တစ်ရက်ကို(၆)နာရီတောင်မရတဲ့မီးက ၇ရက်တိတိ တစ်နိုင်ငံလုံးနေရာတစ်ချို့ (၂၄)နာရီမီးထပ်ပျက်အုံးမည်

တစ်ရက်ကို ၆ နာရီတောင်မရတဲ့ မီးကလာမည့်မတ်လ၁၂ ရက်နေ့မှ၁၈ ရက်အတွင်းတစ်နိုင်ငံလုံး နေရာအချို့ မီး ၂၄ နာရီပြတ်မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်လာပါတယ်။အဆိုပါရက်ပိုင်းအတွင်း ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းရှိတွင်းအသစ်ကနေ




သဘာဝဓာတ်ငွေ့ ပိုက်လိုက်သစ် ချိတ်ဆက်မှာမို့လို့ ဓာတ်အားထုတ်လုပ်မှု လျော့သွားခြင်း ကြောင့် ဝန်အားထိန်းညှိမှုအရ အချို့နေရာတွေမှာ ၂၄ နာရီဝန်အားလျော့ချမယ်လို့ဆိုပါတယ်။မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးက
“မတ်(၁၂) ရက်ကနေ(၁၈)ရက်ထိတနိုင်ငံလုံးလျှပ်စစ်မီးပြတ်တောက်မယ်ဆိုတော့ ကျောက်ခေတ်ကိုပြန်သွားကြရတော့မှာပေါ့။ ရာသီဥတုကပူ၊ စက်သုံးဆီဈေးကအဆမတန်မြင့်တက်၊ လူတွေကမ္ဘာပျက်သလိုဒုက္ခပင်လယ်ဝေကြရတော့မယ်။




ဖုန်းအားသွင်းဖို့ကအစသုံးရေပြဿနာအထိ၊စားဖို့သောက်ဖို့ မိုးလင်းကမိုးချုပ်ပြဿနာမျိုးစုံကို ရင်ဆိုင်ရဦးမှာပဲ။တစ်ပတ်လုံး မီးဖြတ်လို့ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကိုဘာတစ်ခုမှထည့်မတွက်ထား၊ ဘာပလန်မှမရှိဘဲလုပ်ချင်သလိုလုပ်နေတယ်” လို့ဆိုပါတယ်။




လက်ရှိရန်ကုန်ကမြို့နယ်အချို့မှာတစ်ရက်ကိုမီးက ၆နာရီတောင်အပြည့်မရတဲ့ မြို့နယ်တွေ ရှိသလို တစ်ရက်ကို ၅နာရီ ပြတ်၊၅ နာရီလာပုံစံမျိုးနဲ့ ပြတ်ချင်တိုင်း ပြတ်နေတာလို့မြို့ခံ ပြည်သူတွေကပြောပါတယ်။




တစ္ရက္ကို(၆)နာရီေတာင္မရတဲ့မီးက ၇ရက္တိတိ တစ္ႏိုင္ငံလုံးေနရာတစ္ခ်ိဳ႕ (၂၄)နာရီမီးထပ္ပ်က္အုံးမည္(Zawgyi)
တစ္ရက္ကို ၆ နာရီေတာင္မရတဲ့ မီးကလာမည့္မတ္လ၁၂ ရက္ေန႔မွ၁၈ ရက္အတြင္းတစ္ႏိုင္ငံလုံး ေနရာအခ်ိဳ႕ မီး ၂၄ နာရီျပတ္မယ္လို႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနကထုတ္ျပန္လာပါတယ္။အဆိုပါရက္ပိုင္းအတြင္း ေ႐ႊကမ္းလြန္သဘာဝဓာတ္ေငြ႕စီမံကိန္းရွိတြင္းအသစ္ကေန

သဘာဝဓာတ္ေငြ႕ ပိုက္လိုက္သစ္ ခ်ိတ္ဆက္မွာမို႔လို႔ ဓာတ္အားထုတ္လုပ္မႈ ေလ်ာ့သြားျခင္း ေၾကာင့္ ဝန္အားထိန္းညႇိမႈအရ အခ်ိဳ႕ေနရာေတြမွာ ၂၄ နာရီဝန္အားေလ်ာ့ခ်မယ္လို႔ဆိုပါတယ္။မရမ္းကုန္းၿမိဳ႕နယ္ေန ျပည္သူတစ္ဦးက
“မတ္(၁၂) ရက္ကေန(၁၈)ရက္ထိတႏိုင္ငံလုံးလွ်ပ္စစ္မီးျပတ္ေတာက္မယ္ဆိုေတာ့ ေက်ာက္ေခတ္ကိုျပန္သြားၾကရေတာ့မွာေပါ့။ ရာသီဥတုကပူ၊ စက္သုံးဆီေဈးကအဆမတန္ျမင့္တက္၊ လူေတြကမာၻပ်က္သလိုဒုကၡပင္လယ္ေဝၾကရေတာ့မယ္။
ဖုန္းအားသြင္းဖို႔ကအစသုံးေရျပႆနာအထိ၊စားဖို႔ေသာက္ဖို႔ မိုးလင္းကမိုးခ်ဳပ္ျပႆနာမ်ိဳးစုံကို ရင္ဆိုင္ရဦးမွာပဲ။တစ္ပတ္လုံး မီးျဖတ္လို႔ ျဖစ္ေပၚလာမယ့္အက်ိဳးဆက္ေတြကိုဘာတစ္ခုမွထည့္မတြက္ထား၊ ဘာပလန္မွမရွိဘဲလုပ္ခ်င္သလိုလုပ္ေနတယ္” လို႔ဆိုပါတယ္။

လက္ရွိရန္ကုန္ကၿမိဳ႕နယ္အခ်ိဳ႕မွာတစ္ရက္ကိုမီးက ၆နာရီေတာင္အျပည့္မရတဲ့ ၿမိဳ႕နယ္ေတြ ရွိသလို တစ္ရက္ကို ၅နာရီ ျပတ္၊၅ နာရီလာပုံစံမ်ိဳးနဲ႔ ျပတ္ခ်င္တိုင္း ျပတ္ေနတာလို႔ၿမိဳ႕ခံ ျပည္သူေတြကေျပာပါတယ္။