ငါးပေါင်းမာလာချက်နည်း
ငါးပေါင်းမာလာချက်နည်း
ပါဝင်ပစ္စည်းများ
၁။ငါးတစ်ကောင် တီလားဗီးယားငါး(သို့) ကကတစ်ငါး
၂။ကြက်သွန်ဖြူ ၁၀တက် ဒါးပြားရိုက်၊
၃။ဂျင်းလက်တစ်ဆစ်ပါးပါးရှည်ရှည်လှီး
၄။ကြက်သွန်မိတ်၁၀ချောင်းပါးပါးလှီး
၅။မြေပဲလှော်ထောင်းထမင်းစားဇွန်း ၃ဇွန်း
၆။နှမ်းလှော်ထောင်း ထမင်းစားဇွန်း၂ဇွန်း
၇။တရုတ်မဆလာလက်ဖက်ရည်ဇွန်းတစ်ဇွန်း
၈။ငရုတ်ကောင်း၊ လက်ဖက်ရည်ဇွန်း တစ်ဝက်၊
၈။ငရုတ်သီးခွဲခြမ်းထမင်းစားဇွန်း၃ဇွန်း
၁၀။ပဲငပိအငန်ထမင်းစားဇွန်း တစ်ဇွန်း
၁၁။ပဲငံပြာရည် အကြည် ထမင်းစားဇွန်း နှစ်ဇွန်း
၁၂။ရှာလကာရည် ထမင်းစားဇွန်းနှစ်ဇွန်း
တီလားဗီးယားသို့မဟုတ်ကကတစ်ကို ဗိုက်ဖောက်အူထုတ်ဆေးကြောသန့်စင်ပြီးနှစ်ဖက်လုံးဓါးရာပေးဆား၊ဟင်းခတ်မှုန့် နယ်ပြီးနှစ်ထပ်ပေါင်းအိုးမှာတဖက်ကို၁၅မိနစ်ခန့်ပေါင်းပါ။
ဒယ်ထဲဆီထည့်ကြက်သွန်ဖြူဂျင်းထည့် မွှေးလာရင်ငရုတ်သီးခွဲခြမ်းထည့်၊ငရုတ်သီးကျက်ရင်ပဲငပိ၊ပဲငံပြာရည်အကြည်ရှာလကာရည်ထည့်၊
မြေပဲလှော်ထောင်း၊နှမ်းလှော်ထောင်းထည့်၊ငရုတ်ကောင်း၊တရုတ်မဆလာထည့်၊အနံ့မွှေးလာရင်ကြက်သွန်မိတ်ထည့်ပြီးငါးပေါင်းထားတဲ့အပေါ်လောင်းချပေးပါ။
နံနံပင်ကြိုက်ရင်ပါးပါးလှီးထည့်လို့ရပါတယ်။ရပါပြီအနံအရသာနဲ့ပြည့်စုံလှတဲ့ငါးပေါင်းမာလာလေးကိုထမင်းပူပူလေးနဲ့
စားလိုက်ရင်အရမ်းကိုစားကောင်းမှာပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်
ဖိုတိုခရက်ဒစ်
ပါဝင်ပစ္စည်းများ
ဖိုတိုခရက်ဒစ်
Facebook Comments Box
Leave a Reply
Your email address will not be published. Required fields are marked *