မုန့်လက်ဆောင်းအေးအေးလေးနဲ့ မုန့်လက်ဆောင်းဖတ်လုပ်နည်း
နွေရာသီပူပူမှာအေးအေးလေးသောက်ရအောင် မုန့်လက်ဆောင်းလေးလုပ်သောက်ကြမယ်နော်

မုန့်လက်ဆောင်ကိုထန်းလျက်ရည်နဲ့လုပ်သလိုအုန်းနို့ရည်နဲ့လည်းတွဲစားကြပါတယ်။၂မျိုးလုံးကြိုက်တာမို့လုပ်နည်း၂ခုလုံးမျှဝေပေးထားပါတယ်ရှင့်။

ပထမဆုံးထန်းလျက်မုန့်လက်ဆောင်းလေးလုပ်နည်းလေးပြောပေးပါမယ်ရှင့်။
ပါဝင်သောပစ္စည်းများ
၁။မုန့်လက်ဆောင်းဖတ်

၂။ထန်းညက် ၄၀၀ဂရမ်

၃။ဆား –လက်ဖက်ရည်ဇွန်း တဝက်

ပြုလုပ်နည်း- လုပ်ပြီးသားမုန့်လက်ဆောင်းဖတ်ကို ရေအေးတွင်စိမ်ထားပါမယ်။(သို့)ဇလုံထဲထည့်ထားပြီးရေခဲတုန်းလေးများအပေါ်ကတင်ထားပေးပါ။
ထန်းလျက်များကိုဒယ်ထဲရေအနည်းငယ်ထည့်ပြီးမီးပြင်းပြင်းဖြင့်ကျိုထားပေးပြီးမပျစ်မကျဲ

အနေထားရောက်လျှင်ဆားအနည်းငယ်ထည့်ပြီထန်းညက်ရည်ခွက်တစ်ခုထဲသို့ဇကာဖြင့်စစ်ပြီးပြန်ထည့်ထားကာအအေးခံထားပေးပါ။

ပြီမှခွက်ထဲမုန့်လက်ဆောင်ဖက်တဝက်ထည့်ပြီထန်းလျက်ရည်များကိုထည့်ကာ ရေခဲတုံးလေးများထည့်ပေးပီး အရသာရှိရှိသောက်သုံးနိုင်ပါပြီ။

အုန်းနို့မုန့်လက်ဆောင်းကြိုက်သူများအတွက် အုန်းနို့မုန့်လက်ဆောင်း
ပါဝင်ပစ္စည်းများ
၁။အုန်းသီး –၁လုံး(အရည်ညှစ်ထားပြီသား)

၂။သကြား –၂၀ကျပ်သား
၃။ဆား–လက်ဖက်ရည်ဇွန်း တဝက်

ပြုလုပ်နည်း- အရင်ဆုံးအုန်းနို့ မုန့်လက်ဆောင်းအတွက်ဒယ်ထဲသို့အုန်းနို့ရည်များထည့်ကာသကြား(၂၀ကျပ်သား)ထည့်ပြီသကြားများအရည်ပျော်အောင်အပူအနည်းငယ်ပေးလိုက်ပါ။

ပြီလျှင် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည်များကို ပြန်အအေးခံထားပေးပါ။
အအေးခံပြီမှခွက်တစ်ခုထဲမုန့်လက်ဆောင်းတဝက်ခန့်ထည့်ကာအုန်းနို့ရည်ထည့်ပေးပါ။

ပြီမှမုန့်လက်ဆောင်းပိုစိမ့်သွားအောင်နို့စိမ်းစားပွဲတင်ဇွန်းခန့်ထည့်လိုက်ပေးပါတယ်။
ရေခဲတုံးအနည်းငယ်ထည့်ပြီအုန်းနို့မုန့်လက်ဆောင်းလေးကိုသုံးဆောင်နိုင်ပါပြီ။

မုန့်လက်ဆောင်းဖတ်လုပ်နည်း
ပါဝင်ပစ္စည်းများ
၁။ဆန်မှူန့် ၅၀သား..(800gm)
၂။ထုံးရေကြည် (ထမင်စားဇွန်း ၂ဇွန်း

၃။ဆွမ်းမွှေးရွက် ၄ရွက်

၄။ရသန့် ၁လီတာခွဲ (ရေသန့်ဗူး ၁ဗူးခွဲ)

၅။ဆားလက်ဖက်စားဇွန်း ၁ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးစွာဆွမ်းမွှေးရွက်ကိုဆေးကြောပြီးလက်တဆစ်ခန့်ဖြတ်ထားပါ။

ကြိတ်စက်ထဲသို့ ရေအနည်းငယ်နှင့်ဆွမ်းမွှေးရွက်များထည့်၍ညှက်အောင်ကြိတ်ပြီးရရှိလာတဲ့အစိမ်းရောင်အရည်များကိုဇကာအစစ်ဖြင့်စစ်ယူထားပါ။
ရရှိလာသောမုန့်ရည်များကိုအိုးထဲထည့်၍မီးဖိုပေါ်တင်၍သစ်သားယောင်းမဖြင့်အဆက်မပြတ်မီးအနေတော်ဖြင့်မွှေပေးပါ။

မွှေချိန်၅မီနစ်အကြာမှာမုန်ရည်များပစ်ခဲလာလိမ့်မည်။ထိုအချိန်တွင်အခဲများကိုခပ်မြန်မြန်ကြေအောင်ဂရုတစိုက်မွှေပေးပြီး
မီးအရှိန်လျှော့ပြီးနာရီဝက်ခန့်မုန့်သားများကြည်လာအောင်မွှေပေးပါ။မွှေနေတဲ့ယောင်းမကို

အပေါ်သို့ဆွဲတင်ပြီးမုန့်သားများကြွက်မြှီးတန်းလာပြီးဆိုမီးပိတ်ပြီး၅မီနစ်လောက်အအေးခံပြီးမုန့်ညှစ်ခွက်ထဲ့သို့
ထည့်ပြီးရေအေးထည့်ထားသောဇလုံထဲသို့ ညှစ်ထည့်ပါ။မုန့်ဖတ်များကိုဆယ်ယူ၍ရေအေးဇလုံကို၃လုံးလောက်ထားပြီး

မုန့်ဖတ်ကိုအပူငွေ့ကုန်သည်ထိရေဇလုံတွေထဲ ပြောင်းစိမ်ထားပေးရပါတယ်။
မုန့်ဖတ်ကို အချိန်ကြာကြာလေးကျိုပေးရင် တင်းတင်းလေးနဲ့ပိုစားကောင်းပါတယ်ရှင်။

ဖိုလ်တိုခရက်ဒစ်
မုန္႕လက္ေဆာင္းေအးေအးေလးနဲ႕ မုန္႕လက္ေဆာင္းဖတ္လုပ္နည္း
ေႏြရာသီပူပူမွာေအးေအးေလးေသာက္ရေအာင္ မုန္႕လက္ေဆာင္းေလးလုပ္ေသာက္ၾကမယ္ေနာ္
မုန္႔လက္ေဆာင္ကိုထန္းလ်က္ရည္နဲ႔လုပ္သလိုအုန္းနို့ရည္နဲ႔လည္းတြဲစားၾကပါတယ္။၂မ်ိဳးလုံးႀကိဳက္တာမို့လုပ္နည္း၂ခုလုံးမၽွေဝေပးထားပါတယ္ရွင့္။

ပထမဆုံးထန္းလ်က္မုန္႔လက္ေဆာင္းေလးလုပ္နည္းေလးေျပာေပးပါမယ္ရွင့္။
ပါ၀င္ေသာပစၥည္းမ်ား
၁။မုန္႕လက္ေဆာင္းဖတ္

၂။ထန္းညက္ ၄၀၀ဂရမ္
၃။ဆား –လက္ဖက္ရည္ဇြန္း တ၀က္
ျပဳလုပ္နည္း- လုပ္ၿပီးသားမုန္႕လက္ေဆာင္းဖတ္ကို ေရေအးတြင္စိမ္ထားပါမယ္။(သို႔)ဇလုံထဲထည့္ထားၿပီးေရခဲတုန္းေလးမ်ားအေပၚကတင္ထားေပးပါ။

ထန္းလ်က္မ်ားကိုဒယ္ထဲေရအနည္းငယ္ထည့္ၿပီးမီးျပင္းျပင္းျဖင့္က်ိဳထားေပးၿပီးမပ်စ္မက်ဲ

အေနထားေရာက္လၽွင္ဆားအနည္းငယ္ထည့္ၿပီထန္းညက္ရည္ခြက္တစ္ခုထဲသို႔ဇကာျဖင့္စစ္ၿပီးျပန္ထည့္ထားကာအေအးခံထားေပးပါ။
ၿပီမွခြက္ထဲမုန္႔လက္ေဆာင္ဖက္တ၀က္ထည့္ၿပီထန္းလ်က္ရည္မ်ားကိုထည့္ကာ ေရခဲတုံးေလးမ်ားထည့္ေပးပီး အရသာရွိရွိေသာက္သုံးနိုင္ပါျပီ။

အုန္းႏို႔မုန္႕လက္ေဆာင္းႀကိဳက္သူမ်ားအတြက္ အုန္းနို့မုန္႔လက္ေဆာင္း
ပါ၀င္ပစၥည္းမ်ား
၁။အုန္းသီး –၁လုံး(အရည္ညႇစ္ထားၿပီသား)
၂။သၾကား –၂၀က်ပ္သား

၃။ဆား–လက္ဖက္ရည္ဇြန္း တ၀က္
ျပဳလုပ္နည္း- အရင္ဆုံးအုန္းနို့ မုန္႔လက္ေဆာင္းအတြက္ဒယ္ထဲသို့အုန္းနို့ရည္မ်ားထည့္ကာသၾကား(၂၀က်ပ္သား)ထည့္ၿပီသၾကားမ်ားအရည္ေပ်ာ္ေအာင္အပူအနည္းငယ္ေပးလိုက္ပါ။

ၿပီလၽွင္ ဆားအနည္းငယ္ထည့္ၿပီ အုန္းနို့ရည္မ်ားကို ျပန္အေအးခံထားေပးပါ။
အေအးခံၿပီမွခြက္တစ္ခုထဲမုန္႔လက္ေဆာင္းတ၀က္ခန္႔ထည့္ကာအုန္းနို့ရည္ထည့္ေပးပါ။

ၿပီမွမုန္႔လက္ေဆာင္းပိုစိမ့္သြားေအာင္နို့စိမ္းစားပြဲတင္ဇြန္းခန္႔ထည့္လိုက္ေပးပါတယ္။
ေရခဲတုံးအနည္းငယ္ထည့္ၿပီအုန္းနို့မုန္႔လက္ေဆာင္းေလးကိုသုံးေဆာင္နိုင္ပါၿပီ။
မုန္႕လက္ေဆာင္းဖတ္လုပ္နည္း
ပါဝင္ပစၥည္းမ်ား
၁။ဆန္မွူန္႔ ၅၀သား..(800gm)
၂။ထုံးေရၾကည္ (ထမင္စားဇြန္း ၂ဇြန္း)
၃။ဆြမ္းေမႊးရြက္ ၄ရြက္
၄။ရသန္႔ ၁လီတာခြဲ (ေရသန္႔ဗူး ၁ဗူးခြဲ)
၅။ဆားလက္ဖက္စားဇြန္း ၁ဇြန္း

၆။ဒန္အိုး ခပ္ထူထူအသုံးျပဳလို့ရပါတယ္။
ျပဳလုပ္ပုံအဆင့္ဆင့္
ပထမဦးစြာဆြမ္းေမႊးရြက္ကိုေဆးေၾကာၿပီးလက္တဆစ္ခန္႔ျဖတ္ထားပါ။
ႀကိတ္စက္ထဲသို့ ေရအနည္းငယ္ႏွင့္ဆြမ္းေမႊးရြက္မ်ားထည့္၍ညႇက္ေအာင္ႀကိတ္ၿပီးရရွိလာတဲ့အစိမ္းေရာင္အရည္မ်ားကိုဇကာအစစ္ျဖင့္စစ္ယူထားပါ။
အိုးတခုထဲဆန္မွူန္႔ေရသန္႔၊ဆား၊ဆြမ္းေမႊးႀကိတ္ရည္ႏွင့္ထုံးရည္ၾကည္တို့ကိုသမေအာင္ေရာစပ္ၿပီးပိတ္စပါးပါးသို့မဟုတ္ဇကာစစ္ျဖစ္စစ္ယူပါ။

ရရွိလာေသာမုန္႔ရည္မ်ားကိုအိုးထဲထည့္၍မီးဖိုေပၚတင္၍သစ္သားေယာင္းမျဖင့္အဆက္မျပတ္မီးအေနေတာ္ျဖင့္ေမႊေပးပါ။
ေမႊခ်ိန္၅မီနစ္အၾကာမွာမုန္ရည္မ်ားပစ္ခဲလာလိမ့္မည္။ထိုအခ်ိန္တြင္အခဲမ်ားကိုခပ္ျမန္ျမန္ေၾကေအာင္ဂ႐ုတစိုက္ေမႊေပးၿပီး
မီးအရွိန္ေလၽွာ့ၿပီးနာရီဝက္ခန္႔မုန္႔သားမ်ားၾကည္လာေအာင္ေမႊေပးပါ။ေမႊေနတဲ့ေယာင္းမကို

အေပၚသို့ဆြဲတင္ၿပီးမုန္႔သားမ်ားျကြက္ျမႇီးတန္းလာၿပီးဆိုမီးပိတ္ၿပီး၅မီနစ္ေလာက္အေအးခံၿပီးမုန္႔ညႇစ္ခြက္ထဲ့သို့
ထည့္ၿပီးေရေအးထည့္ထားေသာဇလုံထဲသို့ ညႇစ္ထည့္ပါ။မုန္႔ဖတ္မ်ားကိုဆယ္ယူ၍ေရေအးဇလုံကို၃လုံးေလာက္ထားၿပီး
မုန္႔ဖတ္ကိုအပူေငြ႕ကုန္သည္ထိေရဇလုံေတြထဲ ေျပာင္းစိမ္ထားေပးရပါတယ္။

မုန္႔ဖတ္ကို အခ်ိန္ၾကာၾကာေလးက်ိဳေပးရင္ တင္းတင္းေလးနဲ႔ပိုစားေကာင္းပါတယ္ရွင္။
ဖိုလ္တိုခရက္ဒစ္