ထိုင်းသရုပ်ဆောင်မင်းသမီးတိုင်မို၏မိခင်ကနစ်နာကြေးပေးရင်အမှုကျေအေးပေးမယ်ဆိုတာကြောင့် တိုင်မို၏ပရိသတ်များ ဒေါသထွက်

ထိုင်းသရုပ်ဆောင်မင်းသမီးတိုင်မို၏မိခင်ကနစ်နာကြေးတောင်းလိုက်တာကြောင့် တိုင်မို၏ပရိသတ်များ ဒေါသထွက်

ထိုင်းအလယ်ပိုင်းနွန်ထပူရီခရိုင်ကျောက်ဖရားမြစ်ထဲမှာ ထိုင်းနာမည်ကြီးသရုပ်ဆောင်မင်းသမီး လှေပေါ်ကပြုတ်ကျရေနစ်သေဆုံးရတာနဲ့ပတ်သက်လို့ မိခင်ဖြစ်သူကဘတ်သန်းပေါင်း ၃၀ ရရင်အမှုကျေအေးမယ့်အခြေအနေရှိတာကြောင့်

အနုပညာအသိုင်းအဝိုင်းမှာကော ပရိသတ်တွေကပါသူ့မိခင်ကိုဒေါသထွက်နေကြပါတယ်။တိုင်မိုရဲ့မိခင်ဖြစ်သူဖနိဒါဆီရယုဒ်ယိုးထင်းဟာမတ် ၄ ရက်ကချနယ်လ် ၃ ထိုင်းတီဗွီအင်တာဗျူးတစ်ခုမှာ- သမီးနဲ့အတူလှေပေါ်ပါလာတဲ့ လှေပိုင်ရှင်သူဌေးကသူ့ကိုနစ်နာကြေးနဲ့ပတ်သက်လို့မေးမြန်းခဲ့ကြောင်း၊

သူကလည်း သမီးသာမသေဘူးဆိုရင်နောက်ထပ်နှစ်ပေါင်း ၃၀ အထိမိခင်ကိုရှာဖွေလုပ်ကျွေးနိုင်မှာဖြစ်ပြီးသမီးဝင်ငွေက ၁နှစ်ကိုဘတ် ၁ သန်းလောက်ရှိတဲ့အတွက်ဘတ်သန်း ၃၀ လောက်အဆိုပြုခဲ့တယ်လို့ပြောပါတယ်။လှေပိုင်ရှင်သူဌေးကပေးနိုင်မယ့်အခြေအနေရှိပြီးလှေပေါ်ပါလာတဲ့တခြားသူတွေဆီကလည်းနစ်နာကြေး ရရင်ယူမှာဖြစ်ကြောင်း၊

သူ့ကိုယ်ရံတော်ကသစ်ကတော့တတ်နိုင်မယ့်ပုံမရှိသလိုပြောကြားသွားတာပါ။ဒါ့အပြင်ဒီအမှုမှာလိုင်စင်သက်တမ်းကိုလှေအသုံးပြုမှု၊လိုင်စင်မရှိဘဲလှေမောင်းမှုနဲ့ အရေးယူခံထားရတဲ့လှေပိုင်ရှင်သူဌေးနဲ့ရောဘတ်ဆိုသူအမျိုးသား၂ ဦးကိုတိုင်မိုရဲ့မိခင်ကစိတ်ရင်းစေတနာကောင်းသူ၊ဆက်ဆံရေးကောင်းသူ၊သမီးဆုံးတဲ့ကိစ္စကောင်းစွာဝန်ချတောင်းပန်ပြီး

သူ့ကိုလည်းအမေတယောက်လိုကြည့်ရှုစောင့်ရှောက်မယ်လို့ပြောတဲ့အတွက်သူတို့ ၂ ယောက်လုံးကို ၁၀၀ ရာခိုင်နှုန်းခွင့်လွှတ်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်လှေပေါ်ပါတဲ့အမျိုးသမီး ၂ ဦးနဲ့တိုင်မိုရဲ့အမှုမှာတောက်လျှောက်လိုက်ပါဆောင်ရွက်နေတဲ့တိုင်မိုရဲ့အသုဘအခမ်းအနားဖြစ်မြောက်ရေး ဆောင်ရွက်နေတဲ့ဟစ်ပိုနဲ့ အဲင်နာတို့ ၂ ယောက်ကိုတော့ ၅၀ ရာခိုင်နှုန်းသာခွင့်လွှတ်ကြောင်း၊

သူတို့ဟာ မိခင်ကိုခွင့်မတောင်းဘဲတီဗွီမှာအင်တာဗျူးဖြေခဲ့တဲ့အပြင်အဲန်နာကလည်းအသုဘအခမ်းအနားနေရာပြောင်းမယ့်ကိစ္စလာမတိုင်ပင်လို့အပြည့်အဝခွင့်မလွှတ်နိုင်ဘူးလို့ပြောခဲ့တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးအစီအစဉ်တင်ဆက်သူကအဲန်နာထံတိုက်ရိုက်ဖုံးခေါ်ရာမှာအဲန်နာကသူငယ်ချင်းရဲ့အသုဘအလှပဆုံးဖြစ်အောင်ကြိုးစားနေကြောင်း၊

နေရာပြောင်းမယ်ဆိုတာအချင်းချင်းတိုင်ပင်တာပဲဖြစ်ပြီးဘယ်နေရာမှတရားဝင်မပြောခဲ့သလိုဘာလုပ်လုပ် မိခင်ရဲ့ဆုံးဖြတ်ချက်နဲ့ပဲလုပ်တာဖြစ်တယ်၊နေရာပြောင်းရင်လည်းမိခင်ဆီခွင့်တောင်းမှာပဲ၊အခုမသေချာတော့မပြောသေးတာ၊ဒါပေမဲ့နောက်ဆိုဘာမှဝင်မစွက်ဖက်တော့ပါဘူး၊အသုဘကူညီရေးတွေလည်းရပ်လိုက်တော့မယ်၊အမေ့ကိုတော့လေးစားပါတယ်လို့ ငိုယိုပြီးပြောသွားပါတယ်။

ဒါ့အပြင်တိုင်မိုမှသူ့မွေးစားသမီး(ကသစ်ရဲ့သမီးရင်း )အတွက်အာမခံကြေး ၁ သန်းလုပ်ထားရာမှာအဲဒီကလေးကိုတိုင်မိုကတရားဝင်မွေးစားတာမဟုတ်ကြောင်း၊ကလေးကလည်းငယ်သေးလို့အမေ့အနေနဲ့အမွေကိုစီမံကိုင်တွယ်ခွင့်ရှိပြီး ကလေးအရွယ်ရောက်မှခွဲပေးမယ်လို့ အင်တာဗျူးမှာပြောပါတယ်။

ဒီဖြေကြားချက်တွေအပေါ်မှာလူမှုကွန်ရက်မှာထိုင်းပရိသတ်တွေကတိုင်မိုရဲ့မိခင်ဟာသမီးအသက်ထက်ငွေပိုမက်သူလို့ယူဆပြီး နဂိုကကသစ်နဲ့လှေပေါ်ပါသူတွေကိုပြစ်တင်နေရာကသူ့အမေဘက်ကိုလှည့်သွားပြီးပြစ်တင်ရှုတ်ချနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးသနေရှင်းသတင်းထောက်ကနာမည်ရရှေ့နေတစ်ဦးကိုမေးကြည့်ရာမှာတော့တိုင်မိုမိခင်အနေနဲ့ လှေပေါ်ပါသူတွေဆီကငွေတွေယူပြီး ဗွေမယူဘဲခွင့်လွှတ်လို့ရချင်ရပေမဲ့ ရဲ တပ်ဖွဲ့ဘက်ကတော့ အမှုမှန်ကိုဖော်ထုတ်ရမယ့်ဝတ္တရားရှိလို့သူတို့အလုပ်သူတို့ဆက်လုပ်မှာဖြစ်တယ်လို့ဆိုပါတယ်။

တိုင်မိုကမွေးစားသမီးကိုအာမခံငွေ ၁ သန်းလွှဲတဲ့ကိစ္စဟာဥပဒေအရတရားဝင်မွေးစား သမီးဖြစ်မဖြစ်နဲ့မသက်ဆိုင်ကြောင်း၊အာမခံခံစားခွင့်ရှိသူဟာဆွေမျိုးတော်စပ်တာ/ သွေးသားတော်စပ်တာတွေနဲ့မဆိုင်ဘဲစာချုပ်ထဲမှာပါနာမည်ပါတဲ့သူသာရရမှာဖြစ်တယ်၊တိုင်မိုရဲ့ မိခင်အနေနဲ့လည်း စွက်ဖက်ခွင့်မရှိ၊ခံစားခွင့်မရှိဘူးလို့ ရှေ့နေကပြောပါတယ်။

မိခင်ဖြစ်သူက အင်တာဗျူးမှာခုလိုဖြေကြားတာနဲ့ပတ်သက်ပြီး တိုင်မိုရဲ့အစ်ကိုဖြစ်သူက သူ့ရဲ့လူမှု ကွန်ရက်မှာအသည်းကွဲပုံနဲ့ဝမ်းနည်းကြောင်းဖော်ပြခဲ့ပါတယ်။တိုင်မိုရဲ့ ဖခင်နဲ့ မိခင်တို့ဟာတိုင်မို ၃ နှစ်သမီးအရွယ်ကတည်းကအိမ်ထောင်ကွဲခဲ့ပြီးတိုင်မိုကဖခင်ရဲ့လက်ထဲမှာကြီးပြင်းလူလားမြောက်ခဲ့တာဖြစ်ပါတယ်

၊အဖေတစ်ခုသမီးတစ်ခုဘဝနဲ့ အလုပ်မျိုးစုံဘဝမျိုးစုံမှာပင်ပန်းစွာရှာဖွေကျွေးမွေးခဲ့ပြီးသူ့မိခင်ကတော့သမီးနာမည်ကြီးမှပြန်လည်ဆက်သွယ်ကာဖခင်သေဆုံးတဲ့နောက်သမီးနဲ့အတူတူပြန်နေတာဖြစ်ပါတယ်။

မိခင်က တီဗွီအင်တာဗျုးမှာငွေကိစ္စပြောပြီးတဲ့နောက်လူမှုကွန်ရက်နဲ့သတင်းဌာနတွေကသူတို့ မိခင်ဖခင်ရဲ့အိမ်ထောင်ရေးပြဿနာ၊တိုင်မိုရဲ့ဖခင်အင်တာဗျူးဟောင်းတွေပြန်လည်ဖော်ထုတ်တင်ဆက်လာကြပါတယ်။

Facebook Comments Box