YGEA မှ ရွှေဈေးဝုန်းဒိုင်းကြဲ မတက်ရေးထိန်းသိမ်းနေဟုဆို

ပြည်တွင်းရွှေဈေးကွက်အတွင်းဈေးနှုန်းလှုပ်ခတ်လာကာအရောင်းရော၊အဝယ်ပါ တက်လာသည်ဟု ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ယနေ့ ဖေဖော်ဝါရီ ၂၆ရက် နေ့လည်ပိုင်းတွင် ပြည်တွင်းအခေါက်ရွှေ၁ကျပ်သားကို ၁၉ သိန်း၂သောင်းကျော်ရှိနေသည်။




ကမ္ဘာ့ရွှေဈေးက အမေရိကန်ဒေါ်လာ ၁၉၀၀၀န်းကျင်ရှိနေပြီး အမေရိကန်ဒေါ်လာဈေးပါ အနည်းငယ်လှုပ်ခတ်လာ၍ ပြည်တွင်းရွှေဈေးလှုပ်ခတ်လာသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက မှတ်ချက်ပြုထားသည်။
ယင်းအပြင်လက်ရှိရွှေဈေးကွက်တွင် ယခင်ကကဲ့သို့ ရက်ရွှေ့ဆိုင်းပေးခြင်းမျိုးမဆောင်ရွက်ဘဲ၊လက်ငင်းငွေချေစနစ်ကိုကျင့်သုံးနေပြီး ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးထက်ရုတ်တရက်ထိုးမတက်အောင်ဆောင်ရွက်နေကာဈေးငြိမ်အောင်ထိန်းသိမ်းနေကြောင်းလည်း ပြောဆိုသည်။




ကုန်သည်များ၏ ဝယ်လိုအားအပြင်တစ်ဘက်တွင်လည်း ပဲ၊နှမ်း၊စပါးစသည့်သီးနှံပေါ်ချိန်ဖြစ်နေ၍ ရွှေဝယ်လိုအားကယခင်ထက်ပိုတိုးလာနေသည်။“အရင်လိုတော့ ဝုန်းဒိုင်းကြဲပြီး ဈေးထိုးမတက်အောင်တော့ကျွန်တော်တို့တာဝန်ယူပါတယ်”ဟု အသင်းဥက္ကဌဦးမျိုးမြင့်က အင်တာဗျူးတစ်ခုတွင်ပြောဆိုသည်။




ဖေဖော်ဝါရီ ၂၅ရက်ကလည်း ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းရွှေအသင်းတွင်အစည်းအဝေးလုပ်ပြီးရွှေအရောင်းအဝယ်အားညနေ ၄နာရီနောက်ဆုံး ထားဆောင်ရွက်ရန်၊အသင်းရုံးခန်းပြင်ပတွင်ရွှေအရောင်းအဝယ်ဆောင်ရွက်နေသည့်




အသင်းဝင်များအားတစ်လတိတိအသင်းမှယာယီရပ်ဆိုင်းရန်အစရှိသည့် ဆုံးဖြတ်ချက်များအား ချမှတ်ခဲ့ကြောင်း သိရှိရသည်။