ဖာလူဒါကြိုက်သူများအတွက်ဖာလူဒါတစ်ခွက်စာပြုလုပ်နည်းလေးဝေမျှပေးလိုက်ပါတယ်ရှင့်
ဖာလူဒါအတွက် ကြိုတင်ပြုလုပ်ထားရမည့် ပစ္စည်းများမှာ ပူတင်းပေါင်းထားရမည်။သာကူစေ့ပြုတ်ထားရပါ။မျှော့ချောင်း ပြုတ်ထားရမည်။
ဖာလူဒါတစ်ခွက်စာအတွက်ပါဝင်ပစ္စည်းများ
၁။ ရေခဲမုန့် -၁လုံး
၂။ ပူတင်း -၁ဇွန်း(ထမင်းစားဇွန်း)
၃။ နို့ဆီ -၁ဇွန်း(ထမင်းစားဇွန်း)
၄။ သကြားရည်- ၃ဇွန်း(ထမင်းစားဇွန်း)
၅။ နွားနို့- ၃ဇွန်း(ထမင်းစားဇွန်း)
၆။ သာကူစေ့ပြုတ်-၂ဇွန်း(ထမင်းစားဇွန်း)
၇။ မျှော့ချောင်းပြုတ်-၂ဇွန်း(ထမင်းစားဇွန်း)
၈။ ကျောက်ဖရုံယိုအတုံးလေးများ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်ဝက်)
၉။ သင်္ဘောယို-၁/၂ဇွန်း(ထမင်းစားဇွန်းတစ်ဝက်)
၁၀။ စပျစ်ခြောက်- ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်ဝက်)
၁၁။ ဇီးဖျော်ရည်အဆီ -၁/၂ဇွန်း(ထမင်းစားဇွန်းတစ်ဝက်)
၁၂။ ရေသန့်ရေခဲ-၃တုံး
၁၃။ ကျောက်ကျော -အနည်းငယ်
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများကို ဖန်ခွက်အတွင်းသို့ အဆင်ပြေသလိုထည့်ပါ။ ပုံမှာပါတဲ့အတိုင်းလေးထည့်ပြီး သုံးဆောင်နိုင်ပါပြီရှင့်။
၁၂။ ရေသန့်ရေခဲ-၃တုံး
၁၃။ ကျောက်ကျော -အနည်းငယ်
ပြုလုပ်ပုံ
ဖိုလ်တိုခရက်ဒစ်