ရှားစောင်းလက်ပတ်နဲ့ ပေါင်းတင်နည်းအမျိုးအမျိုး၊ အသားအရေစိုပြေ ဝင်းပလှပစေဖို့ ရှားစောင်းလက်ပတ်နဲ့ ပေါင်းတင်ကြပါစို့
၁။အသားအရေစိုပြေစေရန်ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အလယ်သား အနှစ်လေးတွေကို ဇွန်းနဲ့ခြစ်ယူပြီး ရလာတဲ့ ဂျယ်အနှစ်လေးတွေကို မျက်နှာပေါ်လိမ်းပေးပါမိနစ် သုံးဆယ်ခန့်ခြောက်သွေ့အောင်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချပါ။တစ်ပတ်နှစ်ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေ စိုပြေတင်းရင်းစေပြီး ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဝက်ခြံထွက်ခြင်း
အသားအရေခြောက်သွေ့ယားယံခြင်း၊အသားအရေရောင်းရမ်းခြင်း များကိုသက်သာစေမှာဖြစ်ပါတယ်
၂။ဝက်ခြံအမာရွတ်နဲ့အမဲစက်အတွက်ပေါင်းတင်းနည်း

ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းနဲ့ခြစ်ယူပါ။ခရမ်းချဉ်သီး အစေ့ထုတ်ပြီးသားတစ်လုံးကို ဓားသန့်သန့်ဖြင့် နုတ်နုတ်ဆင်းပြီး ရလာသောအရည်ကိုရှားစောင်းလက်ပတ်အနှစ်နဲ့ဆတူရောပြီး သမအောင် မွှေနှောက်ပေးပါ။ရလာသောအနှစ်အရည်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။ဆယ့်ငါးမိနစ်ခန့်ခြောက်သွေ့အောင်ထားပြီး ကြက်သီးနွေးရေလေးနှင့်ဆေးချပါ။တစ်ဖန်ရေအေးအေးလေးနှင့် ပြန်သစ်ကာ ခြောက်သွေ့သန့်ရှင်းသော တဘက်လေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။လိမ်းနေကျ toner, moisturizerလေးလိမ်းပေးပါ။တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။ခရမ်းချဉ်သီးမှာပါတဲ့ အက်စစ်ဓာတ်နဲ့အာဟာရဓာတ်တွေက ဝက်ခြံကြောင့်ဖြစ်တဲ့အမဲစက်တွေနဲ့ဝက်ခြံအမာရွတ်တွေကို ကုသပေးနိုင်ပြီး အသားအရေကို ကြည်လင်သန့်ရှင်းစေပါတယ်။ရှားစောင်းလက်ပတ်က အသားအရည်ကိုရေဓာတ်ဖြည့်စိုပြေစေပြီး အသားအရေယောင်ရမ်းမှုကိုသက်သာစေပါသည်။
၃။ရှားစောင်းလက်ပတ်အနှစ်+ကြက်ဥအကာပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ်နှစ်ဇွန်းကို ကြက်ဥအကာတစ်လုံးနဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းပေးပါ။ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပါ။တစ်ဖန်ရေအေးလေးနဲ့ပြန်ဆေးပါတစ်ပတ်နှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ချွေးပေါက်ကျဉ်းကာ အသားအရေစိုပြေစေမှာဖြစ်ပါတယ်။
၄။ရှားစောင်းလက်ပတ်scrubလုပ်နည်း
သကြားခွက် တစ်ဝက်ရှားစောင်းလက်ပတ်အနှစ် ခွက် လေးပုံတစ်ပုံအုန်းဆီခွက်တစ်ဝက် တို့ကိုရောမွှေပါ။ရလာသောအနှစ်ကို အသားအရည်ပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးခြင်းဖြင့် ဆဲလ်သေဖယ်ရှာပေးသော scrub အဖြစ်အသုံးပြုနိုင်ပါသည်။နှုတ်ခမ်းသားမဲညိုနေခြင်းအတွက်လည်း အသုံးပြုနိုင်သလို ဒူးခေါင်းမဲခြင်း တံတောင်စစ်မဲခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပါသည်။
၅။ဆံသားတောက်ပဖို့အတွက် ရှားစောင်း လက်ပတ်+ဒိန်ချဉ်ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက်ဒိန်ချဉ်ခွက်တစ်ဝက်၊ပျားရည်နဲ့သံလွင်ဆီ တစ်ဇွန်းဆီထည့်ပြီး ခေါင်းလျှော်ပြီးသား ဆံသားမစိုမခြောက်ပေါ် ဦးရေးပြားမှစ၍ ဆံသားအဆုံးအထိလိမ်းပေးပါ။ တဘတ်ကလေးနဲ့ ဆယ်မိနစ်ခန့်ပေါင်းပေးထားပါ။ဆယ်မိနစ်ပြည့်ရင် တဘတ်ကိုဖြေချပြီး နာရီဝက်ခန့် ထားပြီးမှ ရေပြောင်အောင်ဆေးချပါ။ဒိန်ချဉ်အနံ့ပျောက်ချင် ခေါင်းလျှော်ရည်နည်းနည်းနဲ့ပြန်လျှော်ပေးပါ။တစ်ပတ်တစ်ကြိမ်အသုံးပြုနိုင်ပါသည်။
၆။ဆံသားခြောက်သွေ့ခြင်းအတွက် ရှားစောင်းလက်ပတ်+အုန်းဆီပေါင်းတင်နည်း

