တစ်ပတ်အတွင်း၁၀ပေါင်ထိဝိတ်ကျစေမယ့်သဘာဝနည်းလမ်း
ဝိတ်ချနည်းအမျိုးမျိုးအနက်တပတ်အတွင်း (၄)ပေါင်ကနေ(၁၀)ပေါင်အတွင်းဝိတ်ကျစေမယ့်နည်းကိုဖော်ပြပေးလိုက်ပါတယ်။

ဒီနည်းဟာချောပေါက်ဝိတ်ကျစေမယ့်နည်းလည်းဖြစ်လို့အဆုံးထိဖတ်ပေးစေချင်ပါတယ်ရှင့်။လုပ်သူအများစုဟာတပတ်အတွင်းကျသွားတယ်။လုပ်ရတာလည်းလွယ်တယ်။ဒီနည်းမှာအစားအသောက်တွေကိုအဓိကထားပြုပြင်ရတာဖြစ်ပြီးတပတ်အတွင်းစားသောက်ပုံတွေကိုလုံးဝပြောင်းလဲလိုက်ရမှာဖြစ်တယ်။

အလားတူတရက်ချင်းစီမှာစားရမယ့်အစားအသောက်တွေမတူညီကြပါဘူး။ဒါ့ကြောင့်ဒီနည်းမသုံးခင်အစားအသောက်တွေကိုတစ်ရက်ကြိုပြီးဝယ်ယူစုဆောင်းထားဖို့တိုက်တွန်းပါရစေ။

ရှေ့ပိုင်းရက်တွေကအသားမစားပဲ သတိသတ်လွတ်စားရတာ ဖစ်လို့အစားကြိုက်သူတွေအတွက်တော်တော်လေးခက်ခဲနိုင်တယ်။ဒါပေမယ့်သိစေချင်တာတခုကစားချင်စိတ်ကို ထိန်းချုပ်နိုင်ပြီ၊ကျင့်သားရသွားပြီဆိုတဲ့နောက်ဝိတ်ချတဲ့အခါအရင်ဆုံးရင်ဆိုင်ရမယ့်အတားအဆီးတခုကို လွယ်လွယ်ကူကူ ကျော်ဖြတ်သွားနိုင်ဖို့အထောက်အကူပြုပါလိမ့်မယ်။အချိန်တပတ်အတွင်းသိသိသာသာပိန်သွားစေမယ့်နည်းတမျိုးဖြစ်လို့ဖော်ပြပေးလိုက်ပါတယ်။

ပထမရက်
ဝိတ်ချနည်းတိုင်းမှာပထမရက်ဟာအရေးကြီးဆုံးဖြစ်ပါတယ်။ဒီရက်မှ စိတ်မထိန်းနိုင်ရင် ကျန်တဲ့ရက်တွေဆက်လုပ်ဖို့မလိုအပ်တော့တာသတိပြုပါ။ပထမဆုံးဝိတိချမယ့်ရက်မှာ အသီးတမျိုးတည်းစားရမှာဖြစ်ပါတယ်။

အသားမပါ၊အရွက်မပါသစ်သီးဝလံတမျိုးတည်းကိုသာတနေကုန်စားပေးရမှာဖြစ်ပါတယ်။ဝိတ်ချမယ့်ပထမဆုံးရက်အတွက်မိမိစားချင်တဲ့အစားအသောက်တွေကြိုတင်ဝယ်ထားရမှာဖြစ်ပါတယ်။

ပန်းသီး၊လိမ္မော်သီး၊စပျစ်သီး၊သစ်တော်သီး၊သဘောင်္သီး၊ဖရဲသီးစတာတွေကိုပဲစားရမှာဖြစ်ပါတယ်။တနေ့ကို ၆ကြိမ်ခွဲစားရမှာဖြစ်ပါတယ်။ ဗိုက်ဆာတိုင်းအစားမစားဘဲရေကိုသောက်ရမှာဖြစ်တယ်။တစ်ရက်ကိုရေခွက်၁၀ခွက်(၂လီတာနီးပါးသောက်ရမှာဖြစ်ပါတယ်။

ဒီကြားထဲတခြားဘယ်အစားအစာမှမစားရဘူး။နောက်ဆုံးဟင်းရွက်ရေလုံပြုတ်တောင်မစားရပါဘူး။ဒါ့ကြောင့် ပထမရက်အတွက်မိမိစားချင်တဲ့သစ်သီးတွေကိုကြိုတင်စဉ်းစားပြီးတရက်စာသွားဝယ်ထားပါ။အခုမှအစာရှောင်သူတွေအတွက်အလွန်ကြိုးစားရပါမယ်။
ဒုတိယရက်
ဒုတိယရက်မှာ အသီးလုံးဝစားလို့မရပါဘူး။အသားပါလို့လည်းမရဘူး။ဟင်းရွက်စားတဲ့အခါအစိမ်းအတိုင်း(ဆလပ်ရွက်)စားလို့ရသလိုတခြားဆီမပါပြုတ်ထားတာတွေစားလို့ရတယ်။

ဥပမာခါကြက်ဥ၊ချက်ပဲ၊ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်၊ဘူးသီး၊ဆလတ်ရွက်စတာတွေကိုစားပေးရမှာဖြစ်ပါတယ်။အစာပြေစားဖို့ခါကြက်ဥ၊ဂေါ်ဖီနဲ့ဆလတ်ရွက်ကိုအသင့်ထားရမှာဖြစ်ပါတယ်။ထမင်းစားလို့လည်းမရပါဘူး။အရွက်သီးသန့်ကိုပဲတနေကုန်စားရမှာဖြစ်ပြီးကြားထဲမှာရေထည့်သောက်ရမှာဖြစ်ပါတယ်။

တတိယရက်
တတိယရက်မှာအသီးနဲ့ အရွက်ကိုမျှတအောင်တနေကုန်စားပေးရမှာဖြစ်ပါတယ်။မနက်စာကိုသစ်သီး၊နေ့လည်စာကိုအရွက်၊ညနေစာကိုသစ်သီးအဆာပြေ၊ညစာကိုအရွက်ပြုတ်ကိုအားပြုစားရမှာဖြစ်တယ်။

ကြားထဲမှာရေတဖန်ခွက်စီထည့်သောက်ရမယ်။သစ်သီးဖျော်ရည်ထည့်သောက်လို့လည်းရတယ်။အချိုရည်မရပါ။ရေကိုတရက်အတွင်း၁၂ခွက်ထည့်သောက်သင့်တယ်။အဆာပြေအောင်ကော်ဖီ၊လက်ဖက်ရည်၊အချိုရည်ဘာတခုမှသောက်လို့မရပါ။

စတုတ္ထရက်
ဒီရက်မှာတော့နွားနို့နဲ့ ငှက်ပျောသီးကိုသာအာဟာရအဖြစ်စားပေးရမှာဖြစ်ပါတယ်။တရက်ကို နွားနို့သုံးခွက်(မနက်တကြိမ်၊နေ့တကြိမ်၊ညတကြိမ်)သောက်ပါ။အစာပြေငှက်ပျောသီးကိုအားပြုစားရမှာဖြစ်ပါတယ်။

တရက်အတွင်းငှက်ပျောသီး၁၀-၁၂လုံးထိထည့်စားရပါမယ်။လိုရင်းကခန္ဓာကိုယ်တွင်းမှာရှိတဲ့အဆိပ်အတောက်တွေကင်းစင်စေဖို့၊ဝမ်းမှန်စေဖို့ ဖြစ်ပါတယ်။လိုအပ်ရင်ရေထည့်သောက်ပါ။
လုပ်ဆောင်ရမှာကမနက်အိပ်ရာထမှာနွားနို့တခွက်နဲ့ငှက်ပျောသီးတလုံး၊နေလည်စာအတွက်နွားနို့တခွက်နဲ့ ငှက်ပျောသီးနှစ်လုံး၊ညစာအတွက်ငှက်ပျောသီးတလုံးနဲ့ နွားနို့တခွက်သောက်ပါ။ကြားထဲမှာဗိုက်ဆာရင်ဆာသလိုငှက်ပျောသီးနှစ်လုံးကိုရေနဲ့မျှောသောက်ပါ။

ပဉ္စမရက်
ငါးရက်မြောက်နေ့မှာနေ့လည်စာအတွက်ထမင်းစားလို့ရပါတယ်။ဒါပေမယ့်သတ်မှတ်ချက်ကထမင်းတပန်းကန်ဘဲစားရမှာဖြစ်ပါတယ်။ နေ့လည်စာအတွက်ထမင်းပန်းကန်လုံးတလုံးနဲ့ဟင်းရွက်ကြော်တပွဲနဲ့ စားပါ။

ခရမ်းချဥိသီး(၅)လုံးထည့်ပါ။မနက်စာနဲ့ ညစာကိုတော့ စတုတ္ထရက်ကလိုငှက်ပျောသီးနဲ့ နွားနို့သောက်ပေးရမယ်။မနက်စာကိုငှက်ပျောသီးတလုံး၊ညစာမှာငှက်ပျောသီးနှစ်လုံးထည့်စားသင်တယ်။ကြားထဲမှာရေသောက်များဖို့မမေ့ပါနဲ့။ ရေသန့်ဗူးကိုမိမိဘေးမှထားသောက်ပါ။

ဆဋ္ဌမရက်
ခြောက်ရက်မြောက်နေ့မှာခေတ်စကားနဲ့ ပြောရင်တော်တော်လေးပေါ့ပေါ့ပါးပါးဖြစ်လာပြီ။တရက်ပဲကျန်တော့တာဖြစ်လို့နည်းနည်းထည့်စားလို့ရပြီ။မနက်စာကိုဟင်းသီးဟင်းရွက်နဲ့ အသီးတမျိုး၊နေ့လည်စာမှာထမင်းတပန်းကန်နဲ့ဟင်းရွက်တမျိုး(အသားနည်းနည်းထညိ့)၊ညစာအတွက်ဟင်းရွက်ပြုတ်ဟင်းချိုရည်ကိုသောက်ရမှာဖြစ်ပါတယ်။

ကြားထဲမှာ ဗိုက်ဆာသလိုသစ်သီးတမျိုးနဲ့ ရေကိုအားဖြည့်ပေးရမှာဖြစ်ပါတယ်။ဒီရက်ထိရောက်သူဟာပိန်ဖို့အခွင့်အလန်းရဲ့(၈၀)ရာခိုင်နှုန်းကိုပိုင်ဆိုင်သူဖြစ်ပါတယ်။တနည်းအားဖြင့်မိမိစိတ်ကိုအကောင်းဆုံးထိန်းသိမ်းထားနိုင်သူတယောက်ဖြစ်မှန်းမသိဖြစ်ခဲ့ပါပြီ။

ပိန်ဖို့ျမျှာ်မှန်းခဲ့တဲ့ရည်မှန်းချက်ပန်းတိုင်ကမိမိရဲ့လက်တကမ်းအကွာမှာပဲရှိတော့တယ်။သိပ်မကြာခင် ပိန်မှန်းမသိပိန်လာပြီလို့ မိမိကိုယ်ကို ယုံကြည်လိုက်ပါ။
သတ္တမနေ့
နောက်ဆုံးရက်ဖြစ်ပါတယ်။ထမင်း၊အသား၊ငါး၊ဟင်းရွက်ပြုတ်ရည်စတင်စားလို့ရပါပြီ။ နောက်ပိုင်းရက်တွေမှာလိုသလောက်ပဲမိမိအသိဉာဏ်နဲ့ ထိန်းစားပါ။ ဒီရက်ပိုင်းတွေမှာ အစားအသောက်ကိုသေချာဆင်ခြင်စားသောက်ခဲ့လို့စိတ်ထိန်းချုပ်နိုင်စွမ်းအကောင်းဆုံးဖြစ်သလိုအစာအိမ်ကလည်း ကျင့်သားရနေပြီး ဖြစ်ပါတယ်။

နောက်ပိုင်းမှာ အစားအသောက်အပေါ်မှီခိုချင်စိတ် ကင်းမဲ့လာပြီး စားစား၊မစားစားနေနိုင်သွားပြီဆိုတာသတိထားကြည့်ရင်တွေ့ရပါလိမ့်မယ်။အစားအသောက်မြင်တာနဲ့ငမ်းငမ်းတက်သူတယောက်ဟာ အစားအသောက်ပေါ်မှာသိပ်အားထားတော့မှာမဟုတ်ပါဘူး။

ဒါဟာအစားအသောက်ပေါ် ကျင့်သားရအောင်လုပ်ဆောင်ပေးတဲ့ စားသောက်နည်းလမ်းတခု ဖြစ်ပါတယ်။ အစားအသောက်ကိုထိန်းချုပ်နိုင်သူတယောက်အတွက် ပိန်ဖို့ဆိုတာ အရာရာလွယ်ကူသွားပါပြီ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။အားလုံးကျန်းမာလှပပြီး အဆီအပိုမရှိတဲ့ခန္ဓာကိုယ်လေးပိုင်ဆိုကြပါစေရှင့်။
ခရက်ဒစ်