ဝက်ခြံအထွက်များတဲ့အသားအရည်ပိုင်ဆိုသောပျိုမေတို့အတွက်ဆောင်ရန်ရှောင်ရန်များ

ဝက်ခြံအထွက်များတဲ့အသားအရည်ပိုင်ဆိုသောပျိုမေတို့အတွက်ဆောင်ရန်ရှောင်ရန်များ

( ၁ )ဝက်ခြံနဲ့အဆီဖုစတဲ့အဖုလေးတွေကိုလက်နဲ့ကိုင်တာဆွတာဆိတ်တာကုပ်တာညှစ်တာမျိုး မလုပ်ပါနဲ့နော်

(၂)ရေများများ သောက်ပေးပါ။

(၃)အစိမ်းရောင်ရှိတဲ့အသီးအနှံ့များများ စားပေးပါ။

(၄)အပြင်သွားပြီးပြန်လာတိုင်မျက်နှာပြန်သစ်ပေးပါ။(ဘာလို့လဲဆိုတော့ မျက်နှာပေါ်ကအဆီတွေနဲ့ ပတ်ဝန်းကျင်ကဖုန်တွေကြောင့်လည်း ဝက်ခြံနဲ့ အဆီဖုတွေပိုဆိုးနိုင်လို့ ပါ )

( ၅ )အဆီအဆိမ့်နဲ့ နို့ထွက်ပစ္စည်းအသုံးအဆောင်အစားအသောက်တွေတတ်နိုင်သမျှ ရှောင်ပေးပါ။

(၆ )အငံနဲ့ အစပ်တွေလည်းလျော့စားပါ။

(၇)ဝက်ခြံအဆီဖုတွေရှိနေသေးသမျှမိတ်ကပ်foundation စတာတွေရှောင်ပေးပါ။မဖြစ်မနေလိမ်းရမယ်ဆိုရင်တော့အဆီဖုဝက်ခြံအသားအရေအတွက်သီးသန့်ထုတ်ထားတဲ့ BB cream ,CC cream မျိုးသုံးပေးပါ

( ၈ )ဝက်ခြံတွေများရင်သနပ်ခါး မလိမ်းစေချင်ပါ/ ယောကျာ်းလေးဆိုရင်အရက်ဘီယာ ဆေးလိပ်စတာတွေလျော့ပါ။

(၉) ချောကလက်တွေကိုလည်းဖြစ်နိုင်ရင်မစားပါနဲ့။ ချောကလက်ကလည်းဝက်ခြံကို ထွက်စေတယ်။

( ၁၀ ) ပြုပြင်ထားတဲ့အစားအစာတွေ၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏများလာပြီးဝက်ခြံထွက်လာတတ်တယ်။

ကြွက်သားထုထည်တက်အောင်သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊ whey protein တွေလည်း ရှောင်သင့်တယ်။

တချို့က ကြက်ဥစားတယ်။ ကြက်ဥအနှစ်မှာ ပါတဲ့ ကိုလက်စတောက ဝက်ခြံကို ပိုဆိုးစေတယ်။

(၁၁)အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။ နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးချောင်းေ့ကြာ်တွေဖြစ်ပါတယ်။ ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖို့လိုပါတယ်။

(၁၂) နောက်ပီးတစ်ကိုယ်ရည်အသုံးအဆောင်တွေဖြစ်တဲ့မျက်နှာသုတ်ပဝါ / ခေါင်းအုံးစွပ် တွေကို တစ်ပတ်တစ်ကြိမ်အနည်းဆုံးလဲပေးပါ /ညအိပ်ရာ ဝင်ခါနီးတိုင်း မျက်နှာကို သေသေချာချာလေးသန့်စင်ပေးပါ /မိတ်ကပ်လိမ်းတတ်ပါက မိတ်ကပ်ဖျက်ဆေး သုံးပီးမှ မျက်နှာထပ်သစ်ပေးပါအိပ်ရေး ဝဝ အိပ်ပါ /အိပ်ချိန်မှန်မှန် အိပ်ပါ ။

(၁၃)စိတ်ပိုင်းဆိုင်ရာအနေနဲ့ ကတော့ ပျော်ပျော်နေပါ /ဝက်ခြံ ကြောင့်စိတ်မဖိစီးပါနဲ့ /ဝက်ခြံ ထွက်လာမှာကိုပဲစိုးရိမ်တာမျိုး လျော့ပါ / စိတ်ညစ်တဲ့အခါဝက်ခြံကပိုထွက်တတ်ပါတယ်

(၁၄)ခန္ဓာကိုယ် တွင်းလည်း အပူ အပုတ်မရှိအောင်ဂရုစိုက်ပေးပါ ဒီ အချက်လေးတွေကိုလည်း အတတ်နိုင်ဆုံးဂရုတစိုက်လေးနဲ့ လိုက်နာပေးမယ်ဆိုရင် ပိုပီးပျောက်ကင်းမှုကိုသိသာစေပါတယ်နော်။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *