မြေကွက်ဝယ်ယူမယ်ဆို မဖြစ်မနေသိထားသင့်တဲ့ GP နှင့် SP ခြားနားခြင်းအကြောင်းသိကောင်းစရာ

GP ( General Power )
အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှအခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကိုစီမံခန့်ခွဲနိုင်ပြီးမိမိ၏ကိုယ်စားအလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေကိုယ်စားလှယ်လွဲစာကို ပေးအပ်ခြင်းဖြစ်ပါသည်။




S.P ( Special Power )
အထူးကိုယ်စားလှယ်လွှဲစာဟုအဓိပ္ပါယ်ရပြီးလူတစ်ဦးမှမိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကိုသီးသန့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ S.P ခေါ်အထူးကိုယ်စားလှယ်လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။




(အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင်အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင်ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက်သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင်လိုက်လံဆောင်ရွက်နိုင်ရန် Special Power ကိုသာပေးလေ့ရှိပါသည်။




S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူကိုယ်တိုင်ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှအခြားသူတစ်ဦးသို့ ယင်းမြေကွက်နှင့်ပတ်သက်ပြီးထပ်ဆင့် S.P ပေးလို့မရပါ။ S.P သို့ G.P ပေးသူကွယ်လွန်သွားပါကယင်း S.P (သို့)
G.Pမှာပျက်ပျယ်သွားမည်ဖြစ်ပါသည်။S.P ပေးလို့ရသောမြေများမှာဂရံမြေ၊ဘိုးဘွားပိုင်မြေ( မြေပိုင်မြေ )၊လန -၃၉ နှင့် ၃ ( ခ )တို့ဖြစ်ပြီး စလစ်မြေ၊ပါမစ်မြေ၊ကျူးကျော်မြေ တို့မှ S.P ပေးလို့မရပါ။




လယ်မြေ နှင့်ဥယျဉ်ခြံမြေတို့တွင်အမည်ပေါက် ပုံစံ (၇)ကျပြီးပါက S.P ပေးလို့ရပါသည်။ S.P(သို့) G.Pပေးရာတွင်သက်ဆိုင်ရာကြေးတိုင်းနှင့်မြေစာရင်းရုံးတွင်မှတ်ပုံတင်အရာရှိရှေ့တွင်မှတ်ပုံတင်ပြီးပေးမှတရားဝင်မည်ဖြစ်ပါသည်။G.P / S.P တွင်ပေးသူ၊




လက်ခံသူ၊သက်သေ (၂) ဦး၏အမည်၊အဖအမည်၊ မှတ်ပုံတင်အမှတ်၊နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့်ပစ္စည်းကိုသေချာစွာဖော်ပြ၍လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။
Credit