ရုရှား-ယူကရိန်းအရေးကြောင့် အဆမတန်ဆက်လက်မြင့်တက်နေတဲ့ပြည်တွင်းစက်သုံးဆီ

ရုရှား-ယူကရိန်းအရေးကြောင့် ကမ္ဘာ့ရေနံစိမ်းတစ်ပီပါကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော်ထိ စံချိန်တင်မြင့်တက်လာသလို မြန်မာ့စက်သုံးဆီဈေးနှုန်းဟာလည်း အဆမတန်မြင့်တက်လာပါတယ်။
မနေ့ကမတ်လ ၂ ရက်အထိရန်ကုန်မြို့မှာ ၉၅ တစ်လီတာကို ၁,၈၃၅ ကျပ်ဝန်းကျင်သာရှိခဲ့ရာမှဒီနေ့ မတ်လ ၃ရက်မှာ ၁,၉၆၅ ကျပ်အထိမြင့်တက်လာပါတယ်။ ဒါဟာတစ်ရက်အတွင်း ၁၃၀ ကျပ်အထိ မြင့်တက်သွားခဲ့တာဖြစ်ပါတယ်။




နယ်မြို့တွေမှာတော့ စက်သုံးဆီဈေးနှုန်းတွေဟာ ၂,၀၀၀ ကျော်အထိ မြင့်တက်နေတယ်လို့လည်း သိရပါတယ်။ဒီနေ့ မတ်လ ၃ရက်မှာ ကမ္ဘာ့ရေနံစိမ်းတစ်ပီပါကို ၁၁၃ ကျပ်အထိ မြင့်တက်နေပြီး
ဒါဟာကမ္ဘာ့ဈေးကွက်မှာစံချိန်တင်အမြင့်ဆုံးဈေးလည်းဖြစ်ပါတယ်။ရုရှား-ယူကရိန်းစစ်ရေးအခြေအနေကြောင့် မြန်မာမှာစက်သုံးဆီဈေးသာမကစားသုံးဆီနဲ့ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာနေပြီး




စစ်ရေးအခြေအနေပိုမိုဆိုးရွားလာပါကအခုထက်ပိုမိုဈေးတက်လာမယ်လို့ သုံးသပ်နေကြတာတွေလည်း ရှိပါတယ်။ဒီကနေ့မတ်လ(၃)ရက်နေ့စက်သုံးဆီစျေးနှုန်းများမှာ−
ရန်ကုန်တစ်လီတာစျေး ဒီဇယ် ၁၉၂၅ကျပ် ပရီမီယမ်ဒီဇယ် ၁၉၃၅ကျပ် အောက်တိန်း (92) ၁၉၁၀ကျပ်၊အောက်တိန်း(95) ၁၉၆၅ကျပ်




နေပြည်တော်တစ်လီတာစျေး ဒီဇယ် ၁၉၈၅ကျပ် ပရီမီယမ်ဒီဇယ် ၂၀၀၅ကျပ် အောက်တိန်း (92) ၁၉၆၀ကျပ်၊အောက်တိန်း(95) ၂၀၆၀ကျပ်
မန္တလေးတစ်လီတာစျေး ဒီဇယ် ၁၉၅၀ကျပ် ပရီမီယမ်ဒီဇယ် ၁၉၇၀ကျပ် အောက်တိန်း (92) ၁၉၆၀ကျပ်၊အောက်တိန်း(95) ၂၀၇၀ကျပ်




မကွေးတစ်လီတာစျေး ဒီဇယ် ၁၉၉၅ကျပ် ပရီမီယမ်ဒီဇယ် ၂၀၂၅ကျပ် အောက်တိန်း (92) ၁၉၈၀ကျပ်၊အောက်တိန်း (95) ၂၀၉၀ကျပ်
စစ်ကိုင်းတစ်လီတာစျေး ဒီဇယ် ၁၉၇၀ကျပ် ပရီမီယမ်ဒီဇယ် ၁၉၉၀ကျပ် အောက်တိန်း (92) ၁၉၈၀ကျပ်၊အောက်တိန်း(95) ၂၀၉၀ကျပ်ဖြစ်ပါတယ်။



