Home made မာလာရှမ်းကောအနှစ်လုပ်နည်း၂မျိုး
မာလာရှမ်းကောအနှစ်လေးနဲ့မည်သည့်ဟင်းကိုမဆိုချက်ပြုတ်စားလို့အဆင်ပြေတဲ့ဟင်းအနှစ်လေးပါရှင့် ။လုပ်နည်းအမျိုးမျိုးရှိတဲ့အထဲမှာ အခုလုပ်နည်း၂မျိုးမျှဝေပေးပါမယ်ရှင့်။

လုပ်နည်း(၁)ပါဝင်ပစ္စည်းများ
၁။ကရဝေးရွက်-၃ရွက်
၂။သစ်ဂျပိုးခေါက်၂ခု
၃။နာနတ်ပွင့်-၂ခု
၄။လေးညှင်းပွင့်၃ခု




၅။ကြက်သွန်ဖြူ၂ဥ
၆။ချင်း လက်တစ်ဆစ်
၇။တရုတ်ဟွာကျောက်မှုန့် ထမင်းစားဇွန်း၁ဇွန်း
၈။ငရုပ်သီးခြောက်၈တောင့်
၉။ငရုပ်နှစ်ချဉ်စပ်-လက်ဖက်စားဇွန်း၃ဇွန်း




၁၀။ရှောက်ကော၅ခု
၁၁။ဇာဒိပ္ဖလ် ၁ခု
၁၂။စမုံစပါးလက်ဖက်စားဇွန်း၁ဇွန်းခွဲ
၁၃။ဇီယာစေ့လက်ဖက်စားဇွန်း၁ဇွန်းခွဲ
၁၄။နှမ်းလှော်ထမင်းစားဇွန်း၁ဇွန်း




၁၅။ငရုပ်သီးချဉ်လက်ဖက်စားဇွန်း၃ဇွန်း
၁၆။ပဲပိစပ်၊ရိုးရိုးလက်ဖက်စားဇွန်း၃ဇွန်း
၁၇။ပဲငါးပိအငံ လက်ဖက်စားဇွန်း၃ဇွန်း




ချက်ပြုတ်နည်း
ကြက်သွန်ဖြူနဲ့ချင်းကိုထေားထားပါ။ပြီးရင်အပေါ်မှာပါဝင်သောပစ္စည်းအားလုံးကို ကြိတ်စက်ဖြင့်ကြိတ်ထားပေးပါ။
ပြီးရင်ဒယ်အိုး၁လုံးထဲမှာ ကြော်ရန်ဆီပမာဏထည့်ပြီးဆီပူလာရင်ကြက်သွန်ဖြူချင်းထောင်းထည့်ပြီးဆီသတ်ပါ။




ဆီသတ်နံ့မွှေးလာပြီဆို ကြိတ်ထားတဲ့အမှုန့်ထည့်ပြီးမွှေပေးပါ။ဆီအရောင်ထွက်လာပြီးခြောက်ခြောက်လေးဖြစ်ပြီဆိုချလို့ရပါပြီ။
လုပ်နည်း(၂)
မာလာရှမ်းကောအနှစ်ပါဝင်ပစ္စည်းများ
၁။ငရုတ်သီးအခြောက် ၁၀သား




၂။ကြက်သွန်နီ ၁၀သား
၃။ကြက်သွန်ဖြူ ၁၀ သား
၄။ချင်း ၅ကျပ်သား
၅။ဆီတိုးဟူး ၁ တစ်ဗူး




၆။တရုတ်ပဲငပိ ၁ လုံး
၇။ဇပလင် ၅ချောင်း
၈။ရှောင်ကောမှုန့်၁ထုတ်
၉။ပါကောမှုန့်၁၁ထုတ်
၁၀။နာနတ်ပွင့်၅ပွင့်




ချက်ပြုတ်နည်း
အပေါ်မှ ၁ကနေ ၇ထိအားလုံးကိုအမူန့်ကြိတ်ဘလန်ဒါထဲဆီနဲနဲထည့်ပြီရင်ကြိတ်လိုက်ပါ ။
ဆီအပူဒယ်အိုးထဲထည့်ပြီးမိနစ်၄၀ခန့် ဇွန် ရှည်ရှည်ဖြင့်မွှေပေးပါ၊ပြီးလျှင်ဆား၅ ဇွန်းဟင်းချိုမူန့် ၅ဇွန်းရှောက်ကော ၁ထုတ်ပါ့ကော ၁ထုတ်

နာနတ်ပွင့် ၅ပွင့်ထည့်လိုက်ပါအနှစ်ကို မိမိကြိုက်နှစ်သက်သလိုချက်ပြုတ်စားသောက်နိူင်ပါသည်။အားလုံးအဆင်ပြေကြပါစေရှင့်

ဖိုလ်တိုခရက်ဒစ်