ဧပြီ(၁)ရက်နေ့မှစပြီးထောက်ခံစာပြခရီးသွားလာခြင်းအားခွင့်မပြု

ဧပြီ(၁)ရက်နေ့မှစပြီးထောက်ခံစာပြခရီးသွားလာခြင်းအားခွင့်မပြု

လာမည့် ဧပြီ ၁ရက်နေ့ကစပြီးပြည်သူတွေ ထောက်ခံစာပြခရီးသွားလာခြင်း မပြုတော့ဘူးလို့ စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့လိုအပ်ချက်အရလို့ဆိုကာ ဧပြီလ ၁ ရက်ကစပြီး

ခရီးသွားလာခြင်းနှင့်တည်းခိုနေထိုင်ရာနေရာများတွင်နိုင်ငံသားမှတ်ပုံတင်ကိုပြသရမည်ဖြစ်ပြီး ထောက်ခံစာများအသုံးပြုခြင်းအားခွင့်ပြုတော့မည်မဟုတ်ဘူးလို့ဆိုပါတယ်။လက်ရှိမှာအသက် ၁၆ နှစ် နှင့်အထက်အကျုံးဝင်သူတွေကို

ဥပဒေအရကိုင်ဆောင်သင့်တဲ့ကတ်တစ်မျိုးမျိုး ထုတ်ပေးဖို့အတွက်၂၀၂၁ ခုနှစ်မေလကတည်းက ၂၀၂၂ ခုနှစ်နိုဝင်ဘာလအထိတစ်အိမ်တက်ဆင်းဆောင်ရွက်ပေးနေတယ်ဆိုပြီးထုတ်ပြန်ထားပါတယ်။နိုင်ငံသားကတ်အတုကိုင်ဆောင်ခြင်းနှင့်

ကတ်အပိုထားရှိကိုင်ဆောင်ခြင်းများသည်တည်ဆဲဥပဒေအရပြစ်မှုမြောက်သည်ဟုလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဧပြီ(၁)ရက်နေ့မှစပြီးထောက်ခံစာပြခရီးသွားလာခြင်းအားခွင့်မပြု(Zawgyi)





Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *