Channel 7ရဲ့ကြယ်တစ်ပွင့် ထိုင်းမင်းသမီးတစ်ဦးရေထဲပြုတ်ကျပျောက်ဆုံးနေ

Channel 7ရဲ့ကြယ်တစ်ပွင့် ထိုင်းမင်းသမီးတစ်ဦးရေထဲပြုတ်ကျပျောက်ဆုံးနေ

ထိုင်းသရုပ်ဆောင် မင်းသမီးတစ်ဦး ဖြစ်တဲ့”ဖရဲသီးပသီဒါ” ဟာမတော်တဆလှေပေါ်ကနေ ကျောက်ဖရားမြစ်ထဲကို ပြုတ်ကျပျောက်ဆုံးနေပါတယ်။ လှေပေါ်မှာ ကျသွားကတည်းက ပျောက်ဆုံးနေတာ ၇ နာရီကျော်ကြာနေပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ သူမကျသွားတဲ့ ဗန်ကောက်မြို့ ရာမ ၇ မြစ်ကူးတံတားအနီးတ၀ိုက်မှာ သက်ဆိုင်ရာတွေ သူမကိုရှာဖွေမှုတွေ ပြုလုပ်နေဆဲလို့ သိရပါတယ်။မင်းသမီး ဖရဲသီးပသီဒါ ဟာ Channel 7 ရဲ့ကြယ်တစ်ပွင့်လို့လည်းသိရပါတယ်။

ဖေဖော်ဝါရီ ၂၄ ညနေ ၆ နာရီအချိန်ခန့်တွင် ဖရဲသီးသည် သူငယ်ချင်းများစွာဖြင့် ကျောက်ဖရားမြစ်ပေါ်တွင် လှေစီးခရီးထွက်ခဲ့ကြောင်းသိရသည်။ဖရဲသီး၏အစ်ကိုကြီးဖြစ်သူကလည်း “ဖရဲသီးက ငယ်ငယ်ကတည်းက ရေကူးကောင်းတယ်။

အခုမင်းဘေးကင်းမယ်လို့မျှော်လင့်ချက်ရှိတယ်”လို့ သူ့အစ်ကိုကသူ့ညီမဘေးကင်းပါစေလို့ ဆုတောင်းခဲ့ပါတယ်။မင်းသမီးဖရဲသီးအတွက်အတွက် သူမကိုချစ်တဲ့ပရိတ်သတ် တွေကလည်း မင်းသမီးဘေးကင်းဖို့အတွက် ဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်။

Channel 7ရဲ့ကြယ်တစ်ပွင့် ထိုင်းမင်းသမီးတစ်ဦးရေထဲပြုတ်ကျပျောက်ဆုံးနေ(Zawgyi)





photo by แตงโม_ภัทรธิดา

Facebook Comments Box