်လာထိဈေးမြင့်တက်နေပြီး၊ ပြည်တွင်းရွှေစျေးကလည်းတစ်ကျပ်သားကိုကျပ်သိန်း ၁၉၉၈၀၀၀ ကျပ်အထိ ရောက်ရှိနေပါတယ်။ဒီစျေးနှုန်းအရတစ်ပတ်အတွင်းကမ္ဘာ့ရွှေစျေး ၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပြီး၊

မြန်မာရွှေစျေးကတော့ တစ်ကျပ်သားကို ကျပ် ၇၀၀၀၀ ၀န်းကျင်ရာခိုင်နှုန်းအနေနဲ့ ၃ ဒသ ၅ ရာခိုင်နှုန်း တစ်ပတ်အတွင်း မြင့်တက်လာတာပါ။ပြည်တွင်းစျေးကွက်မှာရွှေ၀ယ်လိုအားများလို့ စျေးမြင့်တက်တာမဟုတ်ဘဲ၊

ကမ္ဘာ့ရွှေစျေးနဲ့ အမေရိကန်ဒေါ်လာစျေး အမြင့်ကြောင့်သာ ပြည်တွင်းရွှေ လိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။ရုရှားရဲ့ ယူကရိန်းအပေါ်ကျူးကျော်စစ်ပွဲကြောင့်ကမ္ဘာ့ရွှေစျေးကအကျထက်အတက်မှာသာ ဖြစ်နိုင်ခြေများတယ်လို့

စျေးကွက်ကျွမ်းကျင်သူတွေကသုံးသပ်ထားကြပါတယ်။လတ်တလော ပြည်တွင်းရွှေစျေးကွက်မှာတော့ ရွှေဆိုင်တချို့က ရွှေဝယ်ယူသူတွေထံကနေမှတ်ပုံတင်(သို့မဟုတ်)ကားလိုင်စင်၊ လိပ်စာစသဖြင့် တောင်းခံတာတွေလည်း ရှိလာပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *