အိမ်းတွင်းလုပ် ပဲနို့လုပ်နည်း နှင့် ပဲနို့၏ကောင်းကျိုးဆိုးကျိုးများ
နို့လုပ်ရတာအရမ်းလွယ်ပါတယ်။ကိုယ်တိုင် အိမ်မှာလုပ်တော့ပိုလတ်ဆတ်တာပေါ့။အရသာကိုလည်း မိမိကြိုက်နှစ်သက်သလိုပြင်လို့ရပါတယ်။

အားလုံးစဉ်ပြေစေရန်ပဲနို့လုပ်နည်းလေးကိုမျှဝေပေးပါတယ်။
လိုအပ်သောပစ္စည်းများ
၁။ပဲပိစပ်ပဲ( Soybeans)နို့ဆီဗူး ၁ခွက်

၂အဝတ်ပိတ်ဖြူသန့်သန့်တစ်ခု
၃။ကြိတ်စက် ( Blender)
၄။ရေနို့ဆီဗူး၂ ခွက်

ပြုလုပ်နည်း အဆင့်ဆင့်
၁။ပဲတွေကိုသေချာသန့်စင်ပြီးရေကိုပဲမျက်နှာပြင်လက်သုံးလုံးခန့်ထိထည့်ပြီးတစ်ညရေစိမ်ထားရပါမယ်။

၂။ နောက်ရက်ရေစိမ်ထားတဲ့ပဲတွေကိုလက်နှစ်ဖက်နှင့်သေချာပွတ်တိုက်ပြီးရေ၃ခါလောက်ဆေးပြီးအခွံချွတ်ပါ။

အခွံကျွတ်ပြီးပီဆိုရေပြန်ဆေးပါ။ရေဆေးထားသောပဲများကို ဇကာထဲထည့်ပြီးရေစစ်ထားပါ။
စစ်ထားသောပဲများကို ကြိတ်စက်ထဲထည့်ပါ။ပဲတစ်ခွက်ဆိုရင်ရေ၂ခွက်နှုန်းနဲ့ကြိတ်စက်ထဲထည့်ကြိတ်ပါ။

၂မိနစ်လောက်ကြိတ်ရပါမယ်။ဇလုံတွင်ပိတ်စသန့်သန့်ကိုခင်းပါ။
ကြိတ်ထားတဲ့ပဲရည်တွေထည့်ပြီးလက်သန့်သန့်ဖြစ်အရည်မကျန်တော့တဲ့ထိညှစ်ယူပါ။

ကြိတ်စက်ထဲကပ်ကျန်နေတဲ့ပဲနှစ်ကိုလည်းရေနည်းနည်းဖြစ်ကျဉ်းယူပါ။
ရလာတဲ့ပဲရည်ကိုအိုးကြီးတစ်ခုထဲထည့်ပြီး ဆူပွတ်လာတဲ့ထိမီးအနေတော်ဖြစ်၁၅မိနစ်ကနေ၁၈မိနစ်လောက်ထိ

အဆက်မပြတ်မွှေပီးကျိုပေးပါ။(ပဲနို့ရည်များအိုးမှာကပ်ပြီးဝေကျမှာဆိုးလို့ပါ)
ဒါ့ကြောင့်အိုးကြီးကြီးသုံးပါ။အချိန်ကိုမှတ်ထားပေးပါ။ပဲနို့ရည်များပွက်လာရင် နောက်ထပ်၅မိနစ်လောက်ထပ်လောက်ထားပါ။

ပြီးရင်အအေးခံထားပါ။အမြှုပ်လေးတွေရှိရင်စကာနှင့်စစ်ယူပါ။မစစ်ပဲသောက်လို့လည်းရပါတယ်။
အချိုကြိုက်ရင်သကြားထည့်သောက်ပါ။
အရသာရှိပြီးကျန်းမာရေးနှင့်ညီညွတ်တဲ့အိမ်လုပ်ပဲနို့ရပါပြီ။အားလုံးအစဉ်ပြေကြပါစေရှင့်။

ပဲနို့၏ ကောင်းကျိုးများ
၁။လက်တို့စ် (lactose)ဓာတ်မပါခြင်း။
နွားနို့မှာဆိုလက်တို့စ် (lactose)လို့ခေါ်တဲ့ဓာတ်တစ်မျိုးကြွယ်ဝစွာပါဝင်ပါတယ်။ ပုံမှန်လူတွေအတွက်တော့ကိစ္စမရှိပေမယ့် လက်တို့စ်နဲ့မတည့်သူတွေအတွက်ကတော့

နွားနို့သောက်လိုက်တိုင်းကိုယ်ခန္ဓာကမချေဖျက်နိုင်ဘဲနို့သောက်တိုင်းဝမ်းလျှောတာ၊ပျို့အန်တာ၊
ဗိုက်အောင့်တာ၊လေထိုးလေအောင့်တာတွေဖြစ်တတ်ပါတယ်။ နို့ကရမယ့်အဟာရဓါတ်ကိုလိုချင်ပေမယ့်နွားနို့သောက်မရတဲ့သူတွေအတွက်ပဲနို့ကိုသောက်ပေးလို့ရပါတယ်။

ပဲနို့မှာလည်းနွားနို့လိုပဲအာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်ပြီးလက်တို့စ်(lactose)ဓာတ်လည်းမပါဝင်တာကြောင့်ပဲနို့ဟာနွားနို့နဲ့ မတည့်တဲ့သူတွေအတွက်ရွေးချယ်စရာတစ်ခုပါ။
၂။ကိုယ်ခန္ဓာအတွက်လိုအပ်သောပရိုတင်းဓာတ်ကြွယ်ဝစွာပါခြင်း။

ကိုယ်ခန္ဓာအတွက်ပရိုတင်းဓာတ်ပြည့်ဝစွာလိုချင်ရင်တော့နေ့တိုင်းစားတဲ့အစားအသောက်တွေထဲမှာပဲနို့ကိုလည်းတစ်စိတ်တစ်ပိုင်းအဖြစ်ထည့်လို့ရပါတယ်။
ပဲနို့မှာအသားဓာတ်ပရိုတင်းမဟုတ်ဘဲအပင်ကရတဲ့ပရိုတင်းဓာတ်တွေကြွယ်ဝစွာပါပါတယ်။ပဲနို့သောက်လိုက်ရင်ကိုယ်ခန္ဓာခုခံအားကိုတက်စေပြီး

အားအင်ပြည့်ဝစေပါတယ်။သကြားမပါတဲ့ပဲနို့တစ်ခွက်မှာပရိုတင်း၇ဂရမ်ပါပါတယ်။
၃။ကယ်လ်စီယမ်နှင့် သံဓာတ်များ ပါဝင်ခြင်း။

သကြားမပါတဲ့ ပဲနို့တစ်ခွက်မှာကယ်လ်စီယမ်၂၉၉မီလီဂရမ်ပါလို့နေ့စဉ်စားသင့်တဲ့ကယ်လ်စီယမ်ဓာတ်ရဲ့ ၃၀% ပဲနို့မှာပါပါတယ်။
အဲဒီတော့ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေလည်းစားပဲနို့လေးလည်းသောက်မယ်ဆိုသင်ရောသင့်အရိုးရောကျန်းမာသန်စွမ်းနေမှာဖြစ်ပါတယ်။

ပဲနို့မှာပါဝင်တဲ့သံဓာတ်ကလည်းသွေးနီဥလေးတွေကိုကောင်းကောင်းအာဟာရပြည့်စေပါတယ်။
သကြားမပါတဲ့ပဲနို့တစ်ခွက်မှာသံဓါတ် ၁.၁မီလီဂရမ်ပါလို့အမျိုးသားအမျိုးသမီးရောနေ့စဉ်လိုအပ်တဲ့သံဓာတ်ရဲ့၁၄ % နှင့် ၆ % အသီးသီးစီပါပါတယ်။

၄။Riboflavin and Vitamin B-12 တွေလည်း ပါပါတယ်။
ပဲနို့မှာပါဝင်တဲ့ ဗီတာမင်ဘီအုပ်စု အထူးသဖြင့် Riboflavin နဲ့ Vitamin B-12 က အာရုံကြော စနစ်ကိုအားဖြည့်ပေးပြီးဆဲလ်တွေမှာရှိတဲ့ DNA ထိခိုက်ခြင်းကိုကာကွယ်ပေးပါတယ်။

ပဲနို့တစ်ခွက်မှာ Riboflavin ဝ.၅၁ မီလီဂရမ်ပါလို့အမျိုးသားတွေလိုအပ်တဲ့ Riboflavin ရဲ့ ၃၉% နဲ့အမျိုးသမီးတွေလိုအပ်တဲ့Riboflavinရဲ့၄၆% ပါပါတယ်။
ဆိုးကျိုးများ
ကောင်းတာတွေပြီးတော့ဆိုးတာတွေလာပြီပေါ့။ အကောင်းအဆိုးဆိုတာအမြဲဒွန်တွဲနေတာမဟုတ်လား။
၁။လက်ရှိရင်သားကင်ဆာဖြစ်နေသောအမျိုးသမီးများမသောက်သင့်ပါ။

၂။သကြားဓာတ်များစွာပါခြင်း။သောက်လို့ကောင်းအောင်ထုတ်ထားတဲ့ပဲနို့တွေမှာသကြားဓာတ်များစွာပါဝင်တတ်လို့ဝိတ်လျှော့နေသူတွေ၊ဆီးချိုရှိနေတဲ့သူတွေမသောက်သင့်ပါ။ပဲနို့ကိုဆိုးကျိုးကင်းကင်းသောက်ချင်ရင်တော့ sugar free သကြားမပါတာတွေကို ပဲ ရွေးချယ်သောက်သင့်ပါတယ်။

၃။အစာအိမ်လေထခြင်းကိုဖြစ်စေတယ်။ပဲတို့ရဲ့ထုံးစံအတိုင်းများများစားလိုက်ရင်လေပွခြင်းဖြစ်တတ်သလိုပဲနို့များများသောက်လိုက်ရင်လည်းလေပွကာလေထိုးလေအောင့်ခြင်းတွေဖြစ်နိုင်ပါတယ်။
အဖြစ်နည်းတတ်တဲ့ ဆိုးကျိုးတွေကတော့
ပဲနို့ကိုငယ်ငယ်လေးထဲကစွဲမြဲစွာသောက်လာခဲ့မယ်ဆိုရင်သိုင်းရွိုက်ဂလင်းရောဂါများ၊ မျိုးပွားအင်္ဂါရောဂါများလည်းဖြစ်တတ်ပါသေးတယ်။အင်မတန်မှတော့အဖြစ်နည်းပါတယ်။

ခရက်ဒစ်