G6PD ချို့တဲ့ခြင်းရဲ့နောက်ဆက်တွဲပြဿနာများနှင့် ရှောင်ကျင်ရမည့်အစားအစာများ

G6PD ချို့တဲ့ခြင်းရဲ့နောက်ဆက်တွဲပြဿနာများနှင့် ရှောင်ကျင်ရမည့်အစားအစာများ

G6PD လို့ အတိုကောက်ခေါ်တဲ့ Glucose 6 Phosphate Dehydrogenase (G6PD) ဟာ သွေးနီဥတွေအလုပ်ကောင်းကောင်းလုပ်နိုင်အောင်ကူညီနေတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး ကမ္ဘာတဝန်းရှိ

လူပေါင်း ၄၀၀ မီလီယံခန့်ဟာ G6PD ချို့တဲ့မှုကို ခံစားနေရပါတယ်။G6PD ချို့တဲ့မှုဟာ မျိုးရိုးလိုက်တဲ့အခြေအနေတခုဖြစ်ပြီးအမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။ စစ်တမ်းများအရ အာဖရိကနှင့် မြေထဲပင်လယ်ဒေသမှာနေထိုင်တဲ့ လူတွေမှာပိုပြီး အဖြစ်များတယ်လို့သိရပါတယ်။

G6PD ရဲ့အရေးပါပုံ

ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အောက်စီဂျင်ရောက်ရှိအောင်သွေးနီဥတွေကလုပ်ဆောင်ပေးပါတယ်။ G6PD ကသွေးနီဥတွေအလုပ်ကောင်းကောင်းလုပ်နိုင်အောင်ကူညီပေးပြီးတခုခုမဖြစ်သွားအောင်လည်း အကာအကွယ်ပေးပါတယ်။G6PD ချို့တဲ့လာပါကသွေးနီဥတွေကို အကာအကွယ်မပေးနိုင်တာကြောင့်သွေးနီဥတွေဖျက်ဆီးခံရပြီး အလုံအလောက်ပြန်မထုတ်ပေးနိုင်တဲ့အခါမှာသွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။

G6PD ချို့တဲ့ခြင်းရဲ့နောက်ဆက်တွဲပြဿနာ

G6PD ရှိတဲ့ မွေးကင်းစကလေးငယ်တွေမှာအသားဝါဖြစ်နိုင်ပြီး မီးပြတဲ့နည်းဖြင့်ကုသနိုင်ပါတယ်။များသော အားဖြင့် G6PD ရှိတဲ့ ကလေးငယ်တွေမှာရောဂါလက္ခဏာပြလေ့မရှိဘဲ ရောဂါပိုး (ဗိုင်းရပ်စ်/ ဘက်တီးရီးယား) ကူးစက်ခံရခြင်း၊ ပဲကြားစားသုံးမိခြင်း၊ ပရုတ်လုံးအနံ့ရှုမိခြင်း၊

အချို့သောဆေးဝါးများသုံးစွဲမိခြင်းစတဲ့အခြေအနေမှာ သွေးနီဥတွေ ယိုယွင်းပျက်ဆီးပြီး သွေးအားနည်းရောဂါရဲ့လက္ခဏာတွေဖြစ်တဲ့အသားအရေဖြူဖျော့ခြင်း၊နုံးခွေခြင်း၊ ရင်တုန်ခြင်း၊ အသက်ရှုမြန်ခြင်း၊ အသက်ရှုမဝခြင်း၊ မျက်လုံးဝါခြင်း၊ အသားဝါခြင်း၊ခါးနာခြင်း၊ ဘေလုံးကြီးခြင်း၊ ဆီးအရောင်ရင့်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

အထက်ပါလက္ခဏာတွေ တွေ့ရှိပါကဆရာဝန်နှင့်အမြန်ဆုံးပြသပါ။ G6PD ချို့တဲ့သူနဲ့ မတည့်တဲ့အရာတွေကို ဖယ်ရှားလိုက်တာနှင့် ရောဂါလက္ခဏာတွေက ရက်သတ္တပတ်အနည်းငယ်အတွင်းသက်သာလာမှာဖြစ်ပါတယ်။ G6PD ချို့တဲ့သောအခြေအနေရှိသူတယောက်အနေဖြင့် မိမိနှင့်မတည့်သော အစားအစာ၊ ဆေးဝါးတွေကို သိထားဖို့ လိုအပ်ပါတယ်။

G6PD ချို့တဲ့သောသူများရှောင်ကြည်ရမယ့်ဆေးဝါးများ

acetylsalicylic Acid ပါဝင်သောဆေးဝါးများ (ဥပမာ – Aspirin)၊ vitamin C လို့လူသိများတဲ့ Ascorbic Acid၊ chloramphenicol၊ chloroquine၊ dapsone၊ dimercaprol၊ doxorubicin၊ mepacrine၊ methylene blue၊ methyldopa၊ nalidixic acid၊ naphthalene၊ nitrofurantoin၊ phenazopyridine၊ primaquine၊ quinine၊

sulfacetamide ၊ sulfadiazine၊ sulfamethoxazole (Co-trimoxazole, Septra)၊ sulfanilamide၊ sulfapyridine၊ sulfisoxazole (Pediazole)၊ toluidine blue ဆေးဝါးကုသမှုခံယူရာမှာလည်း ဆေးရောင်း သူကိုဖြစ်စေ၊ ဆရာဝန်ကိုဖြစ်စေ၊ကုသမှုပေးတဲ့ ကျန်းမာရေးဝန်ထမ်းကိုဖြစ်စေမိမိမှာ G6PD ချို့တဲ့မှုရှိကြောင်းကြိုတင်ပြောပြထားပါ။

သွေးနီဥတွေဖျက်ဆီးနှုန်းနဲ့ သောက်သုံးလိုက်တဲ့ဆေးဝါးပမာဏဆက်စပ်နေပါတယ်။ ပမာဏများလေလေ၊ သွေးနီဥ ပျက်စီးနှုန်းပိုများပြီး ပိုမိုပြင်းထန်လေဖြစ်ပါတယ်။

G6PD ချို့တဲ့သူများနှင့် မတည့်သောအစားအစာများ

(၁) Fava Beans အပါအဝင် အခြားသောပဲတောင့်ရှည်များ

ပဲလက်မ (Broad Bean)၊ တောင်ကြီးပဲ (Fava Bean)၊ ပဲပိစပ် (Soy bean) အပါအဝင် အခြားသောပဲအမျိုးမျိုးရှောင်ကြဉ်ပါ။

photo crd

(၂) Methol (ပရုတ်အေး)

သွားတိုက်ဆေး၊ သကြားလုံး၊ ခံတွင်းသန့်စင်ဆေးရည် အပါအဝင် အခြားသောပရုတ်အေးပါသော အစားအစာများကိုလည်း သတိထားဆင်ခြင်သင့်ပါတယ်။

(၃) လူတို့ဖန်တီးပြုလုပ်ထားသောဆိုးဆေးများ

အပြာရောင်အပါအဝင်အစားအစာဆေးဆိုးရာမှာအသုံးပြုတဲ့ လူလုပ်အရောင်တွေကြောင့် သွေးနီဥတွေပျက်ဆီးနိုင်ပါတယ်။ နံနွင်း၊ စပျစ်သီး စတာတွေမှရရှိတဲ့ သဘာဝအရောင်တွေက ဘေးကင်းတာကြောင့် စိတ်ချစွာအသုံးပြုနိုင် ပါတယ်။

(၄) Ascorbic Acid (ဗီတာမင် C)

များသောအားဖြင့်အစားအစာနှင့်ဗီတာမင်ဖြည့်စွက်ဆေးတွေမှာလူတွေပြုလုပ်ထားတဲ့ Artificial ဗီတာမင် C တွေပါဝင်နေပါတယ်။အစားအစာအတော်များများမှာထည့်သွင်းအသုံးပြုကြတာကြောင့်သတိမထားမိလိုက်တဲ့အချိန်မှာပင်ခန္ဓာကိုယ်ထဲသို့ တော်တော်များများရောက်နေပြီဖြစ်ပါတယ်။ Artificial Vitamin C ပမာဏများများစားသုံးမိပါက သွေးနီဥတွေပျက်စီးခြင်းကိုဖြစ်စေပါတယ်။

(၅) အားဖြည့်ရေ (Tonic Water)

Tonic Water မှာ G6PD ချို့တဲ့မှုရှိသူတွေ ရှောင်ရှားရမယ့် guanine ပါဝင်နေတာကြောင့်ရှောင်ရှားရမည့်အရာဖြစ်ပါတယ်။

(၆) Gluten free products (Gluten ပါဝင်မှုမရှိသော အစားအစာထုတ်ကုန်များ)

ဂလူတန် (Gluten) မတည့်တဲ့သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်တဲ့ အစားအစာတွေမှာ Favabeans ပါဝင်နေတတ်တာကြောင့် အစားအစာများကို မဝယ်ခင်နှင့် မစားသုံးခင်မှာ အညွှန်းကိုသေချာစွာဖတ်ပါ။

(၇) ကြက်ဟင်းခါးသီး

အလွယ်တကူဝယ်ယူရနိုင်ပြီး လူကြိုက်များတဲ့ကြက်ဟင်းခါးသီးဟာG6PD ချို့တဲ့သူတွေအတွက်ကတော့ရှောင်ကြဉ် ရမယ့်အစားအစာဖြစ်ပါတယ်။

(၈) ဗီတာမင် K

G6PD ရှိတဲ့ ကလေးငယ်တွေကို ဗီတာမင် K ပေးမိပါကသွေးနီဥများပျက်ဆီးခြင်း၊ ဦးနှောက်နှင့်အသည်းထိခိုက်ခြင်း နှင့် ပြင်းထန်ပါက အသက်အန္တရာယ်သေဆုံးခြင်းတို့ဖြစ်နိုင်ပါတယ်။

(၉) Sulfites နှင့် Sulfites ပါဝင်သော အစားအစာများ

Sulfites ကို အစားအစာအမျိုးမျိုးမှာထည့်သွင်းလေ့ရှိတာကြောင့်မဝယ်မီနှင့်မစားသုံးမီမှာ အညွှန်းစာရွက်ကိုသေချာစွာဖတ်ဖို့လိုအပ်ပါတယ်။

(၁၀) တရုတ်တိုင်းရင်းဆေးများ

အထူးသဖြင့် Rhizoma Coptidis (huang Lien), Calculus Bovis (neu huaung), Flos Chimonanthi Praccocis (lch mci hua), Flos Ionicerae (Kam ngan fa), Margarita, Gan Cao (Licarice root) စတာတွေပါဝင်တဲ့ တရုတ်တိုင်းရင်းဆေးတွေဟာ G6PD ချို့တဲ့သူတွေရှောင်းရှားသင့်တဲ့အရာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။

credit to original Uploader

Facebook Comments Box