ဆွေမျိုးတွေပါမေ့သွားစေမည့် သီးစုံအချဉ်ပေါင်းလုပ်နည်း

အချဉ်ပေါင်းပြုလုပ်ဖို့အတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့
၁။ဆီးထုပ်(၁)ထုပ်

၂။သရက်သီး(၁)လုံး

၃။မရမ်းသီးမှည့် (၅)လုံး

၃။ဂွေးသီး(၃)လုံး
၄။ကြိုက်နှစ်သက်ရာအသီးများ

၅။ငံပြာရည် ထမင်းစားဇွန်း(၂)ဇွန်း
၆။ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း(၁)ဇွန်း

၇။ပါဝါသကြား လက်ဖက်စားဇွန်း(၁)ဇွန်း (ကုန်စုံဆိုင်တွေမှာ မေးဝယ်နိုင်ပါတယ်)
၈။သံပုရာသီး (၁)လုံး
၉။ငရုတ်သီးအကျက်မှုန့် ထမင်းစားဇွန်း(၁)ဇွန်း

၁၀။ထန်းလျက်(၃)ခဲ

၁၁။မျှင်ငါးပိ လက်ဖက်စားဇွန်း(၁)ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်
၁။ကြိုက်နှစ်သက်ရာသစ်သီးတွေကိုတစ်ခါစားအရွယ်လေးတွေလှီးဖြတ်ထားပြီး၊ဆီးထုပ်ပါဖောက်ထည့်ထားပါ။

၂။ထန်းလျက်ကိုရေတစ်ဝက်မြုပ်ရုံလောက်ထည့်ပြီးကျိုပေးပါ။ထန်းလျက်အရည်ပျော်သွားတဲ့အခါမျှင်ငါးပိနဲ့ငံပြာရည်ရောထည့်ပြီးမွှေပေးပါ။

၃။ငရုတ်သီးမှုန့် ၊ပါဝါသကြားနဲ့သံပုရာသီးညှစ်ထည့်ပြီးမွှေပေးပါ။
၄။ချို၊ချဉ်၊ငံ၊စပ်အရသာတွေအကုန်ရောမွှေပြီးရင်တော့လှီးဖြတ်ထားတဲ့သစ်သီးတွေနဲ့ ဆီးထုပ်၊ပုဇွန်ခြောက်မှုန့်ကိုရောထည့်ပြီးမွှေပေးပါ။

အရသာမြည်းကြည့်ပြီ စိတ်တိုင်းကျသွားပြီဆိုရင်တော့အချဉ်ပေါင်းကိုအသင့်စားသုံးလို့ရပါပြီ။
အေးအေးလေးစားမယ်ဆို ရေခဲသေတ္တာထဲ ခဏထည့်ထားပြီးစား အရမ်းစားကောင်းတဲ့အရသာမျိုးစုံနဲ့ချဉ်ပေါင်းလေးရပါပြီရှင့်

ဖိုလ်တိုခရက်ဒစ်
ေဆြမ်ိဳးေတြပါေမ့သြားေစမည့္ သီးစုံအခ်ဥ္ေပါင္းလုပ္နည္း
အခ်ဥ္ေပါင္းျပဳလုပ္ဖို့အတြက္လိုအပ္တဲ့ပါဝင္ပစၥည္းေတြကေတာ့

၁။ဆီးထုပ္(၁)ထုပ္
၂။သရက္သီး(၁)လုံး
၃။မရမ္းသီးမွည့္ (၅)လုံး
၃။ေဂြးသီး(၃)လုံး
၄။ႀကိဳက္ႏွစ္သက္ရာအသီးမ်ား
၅။ငံျပာရည္ ထမင္းစားဇြန္း(၂)ဇြန္း
၆။ပုဇြန္ေျခာက္မွုန႔္ ထမင္းစားဇြန္း(၁)ဇြန္း
၇။ပါဝါသၾကား လက္ဖက္စားဇြန္း(၁)ဇြန္း (ကုန္စုံဆိုင္ေတြမွာ ေမးဝယ္နိုင္ပါတယ္)
၈။သံပုရာသီး (၁)လုံး
၉။င႐ုတ္သီးအက်က္မွုန႔္ ထမင္းစားဇြန္း(၁)ဇြန္း
၁၀။ထန္းလ်က္(၃)ခဲ
၁၁။မၽွင္ငါးပိ လက္ဖက္စားဇြန္း(၁)ဇြန္း

ျပဳလုပ္နည္းအဆင့္ဆင့္
၁။ႀကိဳက္ႏွစ္သက္ရာသစ္သီးေတြကိုတစ္ခါစားအရြယ္ေလးေတြလွီးျဖတ္ထားၿပီး၊ဆီးထုပ္ပါေဖာက္ထည့္ထားပါ။
၂။ထန္းလ်က္ကိုေရတစ္ဝက္ျမဳပ္႐ုံေလာက္ထည့္ၿပီးက်ိဳေပးပါ။ထန္းလ်က္အရည္ေပ်ာ္သြားတဲ့အခါမၽွင္ငါးပိနဲ႔ငံျပာရည္ေရာထည့္ၿပီးေမႊေပးပါ။

၃။င႐ုတ္သီးမွုန႔္ ၊ပါဝါသၾကားနဲ႔သံပုရာသီးညႇစ္ထည့္ၿပီးေမႊေပးပါ။
၄။ခ်ိဳ၊ခ်ဥ္၊ငံ၊စပ္အရသာေတြအကုန္ေရာေမႊၿပီးရင္ေတာ့လွီးျဖတ္ထားတဲ့သစ္သီးေတြနဲ႔ ဆီးထုပ္၊ပုဇြန္ေျခာက္မွုန႔္ကိုေရာထည့္ၿပီးေမႊေပးပါ။

အရသာျမည္းၾကည့္ၿပီ စိတ္တိုင္းက်သြားၿပီဆိုရင္ေတာ့အခ်ဥ္ေပါင္းကိုအသင့္စားသုံးလို့ရပါၿပီ။

ေအးေအးေလးစားမယ္ဆို ေရခဲေသတၱာထဲ ခဏထည့္ထားၿပီးစား အရမ္းစားေကာင္းတဲ့အရသာမ်ိဳးစုံနဲ႕ခ်ဥ္ေပါင္းေလးရပါၿပီရွင့္
ဖိုလ္တိုခရက္ဒစ္