ကန်စွန်းဥစားသုံးပေးခြင်းဖြင့် ရရှိနိုင်သော ကောင်းကျိုး (၇)မျိုး
၁. နှလုံးရောဂါကို ကာကွယ်ပေးတယ်။
ကန်စွန်းဥမှာ ဗီတာမင် B6 ပါဝင်လို့ သွေးထဲမှာ homocysteine ဓာတ်ကို ထိန်းပေးပါတယ်။ သွေးထဲမှာ homocysteine များလွန်းရင် နှလုံးရောဂါ ဖြစ်နိုင်ချေရှိလို့ နှလုံးရောဂါကို ကာကွယ်ပေးပြီးသား ဖြစ်ပါတယ်။
၂. သာမန်ဖျားနာတာကို အရှင်းပျောက်ကင်းစေနိုင်တယ်။
ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တာကြောင့် အအေးမိ၊ တုပ်ကွေး ရောဂါတွေကို ပျောက်ကင်းစေပါတယ်။ အရိုးနဲ့ သွားကျန်းမာရေးကို အထူးထောက်ပံ့ပေးပြီး အစာခြေစနစ်နဲ့ သွေးဆဲလ်ဖွဲ့စည်းမှုတွေကိုလည်း အကူအညီပေးနိုင်ပြီး ကင်ဆာရောဂါစုံကိုလည်း ကာကွယ်နိုင်ပါတယ်။

၃. စွမ်းအားကို တိုးစေတယ်။
ကန်စွန်းဥမှာ ဗီတာမင် D လည်း ပြည့်ဝစွာ ပါဝင်တာကြောင့် လူရဲ့ အာဟာရလိုအပ်ချက်ကို ဖြည့်တင်းပေးပြီးစွမ်းအားကို တိုးမြင့်စေပါတယ်။ အရေအပြား၊ အရိုး၊ နှလုံးနဲ့thyroid gland တွေရဲ့ ကျန်းမာရေးကိုလည်း အာမခံချက်ပေးနိုင်ပါတယ်။
၄. စိတ်ဖိအားကို လျှော့ချပေးတယ်။
ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ သံဓာတ်ကို ကန်စွန်းဥမှ ရရှိနိုင်ပါတယ်။ သံဓာတ်ဟာ သွေးဥဖြူထုတ် လုပ်ရေးကို အားပေးပြီး၊ စိတ်ဖိအားကိုလည်း လျှော့ကျစေနိုင်ပါတယ်။

၅. ကျောက်ကပ်အတွက် ကောင်းမွန်တဲ့ဆေး
ကန်းစွန်းဥမှာ ပိုတက်စီယမ်ဓာတ်လည်း ပါဝင်ပါတယ်။ အဲဒီ ဓာတ်ဟာ နှလုံးခုန်နှုန်းကို မှန်စေပြီး အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ကျောက်ကပ်ကျန်းမာရေးကို အားကောင်းစေပြီး ကျောက်ကပ်ဖောရောင်ခြင်းကိုလည်း လျှော့ချပေးပါတယ်။
၆. သဘာဝသကြားဓာတ်ရဲ့ အကျိုး
ကန်စွန်းဥမှာ သဘာဝသကြားဓာတ် ပါဝင်လို့ သွေးကြောတွေကို သန့်စင်စေပါတယ်။ စွမ်းအားအရင်းအမြစ်ကို ထိန်းပေးပြီး အဆီကျမှုကို အဟန့်အတားဖြစ်စေတဲ့ သွေးတွင်း သကြားဓာတ်များပြားမှုကိုလည်း မဖြစ်စေပါဘူး။

၇. အဝါရောင် ကန်စွန်းဥရဲ့ အစွမ်း
အဝါရောင်ကန်စွန်းဥမှာ beta carotene နဲ့ အခြား carotenoid တွေ ပါဝင်ပါတယ်။ အဲဒီ ဓာတ်တွေဟာ မျက်လုံးအမြင်ကြည်လင်မှုကို ပေးပါတယ်။ အိုမင်းလွယ်တဲ့ ရောဂါကို မဖြစ်စေဘဲ ကင်ဆာနဲ့ အခြားရောဂါဆိုး တွေကို ကာကွယ်ပေးပါတယ်။

ရင်းမြစ်; ရွှေမွန်