(၂)ပတ်မှာတစ်ကြိမ်သာငွေသားထုတ်ယူနိုင်ပြီးတစ်ပတ်မှာတစ်ရက်သာတုံကင်ယူလို့ရမည်ဟု KBZ Bank ကြေညာချက်ထုတ်

(၂)ပတ်မှာတစ်ကြိမ်သာငွေသားထုတ်ယူနိုင်ပြီးတစ်ပတ်မှာတစ်ရက်သာတုံကင်ယူလို့ရမည်ဟု KBZ Bank ကြေညာချက်ထုတ်

ဘဏ်နဲ့ KBZ pay Center တွေမှာ ငွေသားထုတ်ပေးမှုကို တပတ်တကြိမ်ကနေအခုနှစ်ပတ်တစ်ကြိမ်မှသာငွေထုတ်ပေးတော့မယ်လို့ကမ္ဘာဇဘဏ် (KBZ) ကကြေညာပါတယ်။အများဆုံးငွေထုတ်ယူနိုင်တဲ့ ပမာဏကိုလည်းဘဏ်စာအုပ်ကနေတကြိမ်ကိုအများဆုံးကျပ် ၅ သိန်း၊

KBZPay Center ကနေအများဆုံးကျပ် ၃သိန်းအထိသတ်မှတ်ထားပါတယ်။ဒါ့အပြင်ငွေထုတ်ဖို့အတွက် Kpay application ကနေတုံကင်ယူခြင်းကိုလည်း အပတ်စဉ် စနေနေ့ မနက် ၉ နာရီကနေ ည ၉ နာရီ အတွင် အဲ့ဒီနေ့ တစ်ရက်ထဲသာပေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

တုံကင်ရယူပြီးပါကလည်း ငွေထုတ်ရက်ကို ချက်ခြင်းသတ်မှတ်မပေးဘဲ ည ၁၀ နာရီနောက်ပိုင်းမှသာ ဘိုကင်ရ၊မရကို ပြန်လည်အကြောင်းကြားပေးတဲ့စနစ်ကျင့်သုံးနေတာဖြစ်ပါတယ်။”ကြေညာချက်ထုတ်အသစ်ထုတ်လိုက်တာပါ။မနေ့ကစပြီးပြောင်းလိုက်တာပါ။

အရင်က တပတ်တကြိမ်တုံကင်ယူပြီး ငွေထုတ်ရတယ်။ အခုကတော့ နှစ်ပတ်မှတကြိမ်ပဲငွေထုတ်ပေးတော့မယ်၊တုံကင်ကလည်း စနေနေ့တစ်ရက်ပဲယူလို့ရမယ်။တုံကင်ယူရင်တောင်ရမရကို ည ၁၀ နာရီနောက်ပိုင်း kpay accou nt ထဲပြန်ဝင်ကြည့်ရမှာပါ။

“အရင်ကတပတ်ကို ၅ သိန်း၊ တလကို ၄ ကြိမ်တုံကင်ရရင်ငွေသိန်း ၂၀ လောက်ထိထုတ်လို့ရတယ်။ အခုကျတော့နှစ်ပတ်မှတစ်ကြိမ်ဆိုတော့တလကိုဆယ်သိန်းလောက်ပဲထုတ်လို့ရတော့မယ့်သဘောပဲ” လို့ ဘဏ်အသုံးပြုသူတဦးကပြောပါတယ်။

KBZ ဘဏ်ရဲ့ ပြောင်းလဲလိုက်တဲ့ငွေထုတ်ပေးမှုစနစ်ကြောင့်ဘဏ်အသုံးပြုသူတွေ appointment ရရှိဖို့လွယ်ကူသွားပေမဲ့ငွေထုတ်ရက်ကြာချိန်တိုးမြင့်လိုက်တာကြောင့် ဘဏ်ငွေထုတ်ယူရရှိနိုင်တဲ့ပမာဏ နည်းသွားနိုင်တယ်လို့ဘဏ်အသုံးပြုသူတဦးကပြောပါတယ်။

“တုံကင်ကစနေနေ့တရက်ပဲယူလို့ရတော့တယ်။ အရင်ကတော့တရက်မကတုံကင်ယူလို့ ရတယ်။ဒါပေမဲ့ ရဖို့ခက်တယ်။အခုကျတော့ တုံကင်ရဖို့ လွယ်သွားတယ်။ဒါပေမဲ့နှစ်ပတ်တကြိမ်မှငွေထုတ်လို့ရမှာဆိုတော့ဘာမှတော့မထူးပါဘူး။ထုတ်ယူနိုင်တဲ့ငွေပမာဏကျတော့တိုးပေးမထားဘူးလေ။

Kpay ကနေ ငွေထုတ်တဲ့ရက်ကို ၇ ရက်အစား ၁၄ ရက်ကို တိုးမြင့်ပြောင်းလဲလိုက်တာကြောင့် ပြည်သူတွေအနေနဲ့အဆင်မပြေဖြစ်ရတဲ့အပြင် ငွေလဲခ ရာခိုင်နူန်းတွေတကျော့ပြန်မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။ရာခိုင်နှုန်းတွေထပ်တက်လာမလား၊ ကျသွားမလားတော့ စောင့်ကြည့်ရမှာပဲ။

” Kpay center မှာထုတ်တော့လည်း ထုတ်ခပေးရတာပဲ။ ၃ သိန်းကို ၂၄၀၀ ပေးရတယ်။ အရင် ၂ သိန်း ထုတ်တုန်းက ၂၀၀၀ ပေးရတယ်။ လုပ်စားနေကြတာပါ။အဲ့ဒီလိုထုတ်ရဖို့ကို ည ၁၂ နာရီအထိလည်းစောင့်ပြီးတုံကင်ယူရတယ်။ ” လို့ Kpay အသုံးပြုသူတဦးကပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ၄ ရက်နေ့အထိကို KBZ pay center ကနေ kpay အကောင့်တစ်ခုကိုတပတ်မှာတကြိမ်တုံကင်ရယူပြီးတကြိမ်ကို ၃ သိန်းကျပ်ထုတ်ပေးကာငွေထုတ်ပေးခအဖြစ် ၂၄၀၀ ကျပ်ပြန်လည်ပေးဆောင်ရပါတယ်။

ဘဏ်အကောင့်ထဲက မိမိတို့ရဲ့ငွေတွေကို ထုတ်ယူဖို့ ကြိုးစားကြရာဘဏ်အသုံးပြုသူတွေကိုငွေလိုသလောက်ထုတ်မပေးနိုင်တော့တာအခုဆိုတစ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။လက်ရှိမှာ ငွေသားထုတ်ယူဖို့အွန်လိုင်းကနေ booking လျှောက်ပြီးတုံကင်ယူရတဲ့စနစ်၊ Phone booking ယူရတဲ့ စနစ်တွေနဲ့သာ

ဘဏ်အသုံးပြုသူတွေက မိမိဘဏ်အပ်ငွေကို ခက်ခက်ခဲခဲထုတ်ယူနေရတာဖြစ်ပါတယ်။ဒါကြောင့်ဘဏ်အကောင့်ထဲကငွေကိုငွေသားနဲ့လဲလှယ်တဲ့စျေးကွက်တခုဖြစ်လာခဲ့ပြီးလက်တလောအဲဒီစျေးကွက်ရာခိုင်နှုန်းအနေနဲ့ ၃ ရာခိုင် နှုန်းကနေ ၄ ရာခိုင်နှုန်းကြားမှာ အလဲအလှယ်ရှိနေတယ်လို့သိရပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *