ယူနည်ဟော့ပေ့ါအလွယ်ချက်နည်း
ဆောင်းတွင်းအေးအေးလေးမှာ နွေးထွေးသွားအောင် ယူနန်ဟော့ပေ့ါလေးချက်စားကြမယ်။
ယူနန်hotpotကိုအထူးသဖြင့် ရှမ်းလူမျိုးနဲ့ တရုတ်လူမျိုးတို့တွေနှစ်သစ်ကူးချိန်ခါမှာမိသားစုစုံစုံလင်လင်နဲ့ ချက်စားလေ့ရှိတယ်။

အခုနည်းလေးကယူနန်ဟော့ပေါ့အလွယ်ချက်နည်းလေးပါ။
ပါဝင်ပစ္စည်းတွေကတော့ ဝက်ပြုတ်ရည်၊ကြက်ပြုတ်ရည်၊နံရိုး၊ဝက်သားကြက်ဥလိပ်၊

ဝက်စအု၊bacon၊ဝက်ခေါက်အစို၊ငုံးဥ၊မှို၊ပိန်းဥ၊ကန်စွန်းဥ၊မုန်လာဥနီ၊မုန်လာဥဖြူ၊မုန်ညှင်းစိမ်း၊

မုန်ညှင်းဖြူ၊စမုံစပါး၊ပဲရွက်၊ဆား၊အရသာမှုန့်၊ရှောင်းကော် တို့လိုအပ်ပါတယ်။

အိုးတစ်ခုတည်းမှာဝက်ပြုတ်ရည်၊ကြက်ပြုတ်ရည်၊နံရိုးထည့်ပြီးကျိုထားပါ။
ဆား၊အရသာမှုန့်ထည့်ပါ။ပိန်းဥ၊ကန်စွန်းဥ၊မုန်လာဥဖြူ၊နီထည့်ပါ။မုန်ညှင်းစိမ်း၊ဖြူထည့်ပါ။

မီးအေးအေးနဲ့ကျိုထားပါ။အသားတွေ၊မုန်လာဥတွေနူးခါနီးမှဝက်စအု၊ငုံးဥပြုတ်၊ဝက်ခေါက်အစို၊မှိုတို့ထည့်ပါ။

ရှောင်းကော်မှုန့်ထည့်ပါ။ဝက်သားကြက်ဥလိပ်၊baconတို့ကိုအိုးရဲ့အပေါ်မှာတင်ထားပါ။

စမုံစပါးနဲ့ပဲရွက်ကနောက်ဆုံးမှထည့်ပါ။ဒါဆိုအရသာရှိပြီးဆောင်ရာသီနဲ့လိုက်ဖက်တဲ့ယူနန်hotpot ရပါပြီ။
ယူနည္ေဟာ့ေပ့ါအလြယ္ခ်က္နည္း

ေဆာင္းတြင္းေအးေအးေလးမွာ ေႏြးေထြးသြားေအာင္ ယူနန္ေဟာ့ေပ့ါေလးခ်က္စားၾကမယ္။
ယူနန္hotpotကိုအထူးသျဖင့္ ရွမ္းလူမ်ိဳးနဲ႔ တရုတ္လူမ်ိဳးတို႔ေတြနွစ္သစ္ကူးခ်ိန္ခါမွာမိသားစုစုံစုံလင္လင္နဲ႔ ခ်က္စားေလ့ရွိတယ္။

အခုနည္းေလးကယူနန္ေဟာ့ေပါ့အလြယ္ခ်က္နည္းေလးပါ။
ပါဝင္ပစၥည္းေတြကေတာ့ ဝက္ျပဳတ္ရည္၊ၾကက္ျပဳတ္ရည္၊နံရိုး၊ဝက္သားၾကက္ဥလိပ္၊

ဝက္စအု၊bacon၊ဝက္ေခါက္အစို၊ငုံးဥ၊မႈိ၊ပိန္းဥ၊ကန္စြန္းဥ၊မုန္လာဥနီ၊မုန္လာဥျဖဴ၊မုန္ညႇင္းစိမ္း၊
မုန္ညႇင္းျဖဴ၊စမုံစပါး၊ပဲ႐ြက္၊ဆား၊အရသာမႈန္႔၊ေရွာင္းေကာ္ တို႔လိုအပ္ပါတယ္။

အိုးတစ္ခုတည္းမွာဝက္ျပဳတ္ရည္၊ၾကက္ျပဳတ္ရည္၊နံရိုးထည့္ၿပီးက်ိဳထားပါ။
ဆား၊အရသာမႈန္႔ထည့္ပါ။ပိန္းဥ၊ကန္စြန္းဥ၊မုန္လာဥျဖဴ၊နီထည့္ပါ။မုန္ညႇင္းစိမ္း၊ျဖဴထည့္ပါ။

မီးေအးေအးနဲ႔က်ိဳထားပါ။အသားေတြ၊မုန္လာဥေတြႏူးခါနီးမွဝက္စအု၊ငုံးဥျပဳတ္၊ဝက္ေခါက္အစို၊မႈိတို႔ထည့္ပါ။
ေရွာင္းေကာ္မႈန္႔ထည့္ပါ။ဝက္သားၾကက္ဥလိပ္၊baconတို႔ကိုအိုးရဲ႕အေပၚမွာတင္ထားပါ။

စမုံစပါးနဲ႔ပဲ႐ြက္ကေနာက္ဆုံးမွထည့္ပါ။ဒါဆိုအရသာရွိၿပီးေဆာင္ရာသီနဲ႔လိုက္ဖက္တဲ့ယူနန္hotpot ရပါၿပီ။
ဖိုလ္တို ခရက္ဒစ္