စိတ်ဖိစီးမှုများနေသူများအတွက် စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့အစားစာ(၁၁)မျိုး

စိတ်ဖိစီးမှုများနေသူများအတွက် စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့အစားစာ(၁၁)မျိုး

ကျန်းမာခြင်းသည် လာဘ်တစ်ပါးပါ။ ကျန်းမာမှသာလျှင် ဖြစ်ချင်တာကိုလုပ်နိုင်မှာဖြစ်ပါတယ်။တစ်နေ့တာလှုပ်ရှားမှုတွေကို စိတ်လက်ကြည်ကြည်သာသာနဲ့လုပ်ချင်သူတွေအတွက် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေမယ့်အစားအသောက်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

လူတစ်ယောက်ကအမြဲစိတ်ခံစားမှု ကောင်းနေဖိုဆိုတာလွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အခုပြောပြမယ့် အစားအစာတွေကတော့ စိတ်ဖိစီးမှုနဲစိတ်ပူပန်မှုကိုလျော့ကျစေနိုင်ပြီး စိတ်ဓာတ်ကျမှုကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ဘယ်အစားအစာတွေက စိတ်ခံစားမှုတွေကိုကောင်းမွန်စေနိုင်မှာလဲ

၁။ရေ

ရေက ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စွာလုပ်ဆောင်နိုင်စေဖိုအတွက်တော်တော်လေးကိုအရေးပါတာပါ။ခန္ဓာကိုယ်မှာရေဓာတ်အနည်းငယ်ဆုံးရှုးသွားတယ်ဆိုရင်တောင်မှ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာအများကြီးထိခိုက်စေနိုင်ပါတယ်။

ရေဓာတ်နည်းလာတဲ့အခါ အာရုံစိုက်နိုင်စွမ်းလျော့ကျလာနိုင်ပါတယ်။ဒါကြောင့် အမြဲလိုလိုတက်တက်ကြွကြွနေနိုင်ဖိုအတွက်ရေလုံလောက်အောင်သောက်ပေးပါ။

၂။ချောကလက်

ဒါကတော့ အရမ်းထူးဆန်းတာမဟုတ်ပါဘူး။ ချောကလက်စားရင် စိတ်ခံစားမှုကောင်းတယ်ဆိုတာကိုလူတိုင်းလိုလိုသိထားပြီးသားပါ။သိပ္ပံနည်းကလေ့လာမှုတွေအရတော့အနက်ရောင်ချောကလက်ကိုနေ့စဉ်စားသုံးပေးတာကစိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကိုကျဆင်းစေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ စိတ်ဖိစီးနေသလား ချောကလက်စားပါ။

၃။ငါး

အဆီများတဲ့ငါးတွေ၊ ကမာကောင်လိုမျိုး ပင်လယ်စာတွေကို စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်ကနေ မထုတ်နိုင်တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ စိတ်ခံစားမှုကိုပိုကောင်းစေနိုင်တဲ့omega-3 fatty acid ကိုရရှိစေနိုင်တာကြောင့် စိတ်ခံစားမှုကိုပိုမိုကောင်းမွန်စေနိုင်ပါတယ်။

အဆီများတဲ့ ငါးတွေကို စားသုံးတဲ့အခါ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာလိုမျိုး စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်သလို ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။

၆။အုန်းသီး

စိတ်ဖိစီးတဲ့အခါ အုန်းသီးနည်းနည်းလောက်စားပေးလိုက်ပါ။ အုန်းသီးက စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့သဘာဝဆေးတစ်မျိုးပါ။အုန်းသီးရဲ့ရနံ့ကနှလုံးခုန်နှုန်းကိုနှေးစေပြီး စိတ်ခံစားမှုကိုကောင်းစေနိုင်တဲ့အာနိသင်ရှိပါတယ်။စိတ်ဖိစီးမှုကိုသက်သာစေနိုင်ပြီး စိတ်ဓာတ်ကျနေတာကိုပုံမှန်အတိုင်းပြန်လည်ကောင်းမွန်လာစေမှာပါ။

၇။ငှက်ပျောသီး

ငှက်ပျောသီးမှာပါတဲ့ ဗီတာမင် A၊ B6၊ C၊ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်၊phosphorous၊ သံဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်တို့ပါဝင်တာကြောင့်စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါသတဲ့။ ငှက်ပျောသီးကညဘက်ကိုလည်းကောင်းစွာအိပ်ပျော်စေတာကြောင့်

အိပ်မပျော်တာ၊ စိတ်ဓာတ်ကျတာ နဲ့ စိုးရိမ်ပူပန်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီး အရွယ်တော်တစ်လုံးစားသုံးပေးပါ။

၈။ဟင်းနုနွယ်

ခန္ဓာကိုယ်မှာ ဗီတာမင် B လျော့နည်းလာတဲ့အခါ စိတ်ဓာတ်ကျတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာဗီတာမင်B ပြည့်ဝနေဖိုကလည်းဂရုစိုက်သင့်တဲ့အချက်တစ်ခုပါ။ ဒါကြောင့်ဗီတာမင်B ပြည့်ဝဖိုအတွက်ဟင်းနုနွယ်ရွက်လိုမျိုးအစိမ်းရင့်ရောင်ရှိတဲ့အရွက်တွေကို စားသုံးပေးပါ။ပန်းဂေါ်ဖီစိမ်းစားပေးရင်လည်းရပါတယ်။

၉။ကညွတ်

ခန္ဓာကိုယ်ထဲမှာ folate ပမာဏက ၅၀ ရာခိုင်နှုန်းအောက်ကျသွားပြီဆိုရင်စိတ်ဓာတ်ကျမှုကို ခံစားရနိုင်ခြေကတော်တော်လေးများသွားပါပြီ။ ဒီလိုအချိန်မှာ စိတ်ဓာတ်ကျမှုကို တိုက်ဖျက်နိုင်ဖိုအတွက် folate ပြည့်ဝတဲ့ အစားအစာတစ်ခုခုကို စားသုံးဖိုလိုပါမယ်။ ဘာစားရမလဲလိုများတွေးနေလား။ ကညွတ်က folate ပမာဏပြည့်ဝစွာပါဝင်နေတဲ့ အစားအစာတစ်ခုပါ။

၁၀။လက်ဖက်စိမ်းရေနွေးကြမ်း

လက်ဖက်စိမ်းရေနွေးကြမ်းသောက်တာကသွေးတွင်းဂလူးကိုစ်ပမာဏကိုထိန်းညှိရာမှာအထောက်အကူပြုပေးပါတယ်။နေ့စဉ်လက်ဖက်စိမ်းရေနွေးကြမ်းကိုသောက်သုံးပေးမယ်ဆိုရင်တက်ကြွနေစေပြီးရေဓာတ်ပြည့်ဝစေနိုင်သလိုအချိုစားချင်စိတ်ကိုလည်လျော့ကျစေနိုင်ပါတယ်။

၁၁။ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ choline ပါဝင်တာကြောင့် အာရုံကြောစနစ်ရဲ့ ဆဲလ်တွေကို ကျန်းမာစေနိုင်ပြီး စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ကြက်ဥဖြစ်ဖြစ်နေ့စဉ်စားသုံးပေးမယ်ဆိုရင် စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပြီးစိတ်ပျော်ရွှင်မှုကိုရရှိစေမှာသေချာပါတယ်။

အစာလည်းဆေး ဆေးလည်းအစာ ဆိုရိုးစကားအတိုင်း အစားအစာများမှ ကျွန်ုပ်တို့၏ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်စေဖို့အတွက်မျှဝေပေးလိုက်ရပါသည်။အားလုံးကျန်းမာပျော်ရွှင်တဲ့ ခန္ဓာကိုယ် ပိုင်ဆိုင်နိုင်ကြပါစေ။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *