စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသတချို့အင်တာနက်ဖြတ်တောက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသတချို့အင်တာနက်ဖြတ်တောက်ခံရ

စစ်ကောင်စီတပ်တွေနဲ့ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာဒီနေ့ မတ် ၄ ရက်ကစပြီးအင်တာနက်ပြတ်တောက်နေပြီး

သုံးစွဲမရတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ကျွန်တော်တို့က ညတုန်းကတော့တောဘက်တွေမှာ စစ်ဘေးရှောင်နေရတော့အင်တာနက်တွေကမသုံးဖြစ်တော့မသိဘူး။

ဒီနေ့မနက် ၆ နာရီလောက်နိုးလို့အင်တာနက်သုံးတာ ၊သုံးလို့မရတော့ဘူး ”လို့ ကျွန်းလှမြို့နယ်ဒေသခံတစ်ယောက်ကပြောပါတယ်။ယင်းမာပင် ဒေသခံတဦးကလည်း “မနေ့က ည ၁၁ နာရီကစပြီး စစ်ကိုင်းတိုင်းရှိ ၃၃ မြို့နယ် အင်တာနက်ဖြတ်တောက်သွားတယ်။

MPT နဲ့ အော်ရီဒူးက အင်တာနက်လုံးလုံးမရတော့ဘူး။ တယ်လီနောကတော့ 2G တချက်တချက်ပေါ်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာကစပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲကမြို့နယ်ပေါင်း ၂၂ ခုကို အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။

အဲဒီတုန်းက ဖြတ်တောက်ခံရတဲ့အထဲ စစ်ကိုင်းတိုင်းထဲကအရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ရေဦး၊တန့်ဆည်နဲ့ ဘုတလင်ခုနစ်မြို့နယ်ပါဝင်ခဲ့ပါတယ်။အခုအခါ စစ်ကိုင်းတိုင်းထဲကချောင်းဦး၊ဆားလင်းကြီး၊မြောင်၊ဒီပဲယင်း၊ဝက်လက်၊ရေဦး၊မြင်းမူ၊ဗန်းမောက်၊ကသာ၊ကန့်ဘလူ၊

တန့်ဆည်၊မင်းကင်း၊ကျွန်းလှ၊ကလေးဝ၊တမူး၊မော်လိုက်အပါအဝင် မြို့နယ် ၂၃ ခုမှာ အင်တာနက်တွေ ဖြတ်တောက်မယ်ဆိုတဲ့စာရင်းတစ်ခုလည်း လူမှုကွန်ရက်မှာမနေ့မတ် ၃ ရက်နေ့ကစလို့ပျံ့နှံ့နေပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်နဲ့ မြို့ပေါင်း ၅၀ ကျော်ရှိပါတယ်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *