သင့်ကျောက်ကပ်ကိုနှမျောရင် ဒီအကောင်တွေနဲ့ ဝေးဝေးကရှောင်ပါ

သင့်ကျောက်ကပ်ကိုနှမျောရင် ဒီအကောင်တွေနဲ့ ဝေးဝေးကရှောင်ပါ

Scrub typhus မြန်မာလိုကမြင်းနီကောင်ကိုက်တဲ့ရောဂါကအခုနောက်ပိုင်းအတော်ခေတ်စားပြီးလူသိများလာပါတယ်။ဖေ့ဘွတ်တန်ခိုးကြောင့်လဲပါသပေါ့။တကယ်တော့ဒီရောဂါကမြန်မာပြည်မှာအဖြစ်များပြီးအမြဲတွေ့ရတယ့် endemic ရောဂါတစ်ခုပါ။

တကယ်တော့ ကမြင်းနီကောင်မှာကပ်တွယ်နေတဲ့ rickettiae ဆိုတဲ့ ပိုးမွှားကြောင့်ဖြစ်တာပါ။လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်ကကျော်လွင်တစ်ယောက်ဆရာဝန်ဖြစ်ခါစအရွယ်မှာစတွေ့ဖူးပါတယ်။

ကိုယ်တိုင်ဆေးခန်းထိုင်ပြီး တွေ့ခဲ့ဖူး ကုခဲ့ဖူးပါတယ်။မှတ်မှတ်ရရ ဧရာဝတီမြစ်ထဲကရှမ်းကလေးကျွန်းရွာမှာဆေးခန်းဖွင့်တော့ဆေးခန်းကူတဲ့သူကဖျားလို့လာပြပါတယ်။တစ်ညလုံးအိပ်မပျော်ကယောင်ကတန်းတွေဖြစ်ဖျားတက်သူကရွာအနောက်ဖက်ကကိုင်းတောထဲ ပြောင်းဖူးချိုး မြေပဲနှုတ်အမြဲသွားနေတာ။

သေသေချာချာရှာကြည့်မှ eschar တွေ့လို့ စာဖတ်ထားတာလဲရှိနေတာနဲ့ကုသပေးလိုက်တာကောင်းသွားပါတယ် early diagnosis ကအလွန်ရေးကြီးလှပါတယ်။နောက်တစ်ယောက်ကတက္ကသိုလ်ကျောင်းသားလေးအဲဒီတုန်းကရတနာပုံတက္ကသိုလ်ဖွင့်ခါစ

စာသင်ဆောင်တွေကတောရှင်းပြီးမြေစိုက်တဲတွေနဲ့သင်ကြရတာ။အဲဒီမှာလဲသေချာရှာတော့eschar တွေ့ပါတယ်။ကျော်လွင်ဆေးခန်းဖွင့်တဲ့နေရာတွေကချောင်ကျလှတယ်။၅၆ လမ်းအရှေ့ဘက်အောင်ပင်လယ်ရွာသစ်ဘက်လဲဖွင့်ခဲ့ဖူးတော့ scrub typhus တော်တော်များများတွေ့ခဲ့ဖူးပါတယ်။

ဖေ့ဘွတ် မရှိသေးတဲ့ခေတ်ပေါ့။အခုတော့လဲscrub typhus ဆိုတာအခုမှပဲပေါ်တဲ့ရောဂါအသစ်အဆန်းလိုလိုဖြစ်နေတယ်။ကျောက်ကပ်ဆရာဝန်ဘဝမှာတော့ အဲဒီရောဂါကြောင့် ကျောက်ကပ်ပျက်လို့ကျောက်ကပ်ဆေးပေးနေရတယ်။

တကယ်တော့ကျောက်ကပ်ကတော့နေရာတကာတကယ့်ပါရာစိန်ပါပဲကိုဗစ်မှာတောင်မလွတ်ငှက်ဖျားဖြစ်ရင်လဲပါဝမ်းလျောရင်လဲပါမြွေပွေးကိုက်လဲပါယုတ်စွအဆုံးတညင်းသီးစားရင်လဲပါစားပိုးနင့်ရောဂါလို့ပြောရမယ့် acute pancreatitis မုန့်ချိုအိပ်ယောင်ရောဂါမှာလဲပါသူမပါတာမရှိသလောက်ပါပဲ။

ဒါကြောင့်လဲကျောက်ကပ်ဆရာဝန်ဖြစ်ချင်ရင် internal medicine ဆိုတဲ့ဆေးပညာကိုကျွမ်းကျင်မှသာလက်ခံပါတယ်။အခုလဲတွေ့ပြီလေ။တစ်နေ့ကကျော်လွင် ward ထဲမှာလူနာကြည့်နေတုန်း medical unit တစ်ခုကပဒူကောင်ကိုက်ပြီးကျောက်ကပ်ပျက်လို့ပြလာလို့လူနာကိုကျောက်ကပ်ဆောင်မှာခေါ်ထားပြီးကျောက်ကပ်ဆေးပေးနေရပါတယ်။

လူနာကအငြိမ်မနေပဲခြံရှင်းရင်း ပဒူအုံကိုဒုတ်နဲ့ထိုးယုံတင်မကပေါက်ပြားနဲ့ပါပေါက်လိုက်တော့ပွဲသိမ်းပြီပေါ့။သူကပျားလိုပါပဲ bite လိုမသုံးရပါဘူး barbedwire လိုဖြစ်နေတဲ့ဆူးနဲ့ထိုးတာပါ။မြန်မာလိုတော့ပျားတုပ်တယ်။

အခုဟာက ပဒူဆိုတော့ ပဒူတုပ်တယ်လို့ပြောရမယ်ထင်တယ်။ဘိုလိုပြောမယ်ဆိုရင်တော့ wasp sting ပေါ့။သူရဲ့ထူးခြားချက်ကတစ်ကောင်ကအချက်ပေးရင်အကုန်ဝိုင်းတုပ်ကြတာပါပဲ။တစ်ကောင်က pheronone ဆိုတဲ့အချက်ပေးစနစ်ပြောရမလားပဲထုတ်လိုက်တာနဲ့အကုန်ဝိုင်းပြီးတွယ်တော့တာပါပဲ။

ကျော်လွင့်လူနာတော့ကံကောင်းလို့မသေအခုတော့ကျောက်ကပ်ပျက်စီးလို့ကျောက်ကပ်ဆေးနေရပြီလေ။ဒါကြောင့် သေတတ်တဲ့ သတ်တတ်တဲ့ အတွင်းရန်ခန္ဓာငါးပါးကိုရထားကြတဲ့ ပုထုဇဉ်တွေမို့အချိန်မရွေးပျက်ဆီးသွားနိုင်တဲ့အနိစ္စတရား ဒုက္ခတရား အစိုးမရတဲ့အနတ္တတရားကို အမြဲဆင်ခြင်သုံးသပ်နိုင်ကြစေလို့။

‌ဒေါက်တာကျော်လွင်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *