ယနေ့မတ်လ၅ ရက်နေ့စပြီးစက်သုံးဆီအရောင်းဆိုင် ၁၃၈ဆိုင်မှာ အထူးဈေးနဲ့ ရောင်းချမည်

ယနေ့မတ်လ ၅ ရက်နေ့စပြီးတိုင်းနဲ့ပြည်နယ်များရှိစက်သုံးဆီအရောင်းဆိုင် ၁၃၈ဆိုင်တွင်ဒီဇယ်ဆီများကို အထူးဈေးနှုန်းဖြင့်ရောင်းချပေးမည်စီးပွား/ကူးသန်းဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ်။ဒီဇယ်ဆီဂါလံ၁၂ ဒသမ ၅၄ သန်းခန့်တင်သွင်းခဲ့ပြီး




အထူးဈေးနှုန်းဖြင့်မတ်လ၅ ရက်မှစပြီးကုမ္ပဏီ၁၀ ခုကတိုင်းဒေသကြီး/ပြည်နယ်များရှိစက်သုံးဆီအရောင်းဆိုင်၁၃၈ ဆိုင်တွင်ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူများအနေဖြင့် အထူးဈေးနှုန်းဖြင့်ရောင်းချပေးမည့်စက်သုံးဆီအရောင်းဆိုင်များတွင်




ဒီဇယ်ဆီများကိုမြန်မာရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်းဝယ်ယူရရှိနိုင်မှာဖြစ်တယ်လို့လည်းဆိုပါတယ်။နေ့စဉ်ဒီဇယ်ဆီဈေးနှုန်းများအား မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်ကနေနေ့စဉ်ထုတ်ပြန်ပေးနေပြီး




သတ်မှတ်စက်သုံးဆီဆိုင်တွေမှာသတ်မှတ်ဈေးနှုန်းအတိုင်းဝယ်လို့မရဘူးဆိုရင်ဖုန်း- ၀၉၆၆၄၀၇၅၆၈၃ ၊၀၉၆၆၄၅၉၆၃၂၇ တို့ကို တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။မတ်လ ၄ ရက်ရန်ကုန်မြို့ရှိစက်သုံးဆီအရောင်းဆိုင်တွေမှာတော့ ၉၂ အောက်တိန်းတစ်လီတာကို ၁၉၆၀ ကျပ်၊




၉၅ အောက်တိန်းတစ်လီတာကို၂၀၁၅ ကျပ်၊ရိုးရိုးဒီဇယ်တစ်လီတာကို ၂၀၂၅ ကျပ်၊ပရီမီယံဒီဇယ်တစ်လီတာကို ၂၀၃၅ ကျပ်အထိမြင့်တက်နေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးတွင်းရောင်းချမည့်ဆိုင်များ


မန္တလေးတိုင်းဒေသကြီးတွင်းရှိရောင်းချမည့်ဆိုင်များ

နေပြည်တော်ရောင်းချပေးမည့်ဆိုင်များ