အုန်းဆီခွက် တစ်ဝက် ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက် ပျားရည်ခွက် လေးပုံတစ်ပုံ တို့ကိုရောမွှေ၍ ခေါင်းလျှော်ပြီးသား မစိုမခြောက်ဆံသားပေါ် လိမ်းပေးပါ။နာရီဝက်ခန့်ထား၍ ခေါင်းလျှော်ရည်အနည်းငယ်နှင့်ပြန်လျှော်ပေးပါ။ဆံသားခြောက်သွေ့ပျက်စီးနေခြင်းအတွက် အလွန်အသုံးဝင်သောပေါင်းတင်နည်းဖြစ်ပါတယ်။တစ်ပတ်တစ်ကြိမ်အသုံးပြုနိုင်ပါသည်။
၇။ဗောက်ပျောက်စေမည့် ရှားစောင်းလက်ပတ်+ပန်းသီးရှာလကာပေါင်းတင်နည်း
ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက်ပန်းသီရှာလကာရည် ခွက်လေးပုံတစ်ပုံပျားရည် ခွက်လေးပုံတစ်ပုံ တို့ကိုရောမွှေပြီး ခေါင်းလျှော်ပြီးသား မစိုမခြောက်ဆံသားပေါ်လိမ်းပေးပါ။မိနစ်နှစ်ဆယ်ခန့်ထားပြီး ခေါင်းလျှော်ရည်အနည်းငယ်နဲ့ပြန်ဆေးချပါ။တစ်လ နှစ်ခါ ပုံမှန်အသုံးပြုပေးလျှင် ဗောက်ထခြင်းကိုသက်သာစေမှာဖြစ်ပါတယ်။
၈။အသားအရေကြည်လင်စေမည့် ရှားစောင်းလက်ပတ်အနှစ်+ နနွင်း ပေါင်းတင်နည်း

ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက်နနွင်း ခွက်လေးပုံတစ်ပုံပျားရည် သုံးဇွန်း တို့ကိုသမအောင်ရောမွှေပြီး ရလာသောအနှစ်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။မိနစ်နှစ်ဆယ်ခန့်ထားပြီး ရေအေးနှင့်ဆေးချပါ။အဆီပြန်၍အသားအရေ ညစ်ထေနေခြင်း၊အသားအရည်အမဲစက်များကို သက်သာစေပြီး အသားအရည်ကြည်လင်စေမှာဖြစ်ပါတယ်။တစ်ပတ်နှစ်ကြိမ်အသုံးပြုနိုင်ပါသည်။
သဘာ၀ပစ္စည်းများသုံးပြီး နုပျိုလှပနိုင်ကြပါစေ ….