ပရိတ်သတ်တွေရဲ့အချစ်တော်ထက်ဦးမောင်အတွက် အကောင်းဆုံး ကုသမှုမျိုးများ ဆောင်ရွက်ပေးသွားမယ့်ဆိုတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေဟာ လတ်တလော ပြည်သူတွေကြုံတွေ့နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ အခြားသော ပရဟိတ အလုပ်တွေကို စိတ်အားတက်ကြွစွာနဲ့ပါဝင်ကူညီပေးနေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်းဦးစီးကာ ရင်ခွင်မဲ့ ကလေးလေးတွေအတွက်




မိဘပမာ စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။သားလေးထက်ဦးမောင်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ခိုင်နှင်းဝေကအခုလိုပြောပြတာက…
“ကိုထက်ဦးမောင်ရဲ့ CT reportများ အရ အတွင်းပိုင်း ခေါင်းရိုးမှာ (မွေးရာပါ) ချိုင့်ဝင်နေတဲ့ (ထိခိုက်မိထားတဲ့ ကုသမှ ရမဲ့ ဒဏ်ရာတစ်ချို့ ) ရှိပါတယ်..အာခေါင်၊မေးရိုး၊ နားရွက်များ အတွက် ခွဲစိတ်ကုသရပါမယ်။




အဆင့် (၃) ဆင့်လောက်ကုသရမှာဖြစ်ပြီး အသက် (၅) နှစ် ဝန်းကျင်ခန့်လောက်မှသာ မျက်နှာ အနေထား ပုံပြောင်းနိုင်မှာ ဖြစ်ပါတယ်..ယခု အသက်အရွယ်ပိုင်းအရဆိုရင်တော့ အစားစားနိုင်အောင်သာ ခွဲစိတ်ကုသထားနိုင်မှာပါ။




သားလေး အတွက် အကောင်းဆုံး ကုသမှုမျိုးများ ဆောင်ရွက်ပေးသွားဘို့ ကျမ ရည်ရွယ်ထားပါတယ်..သားလေးကို ချစ်ပေးကြတဲ့ ၊မေတ္တာပေးကြတဲ့ ခုနှစ်ရက်သားသမီးများ အားလုံးကိုလဲကျေးဇူး အများကြီးတင်ပါတယ်ရှင်။
ဆက်လက်ပြီးလဲ မေတ္တာ ခွန်အားများ ပေးပြီး အကောင်းဆုံး ဆက်လက် အသက်ရှင်ဘို့အတွက် သားလေးကို ဖေးမနားလည်ပေးကြပါလို့ မေတ္တာရပ်ခံရင်း.”လို့ ခိုင်နှင်းဝေကပြောပြပါတယ်။




ကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေးကာ တူတူဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးလို့ မိခင်မေတ္တာငတ်နေတဲ့ ကလေးငယ်လေးတွေ အဖို့တော့

ခိုင်နှင်းဝေရဲ့ ဂေဟာလေးက နွေးထွေးလုံခြုံတဲ့နေရာတစ်ခုဖြစ်တယ်ဆိုလည်းမမှားပါဘူးနော်..သားလေးထက်ဦးမောင်အတွက် ချစ်တဲ့စာဖတ်ပရိတ်သတ်ကြီးများကလည်း ဝိုင်းဝန်းဖေးမချစ်ပေးကြပါအုံးနော်…