ရုရှားမှာ ဘတ်မန်းရုပ်ရှင်အပါအဝင် အသစ်ထပ်မံထုတ်လုပ်မယ့် ရုပ်ရှင်တွေကို မပြသတော့ဘူးလို့ ဒစ်စနေးနဲ့ ဝါနာဘရားသားရုပ်ရှင်ကုမ္ပဏီမှကြေညာ

ရုရှားမှာ ဘတ်မန်းရုပ်ရှင်အပါအဝင် အသစ်ထပ်မံထုတ်လုပ်မယ့် ရုပ်ရှင်တွေကို မပြသတော့ဘူးလို့ ဒစ်စနေးနဲ့ ဝါနာဘရားသားရုပ်ရှင်ကုမ္ပဏီမှကြေညာ

ဒစ်စနေးဟာသူတို့ရဲ့ နောက်ထပ်အသစ်ထပ်မံထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားတွေကို ရုရှားနိုင်ငံမှာ ပြသမှာမဟုတ်ဘူးလို့ ဒီနေ့ မတ်လ၁ ရက်နေ့မှာကြေညာလာပါတယ်။

ဒစ်စနေးက ကြေညာပြီးနောက်မှာ ဝါနာဘရားသား ရုပ်ရှင်ထုတ်လုပ်ရေးကလည်း မကြာခင် ရုံတင်မယ့် ရုပ်ရှင်တွေကို ရုရှားမှာ ရုံတင်ပြသသွားမှာမဟုတ်ဘူးလို့ ကြေညာလာပါတယ်။

“ရုရှားရဲ့ယူကရိန်းအပေါ်လူမဆန်စွာကျူးကျော်မှုတွေနဲ့လူသားချင်းထိခိုက်နစ်နာမှုတွေရှိနေတာတွေကြောင့် ရုရှားမှာမတ်လ ၁၀ ရက်မှာရုံတင်မယ့် Turning Redအပါအဝင် တခြားရုပ်ရှင်တွေကိုမပြ‌သဘူး”လို့ ဒစ်စနေးက ကြေညာလာတာဖြစ်ပါတယ်။

လာမယ့် မတ်လ ၃ ရက်မှာတစ်ကမ္ဘာလုံးအနှံ့မှာရုံတင်ပြသမယ့် The Batman ရုပ်ရှင်ကိုလည်း ရုရှားမှာ မပြသဘူးလို့ ဝါနာဘရားသားကလည်းကြေညာလာတာဖြစ်ပါတယ်။

ရုရှားမှာ ဘတ်မန်းရုပ်ရှင်အပါအဝင် အသစ်ထပ်မံထုတ်လုပ်မယ့် ရုပ်ရှင်တွေကို မပြသတော့ဘူးလို့ ဒစ်စနေးနဲ့ ဝါနာဘရားသားရုပ်ရှင်ကုမ္ပဏီမှကြေညာ(Zawgyi)





Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *