ကိုရီးယားကြက်ခြေထောက်နှပ်ချက်နည်း

ပါဝင်ပစ္စည်းများ
၁။ကြက်ခြေထောက်၁ကီလို

၂။ဆိုဂျူ၁ခွက်

၃။ဂျင်းတစ်တက်

၄။ရေ500ml
၅။ငရုတ်စိမ်း၃တောင့်၊

၆။ဗီယမ်နမ်ငရုတ်သီးတစ်ခြမ်း။

၇။ကြက်သွန်နီတစ်ခြမ်း၊
၈။အရသာမှုန့်၁ဇွန်း

၉။ငရုတ်သီးမှုန့်၅ဇွန်း
၁၀။သကြား၃ဇွန်း

၁၁။Oligo dang ၃ဇွန်း၊
၁၂။ကိုရီးယားပဲငံပြာရည်၅ဇွန်း၊

၁၃။ကြက်သွန်ဖြူထောင်း၁ဇွန်း၊
၁၄။နှမ်းဆီ၁ဇွန်း

ချက်ပြုတ်နည်း
ကြက်ခြေထောက်တွေကို ရေထဲမှာဖြည်းညှင်းစွာဆေးကြောပေးပါ။ပြီးရင်ရေစစ်ထားပေးပါ။

အနှစ်အတွက်ပြင်ဆင်ပါမယ်။ရေ၅၀၀ mlထဲမှာ ငရုတ်သီးစိမ်း၃တောင့်၊ဗီယက်နမ် ငရုတ်သီးတစ်ခြမ်း၊အရသာမှုန့်၁ဇွန်း၊ကြက်သွန်နီတစ်ခြမ်းထည့်ပြီးကြိတ်ပါမယ်။(အစပ်ကြိုက်ကပိုထည့်နိုင်ပါတယ်။)

ပြီးရင် ငရုတ်သီးမှုန့်၅ဇွန်း၊သကြား၃ဇွန်း၊Oligo dang 3ဇွန်း၊ပဲငံပြာရည်၅ဇွန်း၊ကြက်သွန်ဖြူနုပ်နုပ်စင်း၁ဇွန်းနှမ်းဆီ၁ဇွန်းတို့ထည့်ပါမယ်။

ကြက်ခြေထောက်တွေပြုတ်ဖို့အတွက် ရေနွေးတည်ပါမယ်။ရေပွက်ပြီဆိုတာနဲ့ကြက်ခြေထောက်တွေကိုထည့်ပေးပါမယ်။

အရိုးမှာကပ်နေတဲ့အညစ်အကြေးတွေသန့်စင်ဖို့အတွက်ပထမတစ်ဆင့်ပြုတ်ပေးရပါမယ်။ပြီးရင်ရေနွေးပွက်ပွက်ထဲမှာဆိုဂျူတစ်ခွက်၊ဂျင်းတစ်တက်တို့ကိုထည့်ပြီးကြက်ခြေထောက်၅မိနစ်လောက်ပြုတ်လိုက်ပါ။

ပြီးရင်ရေအေးထဲမှာဆေးကြောပြီးရေစစ်ချပေးပါ။ကြက်ခြေထောက်စနှပ်ပါမယ်။
မီးအားပြင်းပြင်းထဲမှာ ဆီ၅ဇွန်းထည့်ပြီး ကြက်ခြေထောက်လေးတွေကိုရွှေအိုရောင်သန်းတဲ့အထိကြော်ပြီးလုပ်ထားတဲ့အနှစ်တွေလောင်းထည့်ပြီး မီးအားအသင့်တင့်ထဲမှာ မိနစ်၃၀လောက်အရည်ခမ်းတဲ့အထိတည်ပေးပါ။

အောက်မှာမကပ်အောင်၅မိနစ်တစ်ခါမွှေပေးပါ။ရေတဖြေးဖြေးခမ်းလာပြီဆီထဲမှာအနှစ်ကစိမ့်ဝင်ပြီဆိုရင် ပဲငံပြာရည်လေးနဲ့တစ်ခေါက်အရသာအပေ့ါအငံမြည်းပြီးလိုအပ်သလိုပြုပြင်ပေးလိုက်ပါနော်။

အရသာလေးအဆင်ပြေပြီဆို နှမ်းလေးဖြူးပေးလိုက်ပါနော် ။ရပါပြီအရသာရှိတဲ့ ကြက်ခြေထောက်နှပ်လေးပါ။

ဆောင်လေးအေးအေးမှာဝိုင်လေးနဲ့ပဲဆွဲမလားကိုကိုတွေအတွက်ဘီယာလေးနဲ့ပဲဆွဲမလား ကိုရီးယားဆိုဂျူလေးပဲဆွဲမလားအရမ်းဂွတ်ပါတယ်ရှင့် ။ဘာမှမသောက်တဲ့သူဆိုရင်လည်း ကိုလာလေးနဲ့ဆွဲပေ့ါနော့။
ဖိုတိုခရက်ဒစ်