လျှပ်စစ်မီးခဏခဏပျက်ရခြင်းမှာ အကြောင်းအရင်းနှစ်ချက်ကြောင့်ဟုဆို

ဓါတ်အားထုတ်လုပ်မှုမလုံလောက်သည့်ကာလအတွင်းအချိန်သတ်မှတ်၍အလှည့်ကျစနစ်ဖြင့်မီးပေးနေခြင်းကိုပြည်သူများသိရှိအောင်ကြေညာပေးဖို့လိုအပ်ကြောင်း နစကလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက ၄င်း၏ဝန်ထမ်းများကိုမှာကြားသည်။




မတ်လ၅ရက်နေ့ကဝန်ကြီးနှင့်ဝန်ထမ်းများရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းရုံးချုပ်တွင်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။ယင်းအပြင် မီးပျက်ရခြင်း အကြောင်းအရင်းကိုလည်းလက်ရှိတွင်ဘီလူးချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံမှထွက်ရှိလာသော




လျှပ်စစ်ဓါတ်အားပို့လွှတ်နေသည့်တာဝါတိုင်များဖျက်ဆီးခံရသည့်အတွက်မဂ္ဂါဝပ်၂၂၀ခန့်အား နိုင်ငံတော်လျှပ်စစ်ဓါတ်အားသို့ပို့လွှတ်နိုင်မှုမရှိသည်ကတစ်ကြောင်း၊LNGစျေးနှုန်းအဆမတန်မြင့်တက်ပြီး
နိုင်ငံတကာရေနံစျေးကွက်တည်ငြိမ်မှုမရှိ၍ ဝယ်ယူရန်ခက်ခဲနေသည့်ကာလအတွင်း LNGဓါတ်ငွေ့ရည်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများ၏ဓါတ်အားထုတ်လုပ်မှု ၇၅၀မဂ္ဂါဝပ်ခန့် ရပ်တန့်ထားရခြင်းတို့ကြောင့်ကတစ်ကြောင်းဖြစ်သည်ဟုဝန်ကြီးကပြောသည်။




ယင်းအချက်များကြောင့်ထုတ်လုပ်မှုထက်သုံးစွဲမှုကပိုနေ၍ဝန်အားထိန်းညှိခြင်း၊ဝန်အာရလျှော့ချရခြင်းတို့ဆောင်ရွက်ရခြင်းဖြစ်သည်ဟုလည်းဝန်ကြီးကရှင်းပြသည်။လက်ရှိတွင်ပျက်ဆီးသွားသောတာဝါတိုင်များအားအမြန်ဆုံးပြုပြင်နေကာကျောက်ဖြူဒေသတွင်မဂ္ဂါဝပ်၁၅၀ပိုမိုထုတ်လုပ်နိုင်ရန်နှင့်




အခြားသောဒေသများတွင်ပါထုတ်လုပ်နိုင်ရေးစီစဉ်နေကြောင်းပါဝန်ကြီးကပြောသည်။“အမှန်ဆိုရင်ဌာနကဘယ်အချိန်တွေပျက်မယ်။ဘယ်အချိန်တွေလာမယ်တိတိကျကျကြေညာသင့်တယ်။




အခုကပျက်ချင်တဲ့အချိန်ပျက်လာချင်တဲ့အချိန်လာဆိုတော့ အတော်လေးအဆင်မပြေဘူး”ဟု ရန်ကုန်မြို့ခံတစ်ဦးကမှတ်ချက်ပြုသည်။