အားလူးဘဲသားအချိုကြော်ချက်နည်း

အားလူးဘဲသားအချိုကြော်ချက်နည်း

ပါဝင်သောပစ္စည်းများ

၁။ ဘဲ ၃၀ကျပ်သား(တခြမ်း)

၂။ ငရုတ်ကောင်းစေ့စားပွဲတင်ဇွန်းတဝက် (ထောင်းပါ)

၃။ ပဲငံပြာရည်အကြည်စားပွဲတင်ဇွန်းတဝက်

၄။ ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း

၅။ ပျားရည်စားပွဲတင်ဇွန်း၁ဇွန်း

၆။ ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း တဝက်

၇။ ရေစားပွဲတင်ဇွန်း ၂ဇွန်း

၈။ ဆားလက်ဖက်ရည်ဇွန်း ၁ဇွန်း

၉။ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ဇွန်း

၁၀။ သကြားလက်ဖက်ရည်ဇွန်း တဝက်

၁၁။အားလူးအနည်းငယ်

ချက်ပြုတ်နည်း

ဘဲရင်ဗုံသားကို ခွက်တစ်ခုထဲထည့်ပြီးခရင်းဖြင့်အပျောက်လေးများဖြစ်အောင်ထိုးပါ။

ပြီးမှဘဲသားမှအပပါဝင်သောပစ္စည်းအားလုံးကို(ငရုတ်ကောင်းမှုန့်၊ပဲငံပြာရည်အကြည်၊ပဲငံပြာရည်အနောက်၊

ပျားရည်၊ကော်မှုန့်၊ ရေ၊ ဆား၊သကြား၊ကြက်သားမှုန့်)အားလုံးကိုခွက်တခုထဲရောမွှေလိုက်ပါ။

ထို့နောက်ဘဲသားပေါ် လောင်းချကာသမအောင်နုယ်ထားပြီး၁နာရီခန့် ရေခဲသေတ္တာထဲတွင်နုပ်ထားပေးပါ။

ချက်ခါနီး ၁၅မိနစ်အလိုမှရေခဲသေတ္တာထဲမှပြန်ထုတ်ထားပေးပါ။

ဒယ်ထဲဆီများများထည့်၍နုပ်ထားသောဘဲသားကိုအညှိရောင်သန်းလာသည်အထိ မီးနည်းနည်းဖြင့်ကြော်ပေးပါ။

ကြော်ပြီးလျှင်ဘဲရင်ဗုံသားကိုစတီခွက်တစ်ခုထဲထည့်၍ပေါင်းအိုးဖြင့်၁၀မိနစ်ခန့်ပေါင်းပေးပါ။

ပြီးလျှင်ဘဲသားကိုလှီးပြီးပန်းကန်ပြားတွင်ပုံဖော်ထားပါ။နုပ်ထားသောဘဲသားအရည်များကိုပျစ်အောင်တည်ပြီးအပေါ်မှ ဖြူးပေးပါ။

မုန့်ညှင်းများကိုရနွေးဖြင့် ၂မိနစ်ဖြင့် ပြုတ်ပေးပြီးရေအေးပြန်စိမ်ထားပါ။

အာလူးများကို နူးအောင်ပြုတ်ပြီဆား၊ငရုတ်ကောင်းမှုန့် ,rosemary တို့ဖြင့်သမအောင်ရောကြော်ထားပေးပါ။

အရသာအလွန်ကောင်းပြီးငရုတ်ကောင်းနံမွှေးနေသည့်ဘဲသားအချိုကြော်ကိုစားသုံးနိုင်ပါပြီ

ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *