ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ သရုပ်ဆောင်အချို့ယနေ့ပြန်လွတ်လာ

ပြေတီဦးနှင့် အိန္ဒြာကျော်ဇင် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံ သရုပ်ဆောင်အချို့ယနေ့ပြန်လွတ်လာ

ဘာအထိမ်းအမှတ်မှမရှိဘဲ ဒီတိုင်းလွှတ်ပေးတာဖြစ်ပြီး ဘာကြောင့်လွှတ်တယ်ဆိုတာအသေးစိတ်မပြောဘဲလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့သူကပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်၊ လူမင်း၊မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနဲ့ Beauty Blogger မဝင်းမင်းသန်းတို့ကို ဒီနေ့လွှတ်လာပြီလို့ သိရပါတယ်။

အကျဉ်းဦးစီးဌာနက လွတ်ငြိမ်းနဲ့ပြန်လွတ်လိုက်တာပါလို့ပြောဆို အတည်ပြုပေးပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ခံဝန်နဲ့ လွတ်ငြိမ်းလွတ်လိုက်တာ”လို့ပြောပြီး သူတို့အပြင်မလေးရှားနိုင်ငံသားတစ်ဦးလည်းပါတယ်လို့ ပြောပါတယ်။

အခုပြန်လွှတ်ပေးလိုက်တဲ့ သူတွေဟာ ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ် စတဲ့ပြစ်ဒဏ်တွေချမှတ်ခံထားရသူတွေဖြစ်ပါတယ်။

အခုလွှတ်ပေးမယ့်အထဲမှာအဆိုတော်ပိုပိုနဲ့ရဲတိုက်တို့ပါဝင်ခြင်းမရှိတာကိုတွေ့ရပါတယ်။အဆိုတော်ပိုပိုဟာလည်း ပုဒ်မ ၅၀၅က နဲ့ထောင်ဒဏ်သုံးနှစ်ချမှတ်ထားပြီး သရုပ်ဆောင်ရဲတိုက်ကလည်း နောက်ထပ်အမှုတစ်ခုနဲ့ထပ်မံရင်ဆိုင်နေရတာဖြစ်ပါတယ်။

zawgyi

ေျပတီဦးႏွင့္ အိျႏၵာေက်ာ္ဇင္ အပါအဝင္ ဖမ္းဆီးထိန္းသိမ္းခံ သ႐ုပ္ေဆာင္အခ်ိဳ႕ယေန႔ျပန္လြတ္လာ

ဘာအထိမ္းအမွတ္မွမရွိဘဲ ဒီတိုင္းလႊတ္ေပးတာျဖစ္ၿပီး ဘာေၾကာင့္လႊတ္တယ္ဆိုတာအေသးစိတ္မေျပာဘဲလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့တယ္လို႔သူကေျပာပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ ေျပတီဦးႏွင့္ အိျႏၵာေက်ာ္ဇင္၊ လူမင္း၊ေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္၊ ဒါ႐ိုက္တာဝိုင္းနဲ႔ Beauty Blogger မဝင္းမင္းသန္းတို႔ကို ဒီေန႔လႊတ္လာၿပီလို႔ သိရပါတယ္။

အက်ဥ္းဦးစီးဌာနက လြတ္ၿငိမ္းနဲ႔ျပန္လြတ္လိုက္တာပါလို႔ေျပာဆို အတည္ျပဳေပးပါတယ္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ခံဝန္နဲ႔ လြတ္ၿငိမ္းလြတ္လိုက္တာ”လို႔ေျပာၿပီး သူတို႔အျပင္မေလးရွားႏိုင္ငံသားတစ္ဦးလည္းပါတယ္လို႔ ေျပာပါတယ္။

အခုျပန္လႊတ္ေပးလိုက္တဲ့ သူေတြဟာ ပုဒ္မ ၅၀၅-က နဲ႔ေထာင္ဒဏ္သုံးႏွစ္ စတဲ့ျပစ္ဒဏ္ေတြခ်မွတ္ခံထားရသူေတြျဖစ္ပါတယ္။

အခုလႊတ္ေပးမယ့္အထဲမွာအဆိုေတာ္ပိုပိုနဲ႔ရဲတိုက္တို႔ပါဝင္ျခင္းမရွိတာကိုေတြ႕ရပါတယ္။အဆိုေတာ္ပိုပိုဟာလည္း ပုဒ္မ ၅၀၅က နဲ႔ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္ထားၿပီး သ႐ုပ္ေဆာင္ရဲတိုက္ကလည္း ေနာက္ထပ္အမႈတစ္ခုနဲ႔ထပ္မံရင္ဆိုင္ေနရတာျဖစ္ပါတယ္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *