တောင်သူများအတွက် ငွေ(၆၀၀၀)ကျပ်ရှိယုံဖြင့် ပိုးသတ်ဆေးဖော်စပ်လို့ရတဲ့နည်း

တောင်သူများအတွက် ငွေ(၆၀၀၀)ကျပ်ရှိယုံဖြင့် ပိုးသတ်ဆေးဖော်စပ်လို့ရတဲ့နည်း

ဘဝတူတောင်သူလယ်သမားအတွက်စပါးဈေး သီးနှံဈေးကျနေတဲ့အတွက် သွင်းအားစုတစ်ခုဖြစ်တဲ့ပိုးသတ်ဆေးများကိုဈေးကြီးပေးဝယ်သုံးနေရတာတွေကိုလျော့ချနိူင်အောင်ဓာတုအန္တရယ်လဲကင်းလွတ်ဖို့အတွက်

ကျွန်တော်စမ်းသပ်သုံးစွဲနေတာ ၂နှစ် စပါးရာသီ ၄ရာသီ ရှိပြီးဖြစ်တဲ့အစွမ်းထက်တဲ့ဆေးရွက်ကြီးပိုသတ်ဆေးကိုယုံကြည်စိတ်ချစွာကိုယ်တိုင်ပြုလုပ်သုံးစွဲချင်းဖြင့်သွင်းအားစုသက်သာပြီးအကျိုးအများကြီးဖြစ်ထွန်းပါတယ်။

ဆေးရွက်ကြီးဖော်စပ်ပုံကိုနားလည်လွယ်အောင်ဖော်ပြရေးပေးပါမယ်လိုအပ်တဲ့ပစ္စည်းများ

(၁) မိုးဗြဲဒယ် ၁ လုံးရေ ၅ ဂါလံဆန့်ဒယ်ဖြစ်ရပါမည်။

(၂) ထင်း နဲ့မီးဖို (၃)ဆေးရွက်ကြီး ၁ ပိသာ(ကုန်ကျငွေ၄၀၀၀ကျပ်ခန့်)ဆေးရွက်ကြီးကိုနေလှန်းပြီးကျိုလျှင်အရည်ပျော်မြန်အောင်နုတ်နုတ်စင်းထားပါ။

(၄) ရွှေဝါဆပ်ပြာ၆ ပိုင်း(ကုန်ကျငွေ၁၂၀၀ကျပ်ခန့်)ကျိုလျှင်အရည်ပျော်မြန်အောင်ဓါးနှင့်ပါးပါးလှီးထားပါ။

ပြုလုပ်နည်း

အားလုံးပြည့်စုံရင် ရေ ၅ ဂါလံကို မိုးဗြဲထဲထဲ့ပြီးရေဆူအောင်ကျိုပါ။ဆေးရွက်ကြီး ၁ ပိသာထည့်ကျိုပါ။ ပြီးလျှင်ရေပြန်ဆူလျှင်ရွှေဝါဆပ်ပြာပါးပါးလှီးထားတာထည့်ပြီးဆပ်ပြာပျော်ပြီဆိုလျှင် မီးဖိုပေါ်မှချပြီး အအေးနည်းနည်းခံပါ။

အပူနည်းနည်းချန်ပြီးမိုးဗြဲဒယ်ထဲမှ ကော်ပုံးသို့မဟုတ်အစဉ်ပြေတဲ့ထည့်စရာထဲ ဇာဖြင့်အရည်စစ်ယူပါ။ နည်းနည်းတော့ပူပါမည်သတိထားပါ။အေးလျှင်အရည်ညှစ်လို့မကောင်းလို့ပါ။ရရှိအရည် ၃ ဂါလံခန့်ရပါမည်။

အဖက်များကိုလဲနေလှန်းပြီး အခြားအပင်တွေအခြေမှာထားပြီးပိုးသတ်ဆေးလုပ်လို့ရပါသည်။ကော်ပုံထဲထည့်စိမ်းထားလျှင်လယ်ဟာနယ်ထားပါ။အဖုံးကို မကြာခဏဖွင့်ပေးပါ။ရက်အတန်ကြာလျှင်အဖုံးပိတ်ထားလို့ရပါပြီ။

ရရှိဆေးအရည်ကို ဆေးဖျန်းပုံး ၄ဂါလံပုံးဆိုရင်ရေသန်းဗူးခွံ ၁ လီတာ ဗူးနဲ့ ၁ ဗူးထည့်သုံးပြီးပိုးကျနေတဲ့စပါးခင်းတွေ မှာ ဖျန်းပေးပါ။ပိုးမထွက်သေးလျှင် ၂ ရက်လောက်နေရင် ထပ်ဖျန်းပါ။သေချာပေါက်ပိုးထွက်ပါမည်။ မကျေနပ်သေးရင် ၃ ကြိမ်ဖျန်းပေါ့။

ကြိုတင်ကာကွယ်ချင်လျှင် မြေဆီကျွေးပြီး ၂ ရက်၃ ရက်နေရင်ကြိုဖျန်းလျှင်ပိုးလုံးဝမကျပါဘူးလက်တွေစမ်းသပ်သုံးစွဲပြီးပါပြီ။ခရုကျလျှင်လဲ ရေလျော့ပြီးဆေးပြင်းပြင်းသုံးပြီးဖျန်းပေးပါ။ခရုပါသေပါသည်။

ဘဝတူ တောင်သူလယ်သမားများအကျိုးမျော်ကိုး၍ကုန်ကျငွေနည်းနည်းနဲ့ပိုးသတ်ဆေးကိုယ်တိုင်ထုတ်လုပ်သုံးစွဲစေချင်ပါသည်။ကုန်ကျငွေ စုစုပေါင်း၆၀၀၀ ခန့်ဖြင့်ဆေးရည် ၃ ဂါလံရပါမည်ပေါပေါများများသုံးစွဲလို့ရပါသည်။

ဆေးရွက်ကြီး ဆပ်ပြာဆေးရည်စားမိတဲ့ပိုးတစ်ခါထဲမျိုးပြုတ်သွားမယ် ပိုးတွေအားလုံးရှောသွားစေရမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်…။။ပြန်လည်မျှဝေချင်းဖြင့်တောင်သူများကိုကူညီပေးပါ။

ကိုးကား ခရက်ဒစ် Tun Lin

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *