၁၉သိန်းခွဲခန့်ထိမြင့်တက်လာတဲ့ ပြည်တွင်းရွှေစျေးများနှင့် စံချိန်တင်သွားတဲ့စက်သုံးဆီစျေးနှုန်းများ

ယနေ့ မနက်ပိုင်း ရွှေဈေးနှုန်းထုတ်ပြန်ချက်အရ ပြည်တွင်းရွှေဈေးနှုန်း မှာအခေါက်ရွှေ တစ်ကျပ်သားကို (၁၉)သိန်း(၄)သောင်း အထိဖြစ်နေတယ်လို့သိရပါတယ်။ယနေ့ပြည်တွင်း ရွှေဈေးနှုန်းကယမန်နေ့ကထက်ပိုမို မြင့်တက်ခဲ့တာဖြစ်ပြီး




ကမ္ဘာ့ရွှေဈေးကတော့ ယမန်နေ့ကထက်အနည်းငယ်ကျဆင်းခဲ့တာကိုရွေ့ရပါတယ်။ယမန်နေ့ကမ္ဘာ့ရွေဈေးကတစ်အောင်စကို(၁၉၂၄)ဒေါ်လာဖြစ်နေပြီးယနေ့နံနက်ပိုင်းမှာတော့တစ်အောင်စကို (၁၉၁၇)ဒေါ်လာ ဈေးနဲ့ ဈေးကွက်ဖွင့်ခဲ့တာဖြစ်ပါတယ်။




ပြည်တွင်းရွှေဈေးကဆက်တိုက်မြင့်တက်လာဖွယ်ရှိတယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေကသုံးသပ်ထားကြပေမယ့်ရောင်းမှားဝယ်မှားမဖြစ်စေဖို့ ထိန်းသိမ်းစောင့်ကြည့်ဖို့လည်း လိုအပ်တယ်လို့ဆိုပါတယ်။
ကမ္ဘာ့ရွှေဈေးပေါ်မှာပြည်တွင်းရွှေဈေးနှုန်း အတက်အကျ ကသက်ရောက်မှုရှိနေတယ်လို့ ဆိုကြပေမယ့် ယနေ့ကမ္ဘာ့ရွှေဈေး အနည်းငယ်ကျဆင်းသွားပေမယ့် ပြည်တွင်းမှာတော့ ဆက်လက်မြင့်တက်လျက် ရှိနေပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (25) ရက်နေ့ အတွက် ပြည်တွင်း ရှိတိုင်းဒေသကြီးအလိုက်စက်သုံးဆီစျေးနှုန်းမှာ
ရန်ကုန်
ဓာတ်ဆီ (92) တစ်လီတာ 1755 ကျပ်၊ (95) တစ်လီတာ 1810 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1730 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1740 ကျပ်




မန္တလေး
ဓာတ်ဆီ (92) တစ်လီတာ 1805 ကျပ်၊ (95) တစ်လီတာ 1915 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1755 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1775 ကျပ်
နေပြည်တော်
ဓာတ်ဆီ (92) တစ်လီတာ 1805 ကျပ်၊ (95) တစ်လီတာ 1905 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1790 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1810 ကျပ်




စစ်ကိုင်း
ဓာတ်ဆီ (92) တစ်လီတာ 1825 ကျပ်၊ (95) တစ်လီတာ 1935 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1775 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1795 ကျပ်
တမူးမြို့
ဓာတ်ဆီ (92) တစ်လီတာ 1925 ကျပ်၊ (95) တစ်လီတာ 2035 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1875 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1895 ကျပ်




ညောင်ဦးမြို့
ဓာတ်ဆီ (92) တစ်လီတာ 1835 ကျပ်၊ (95) တစ်လီတာ 1945 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1800 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1830 ကျပ်
မကွေးမြို့
ဓာတ်ဆီ (92) တစ်လီတာ 1825 ကျပ်၊ (95) တစ်လီတာ 1935 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1800 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1830 ကျပ်




တောင်ကြီးမြို့
ဓာတ်ဆီ (92) တစ်လီတာ 1850 ကျပ်၊ (95) တစ်လီတာ 1975 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1810 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1840 ကျပ်
မွန်ပြည်နယ် မော်လမြိုင်မြို့
ဓာတ်ဆီ (92) တစ်လီတာ 1815 ကျပ်၊ (95) တစ်လီတာ 1920 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1795 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1810 ကျပ်




ဧရာဝတီတိုင်း ပုသိမ်မြို့
ဓာတ်ဆီ (92) တစ်လီတာ 1845 ကျပ်၊ (95) တစ်လီတာ 1950 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1785 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1800 ကျပ်
ကချင်ပြည်နယ် ဗန်းမော်မြို့
ဓာတ်ဆီ (92) တစ်လီတာ 1905 ကျပ်၊ (95) တစ်လီတာ 2015 ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ 1860 ကျပ်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်လီတာ 1885 ကျပ်