တစ်ပိဿ၈၀၀၀ထိမြင့်တက်လာခဲ့တဲ့ပြည်တွင်းစားအုန်းဆီဆက်လက်မြင့်တက်အုံးမည်

တစ်ပိဿ၈၀၀၀ထိမြင့်တက်လာခဲ့တဲ့ပြည်တွင်းစားအုန်းဆီဆက်လက်မြင့်တက်အုံးမည်

ပြည်တွင်းစားအုန်းဆီစျေးနှုန်းများမှာတစ်ပတ်အတွင်း မြင့်တက်လာခဲ့ပြီး ယနေ့ မတ်လ ၇ ရက်နေ့ လက်လီတစ်ပိဿာရောင်းစျေး ၈၀၀၀ ကျပ်အထိတက်လာကြောင်းစျေးကွက်အတွင်းမှ သိရပါတယ်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ဆုံးအပတ် ၂၅ ရက်နေ့လောက်က၀ယ်တာဆီတစ်ပိဿာ ၅၅၀၀ ပေးဝယ်ရတယ်။အခု၀ယ်မလို့စျေးက၈၀၀၀ ဆိုတော့ ၃၀၀၀ ကျော်လောက်ကိုတစ်ခဏအတွင်း စားသုံးဆီစျေးတက်သွားတာ။

ဒီလောက်စျေးတက်တာပထမဆုံးပဲ ဆီဆိုင်ကလည်း ထပ်ထက်ဖို့ပဲရှိတယ်ပြောလိုက်တယ်၊ ဒီလိုကုန်စျေးနှုန်းတွေတက်တော့ ဘာမှလုပ်ကိုင်စားသောက်လို့မရတော့ဘူး၊ဆီစျေးဆန်စျေး ကုန်စိမ်းစျေးတွေပါတက်တော့ထမင်းဆိုင်လည်းဆက်ဖွင့်မရတော့ဘူးပိတ်လိုက်ရပြီ၊

ပြည်သူတွေဘာမှလုပ်စားလို့မရတော့ဘူး” လို့ သန်လျင်မြို့နယ်နေထမင်းဆိုင်ဖွင့်ထားတဲ့ဒေါ်မြင့်မြင့်အေးကပြောပါတယ်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်နိုင်ငံတကာတွင် ဖြစ်ပေါ်နေသောလက်ရှိအခြေအနေများအရကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သောနိုင်ငံများတွင်

စားအုန်းဆီစျေးနှုန်း မြင့်တက်နေသည့်အတွက်ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်း ဖြစ်ပေါ်စေရန် ထိန်းကျောင်းပေးနေတယ်လို့တော့ ယနေ့ထုတ်သတင်းစာမှာထုတ်ပြန်ကြေညာထားပါတယ်။လက်ရှိ စားအုန်းဆီအဓိကတင်ပို့ရောင်းချနေသော မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင်

ဖြစ်ပေါ်နေသော FOB စျေးနှုန်းများအပေါ်အခြေခံပြီး မတ်လ ၇ ရက်မှ ၁၃ ရက်အထိရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီလက်ကားတစ်ပိဿာရောင်းစျေးအနိမ့်ဆုံး ငွေကျပ် ၅၉၄၀ မှအမြင့်ဆုံး ၆၅၇၅ကျပ် ဖြစ်ကြောင်း

စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားပါတယ်။စားအုန်းဆီစျေးနှုန်းများမြင့်တက်နေချိန်ဒေါ်လာခွဲတမ်းဖြင့်ဆီဝယ်ယူမှုရရှိထားသောဆီကုန်သည်များ အသင်းအနေဖြင့်

လက်လီ ဆီတစ်ပိဿာကို ၅၉၀၀ ကျပ်ဖြင့် မြို့နယ်အလိုက် လိုက်လံရောင်းချပေးနေသော်လည််း အခြေခံရပ်ကွက်စျေးများတွင် လက်လီတစ်ပိဿာ ရောင်းစျေး ၈၀၀၀ ကျပ်အထိ မြင့်တက်နေပြီဖြစ်ပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *