စက်သုံးဆီစျေးများနှင့်အပြိုင် စားသုံးဆီစျေးများလည်း မြင့်တက်လျှက်ရှိ
စက်သုံးဆီစျေးများနှင့်အပြိုင် စားသုံးဆီစျေးများလည်း မြင့်တက်လျှက်ရှိ
စျေးကွက်ထဲစားအုန်းဆီစျေးတွေ တစ်နေ့တစ်ခြားမြင့်တက်လျှက်ရှိနေတယ်လို့ စားသုံးသူတွေကပြောကြပါတယ်။အရင်ကဆီတစ်ပိဿကို ငွေကျပ် ၅၀၀၀စွန်းစွန်းရှိတာကနေအခုတော့ ၇၀၀၀ကျော်၊၈၀၀၀ကျော်အထိမြင့်တက်လာနေပါတယ်။
ဗဟိုဘဏ်ကရောင်းချတဲ့ ဒေါ်လာပေါက်စျေးနဲ့ဝယ်ယူပြီး စားသုံးသူတွေကို ဖြန့်ဖြူးရောင်းချပေးနေတဲ့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်အသင်းရဲ့ရပ်ကွက်တွေထဲလှည့်ရောင်းတဲ့ဒီကနေ့ မတ်လ၄ရက်နေ့စျေးတောင် ၁ပိဿကို ၅၉၀၀ကျပ်စျေးနှင့်လိုက်လံရောင်းချပေးနေပါတယ်။
မတ်လ၃ရက်နေ့က မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်အသင်းရဲ့ ရပ်ကွက်တွေထဲလှည့်ရောင်းတဲ့စျေးက ၅၀၅၀ကျပ်ပဲရှိတာတွေ့ရတာကြောင့် ၂၄နာရီအတွင်း စားဆီ၁ပိဿကို ၈၅၀ကျပ်တက်သွားခဲ့ပါတယ်။
ပြင်ပမှာတော့စျေးကွက်မှာက အခုထက်အဆများစွာတက်နေပါတယ်။အခုလိုစျေးတက်တာတွေကဆီလက်ကျန်နည်းနေတာကြောင့်လို့ စျေးကွက်ထဲကနေသိရပါတယ်။ဆီကုန်သည်အချို့ကတော့စျေးမတက်အောင်ထိန်းနေကြတာရှိပါတယ်လို့သိရပါတယ်။
ယခုလိုစားအုံးဆီစျေးတင်မက ပြည်တွင်းမှ ထွက်သောမြေပဲဆီစျေးတွေလည်းလိုက်လံမြင့်တက်လာပါတယ်။ယခင်လက၇၀၀၀ ကျပ် ၈၀၀၀ကျပ်ပေါက်တဲ့စျေးကနေ ယခုဆို ၉၀၀၀ကျပ် ၁၀၀၀၀စျေးပေါက်နေတယ်ဆို စားသုံးသူပြည်သူတစ်ဦးကပြောပါတယ်။
စက်သုံးဆီဈေးများနှင့်အပြိုင် စားသုံးဆီဈေးများလည်း မြင့်တက်လျှက်ရှိ(Zawgyi)
ဗဟိုဘဏ်ကရောင်းချတဲ့ ဒေါ်လာပေါက်ဈေးနဲ့ဝယ်ယူပြီး စားသုံးသူတွေကို ဖြန့်ဖြူးရောင်းချပေးနေတဲ့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်အသင်းရဲ့ရပ်ကွက်တွေထဲလှည့်ရောင်းတဲ့ဒီကနေ့ မတ်လ၄ရက်နေ့ဈေးတောင် ၁ပိဿကို ၅၉၀၀ကျပ်ဈေးနှင့်လိုက်လံရောင်းချပေးနေပါတယ်။
မတ်လ၃ရက်နေ့က မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်အသင်းရဲ့ ရပ်ကွက်တွေထဲလှည့်ရောင်းတဲ့ဈေးက ၅၀၅၀ကျပ်ပဲရှိတာတွေ့ရတာကြောင့် ၂၄နာရီအတွင်း စားဆီ၁ပိဿကို ၈၅၀ကျပ်တက်သွားခဲ့ပါတယ်။
ပြင်ပမှာတော့ဈေးကွက်မှာက အခုထက်အဆများစွာတက်နေပါတယ်။အခုလိုဈေးတက်တာတွေကဆီလက်ကျန်နည်းနေတာကြောင့်လို့ ဈေးကွက်ထဲကနေသိရပါတယ်။ဆီကုန်သည်အချို့ကတော့ဈေးမတက်အောင်ထိန်းနေကြတာရှိပါတယ်လို့သိရပါတယ်။
ယခုလိုစားအုံးဆီဈေးတင်မက ပြည်တွင်းမှ ထွက်သောမြေပဲဆီဈေးတွေလည်းလိုက်လံမြင့်တက်လာပါတယ်။ယခင်လက၇၀၀၀ ကျပ် ၈၀၀၀ကျပ်ပေါက်တဲ့ဈေးကနေ ယခုဆို ၉၀၀၀ကျပ် ၁၀၀၀၀ဈေးပေါက်နေတယ်ဆို စားသုံးသူပြည်သူတစ်ဦးကပြောပါတယ်။
ဓါတ်ပုံ− မြန်မာနိုင်ငံဆီကုန်သည်နဲ့ဆီလုပ်ငန်းရှင်အသင်း
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *